အောင်ပန်းတွင် ချဲထီရောင်းချသူ ကွမ်းယာဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးယူထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, February 4, 2019

အောင်ပန်းတွင် ချဲထီရောင်းချသူ ကွမ်းယာဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးယူထား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းက ချဲ့ထီရောင်းချနေသည့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
.
“သတင်းအရ ဖမ်းဆီးအရေးယူထားပါတယ်။ စီမံချက်အရလည်း ဆက်လက် အရေးယူသွားဖို့ရှိပါမယ်”ဟု အောင်ပန်းနယ်မြေရဲစခန်းမှူး ရဲအုပ်စိုးဝင်းက ပြောသည်။
.
အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာအောက်ဈေး၊ စိန်ရွှေမိုးလက်ဘက်ရည်ဆိုင်အနီးတွင် ချဲထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ လက်ဘက်ရည်ဆိုင်အတွင်း ချဲထီရောင်းချသူ ဒေါ်စန်းမြင့် (၆၇ နှစ်) အား ဖြတ်ပိုင်းစာအုပ် ၆ အုပ် အပါအဝင် သင့်ငွေဖြတ်ပိုင်းပါ စာရွက် ၂ ရွက်၊ စာရင်းစာရွက်များနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“စားဝတ်နေရေး ဆိုပေမဲ့ လူအများ အကျင့်ပျက်ပြားစေတဲ့ လောင်းကစားမှုကတော့ မလုပ်သင့်ပါဘူးလို့ ထင်ပါတယ်” ဟု အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်နေ ဦးခွန်အောင် ဆိုသူက ပြောသည်။
.
သို့ဖြစ်၍ ချဲထီဖြတ်ပိုင်း စာရွက်စာတမ်းများနဲ့အတူ ဖမ်းဆီးရမိသူ အောင်ပန်းမြို့၊ စိန်ရွှေမိုးလက်ဘက်ရည်ဆိုင် အနီးရှိ ဝင်းရတနာထွန်း ကွမ်းယာဆိုင်မှ ဒေါ်စန်းမြင့်အား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment