ရှမ်းတောင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံး ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 7, 2019

ရှမ်းတောင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံး ဖွင့်လှစ်

စိုင်းရာဇာ
.

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး အဆောက်အဦအား ယနေ့ ဖေဖော်ရီလ ၇ ရက်၊ ညနေပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.


ရုံး အဆောက်အဦအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ကမ္ဘောအုပ်စု နာယက ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်ခလုတ်နှိပ်  ဖွင့်လှစ်ပေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းမှ ရုံးတည်ဆောက်မှု အခြေအနေအား ရှင်လင်းတင်ပြခဲ့သည်။
.
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဦးအောင်ကိုဝင်းအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီး အသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းမှ အတိုင်ပင်ခံပုဂ္ဂိုလ်အား အမှတ်တရ ပန်းစည်း ပြန်လည် ပေးအပ်ခဲ့ပြီးနောက် မှတ်တမ်းတင် ဓါတ်ပုံများ စုပေါင်း ရိုက်ကူးခဲ့ကြောင်း သိရသည်။
.

အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးအား ဂုဏ်ထူးဆောင် နာယက ဖြစ်သူ ဦးအောင်ကိုဝင်း၏ အဓိက ပံ့ပိုး ကူညီလှူဒါန်းမှုနှင့် အခြား အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများ၊ အသင်း ရန်ပုံငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းအသင်းတွင် အသင်းဝင် ၄၅၀ ဦးနှင့် လုပ်ငန်းရှင် အစုအဖွဲ့ပေါင်း ၁၂ ခု ရှိကြောင်း သိရသည်။
.
 

No comments:

Post a Comment