ကျိုင်းတုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းချသူများကို စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 8, 2019

ကျိုင်းတုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းချသူများကို စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၁ စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများအား မိမိတို့ရပ်ရွာအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းချသူများ စာရင်းအား လျှို့ဝှက်ပြုစု၍ သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း ကျိုင်း တုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။ 
.
.
''မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းချသူစာရင်းပြုစုပြီး လျှို့ဝှက် အဖြစ် သက်ဆိုင်ရာတာဝန်ရှိသူ တွေနဲ့ အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးအဆင့်ထားပြီး ရပ်ရွာဒေ သအတွင်းမှာ မူးယစ်ဆေးဝါးကင်း စင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ကျိုင်းတုံမြို့နယ် စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးတင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ပြည် နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး မင်းအောင်က ''မူးယစ်ဆေးဝါးကိစ္စအတွက် သာမကဘဲ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာ ယာရေးကိစ္စတွေမှာ ရပ်/ကျေး တာဝန် ရှိသူတွေအနေနဲ့ ပါဝင်ကူညီပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရဲ တပ်ဖွဲ့တစ်ခုတည်းနဲ့ လုပ်ဖို့ဆိုရင် နယ်မြေဒေသ အခြေအနေအရ ခက်ခဲပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ပြော သည်။
.
ကျိုင်းတုံမြို့နယ်တွင် မူးယစ် ဆေးဝါးသုံးစွဲ/ရောင်းချနေမှုများနှင့် ပတ်သက်၍ကျိုင်းတုံဒေသခံတစ်ဦး ကလည်း ''ကျိုင်းတုံအကျဉ်းထောင်ထဲမှ မူးယစ်ဆေးမှုနဲ့ ထောင်ကျအကျဉ်းသားဦးရေက တခြားပြစ်မှုအ ကျဉ်းသားထက် အဆမတန်များ ပြားနေပါတယ်။ လေ့လာချင်ရင်တော့ ရုံးဖွင့်ရက်မှာ ထောင်ဝင်စာတွေ့ဖို့ မှတ်ပုံတင် စာရင်းပေးတဲ့ နေရာကနေ ထိုင်ကြည့်ရုံနဲ့သိပါတယ်''ဟု ပြော သည်။
.
ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေး မှူးရုံး အစည်းအဝေးခန်းမတွင် ဇန် နဝါရီလ ၃၁ ရက်က ပြုလုပ်သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် လဝက် တစ်ကြိမ် ပုံမှန် တွေ့ဆုံပွဲတွင် ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ရပ်ရွာများအတွင်း မူး ယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းချ သူများစာရင်းအား လျှို့ဝှက်ပေးပို့ရန် ညွှန်ကြားထားရာ နေရာတစ်ခုကိုသာ လက်ခံရရှိထားသည်ဟု သိရသည်။
.

No comments:

Post a Comment