ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရန်အတွက် လက်နက်ကိုင်အဖွဲ့များက အဓိက အတားအဆီး ဖြစ်နေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 8, 2019

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရန်အတွက် လက်နက်ကိုင်အဖွဲ့များက အဓိက အတားအဆီး ဖြစ်နေဟု ဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများ တည် ရှိနေခြင်းနှင့် နယ်မြေမအေးချမ်းခြင်းက အဓိက အတားအဆီးဖြစ်နေသည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီးစန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့ သည်။
.
.
''ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါး ပပျောက်ဖို့အတွက် အဓိကအခက်အ ခဲဖြစ်နေတာကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေရယ်၊ နယ်မြေမစိုးမိုးနိုင်တာရယ်ကြောင့်ပါ။ နယ်မြေရဲ တပ်ဖွဲ့တွေက သွားချင်တိုင်း သွားလို့မရဘူး။ စုံစမ်းချင်တိုင်းစုံစမ်းလို့မရဘူး။ သတင်းစကားတွေရှိပေမယ့် ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ မရဘူး။ ကိုယ်ရတဲ့အပိုင်းကနေ ပိတ်ဆို့ရှာဖွေဖမ်းဆီးတာတွေ၊ ရှောင်တခင် စစ်ဆေးတာတွေ လုပ်နေရပါတယ်။ အများအပြား ဖမ်းဆီးရမိတာတွေတော့ ရှိပါတယ်။ သာမန်သတင်း ပေးတိုင်ကြားလို့ ဖမ်းဆီးရမိတာတွေ ရှိသလို စုံစမ်းထောက်လှမ်း ပြီးတော့ ဖမ်းဆီးရမိတာတွေလည်း ရှိပါတယ်''ဟု ဒုတိယရဲမှူးကြီး စန်းဝင်းက ပြော သည်။
.
မူးယစ်ဆေးဝါးများနှင့်ပတ်သက် ၍ ရဲတပ်ဖွဲ့များနှင့် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးထားသည့် မူးယစ်အထူး သတင်းပေး တိုင်ကြားရေးအဖွဲ့များသို့ သတင်းပေးတိုင်ကြားနိုင်သော်လည်း မူးယစ်ဆေးဝါးများ၏ နောက် ကွယ်တွင် လက်နက်ကိုင်အဖွဲ့အစည်း များရှိနေခြင်းကြောင့် မိမိ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို စိုးရိမ်နေရ သည့်အတွက် တိုင်ကြားခြင်း မပြုကြ ကြောင်း သိရသည်။
.
''မူးယစ်ဆေးဝါးပပျောက်ဖို့အတွက် အဓိကအတားအဆီးဖြစ်နေတာကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့နေရာ ဖြစ်နေတယ်။ နောက်ပြီးတော့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေတာက လက်နက်ကိုင် အဖွဲ့အစည်းကလူတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပတ်သက်နေတဲ့ လူတွေ ပါဝင်ပတ်သက်နေတာရှိပါ တယ်။ မူးယစ်အထူးတပ်ဖွဲ့တို့၊ ရဲ တပ်ဖွဲ့တို့က မူးယစ်ဆေးဝါး ဘယ်က ဝင်လာလဲဆိုတာ မသိစရာအကြောင်း မရှိပါဘူး။ ဘာလို့မဖမ်းတာလဲဆို တော့ နောက်ကွယ်က လက်နက်ကိုင် အဖွဲ့အစည်းရယ်၊ သူတို့နဲ့ပတ်သက် နေတဲ့လူတွေ ဖြစ်နေတာကြောင့်ပါ။ ထွက်နေတဲ့ နေရာကို မတားဆီးနိုင် ဘဲနဲ့တော့ မူးယစ်ဆေးဝါး ပပျောက် ရေးအတွက် ဘယ်လိုလုပ်လုပ် မဖြစ်နိုင် ပါဘူး''ဟု ရှမ်းပြည်နိုင်ငံရေးအဖွဲ့ မှဦးတင်မောင်တိုးက ၄င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်း၌ အချို့ သောနေရာဒေသများတွင် တက္ကသိုလ်ကျောင်းသားများနှင့် လူငယ်များသည် မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို ခံစား နေရပြီး အခြေခံပညာကျောင်းသား များကိုပါ ကူစက်ပျံ့နှံ့လာနေကြောင်း ဦးတင်မောင်တိုးမှ ဆက်လက်ပြော ကြားခဲ့သည်။
.
ရှမ်းပြည်နယ်တွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ စုစုပေါင်း ၁၂၈၅၅ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment