တိုက်ပျိုမယ်နဲ့ ညားတဲ့ မြို့လယ်က အို .. ကျောက်တိုင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, February 24, 2019

တိုက်ပျိုမယ်နဲ့ ညားတဲ့ မြို့လယ်က အို .. ကျောက်တိုင်

အောင်ဆန်းဝင်း
.
ဖေ့စ်ဘွတ်ခ်ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာ အသုံးပြုသူတိုင်း မက်စင်ဂျာကို တွဲဖက်အသုံး ပြုကြပါတယ်။ တစ်ဦးနဲ့ တစ်ယောက်စာတို ပို့စရာရှိရင် မက်စင်ဂျာကို အသုံးပြုတယ်။ သတင်းလေးတွေ ပို့ကြတယ်။ ဓာတ်ပုံလေးတွေ ပို့ကြ တယ်။ ဗွီဒီယိုဖိုင်လေးတွေ မျှဝေကြတယ်။ မက်စင်ဂျာ အသုံးပြုပြီး လူအကောင်လိုက် မြင်ရတဲ့ တယ်လီဖုန်းခေါ်လို့ ရတယ်။ တချို့လည်း ပို့ချင်တာပို့ ပြောချင်တာ ပြောကြပါတယ်။ မြင့်မားတဲ့ နည်းပညာ အသုံးပြုတဲ့ခေတ်၊ အင်တာနက်ယဉ် ကျေးမှု ထွန်းကားတဲ့ခေတ်၊ လူမှုကွန်ရက် စာမျက်နှာ ထိပ်တန်းရောက်နေတဲ့ ခေတ်ဆိုတော့ မှန်ပြား လက်ကိုင် တယ်လီဖုန်း တစ်လုံး ရှိရင်အား လုံးပြည့်စုံသလို ဖြစ်နေတယ်။ ဟိုအရင်က တယ်လီဖုန်း ဆက်ချင်ရင် ရွှေထက်ရှားတဲ့ ကြိုးဖုန်း ပိုင်ရှင်ဆီ ပြေး၊ ဓာတ်ပုံလိုချင်ရင် တစ်ကူးတက ရိုက်ပြီး စာတိုက်က တစ်ဆင့်ပို့။ အခုများ ကောင်းစားချင်တော့ နေ့ချင်းညချင်း ဆိုရမှာပေါ့။
.

ကမ္ဘာအရပ်ရပ်နဲ့ ယှဉ်လိုက်ရင် ရွှေမြန်မာတို့ ပြည်မှာ လက်ကိုင်တယ်လီဖုန်းနဲ့ အင်တာနက် ယဉ်ကျေးမှု ထွန်းကားတာ သိပ်တော့ မကြာလှသေးပါဘူး။ ဆယ်စုနှစ် တစ်ခုတောင် မပြည့်လောက်ဘူး ထင်ပါတယ်။ နိုင်ငံတကာမှာ အဆာပြေ ငါးမုန့်ကြော် အထုပ်ကြီး နှစ်ထုပ်လောက် ၀ယ်တာနဲ့ တယ်လီဖုန်း ဆင်းကတ် တစ်ခုလက် ဆောင်ပေးတဲ့အချိန် မြန်မာပြည်မှာ တစ်ကတ်ကို သိန်းသုံးလေးဆယ်။ (ကမ္ဘာ့သမိုင်းဝင် ဈေးနှုန်း ဖြစ်တဲ့အတွက် ဂင်းနစ်မှတ်တမ်း စာအုပ်ထဲဝင် အောင် ကြိုးပမ်းသင့်ပါတယ်)။ ကမ္ဘာတစ်ခွင် အင်တာနက် ပြဲပြဲစင်အောင် သုံးတဲ့အချိန် မြန်မာပြည်က လူတွေ ကြားဖူးနားဝတောင် မရှိ။ အခုလို အော်ရီဂျင်နယ် ဈေးနှုန်းတောင် ကြံရည် ကြိတ်သလို တစ်ရစ်ချင်း ကြိတ်ပြီး စားပိုးနင်တော့မှ ရောက်လာခဲ့တာပါ။ (ဆက်ဝါးလို့ရင် ကြိတ်ဖတ်တွေတောင် အသေခံ ၀ါးမလား မပြောတတ်ပါဘူး)။
.
ဗုံးပေါလအော မဖြစ်ခင် တစ်ရစ်ချင်း ကြိတ်တဲ့ အကြိတ်ကို ကြည့်လိုက်ဦး။ ပထမဆုံးအရစ် အနေနဲ့ ကမ်းရိုးတန်း ဖုန်းလို့ ခေါ်တဲ့ စီဒီအမ်အေ ၄၅၀ ကို ငါးသိန်းနဲ့ ရောင်းတယ်။ စကားပြောတာက လွဲပြီး ဘာတစ်ခုမှ သုံးမရတဲ့ သိန်းသုံးလေးဆယ်တန်ကနေ ငါးသိန်းဆိုတော့ ငွေယားလေးရှိတဲ့ လူတွေ ၀ယ်ကိုင်ကြပါတယ်။ ငါးသိန်းတန် စီဒီအမ်အေလည်း စကားပြောရုံက လွဲပြီး ဘာတစ်ခုမှ သုံးမရပါဘူး။ နံပါတ် အပြောင်းအလဲ မလုပ်ရင် အခုချိန်ထိတောင် အင်တာနက် သုံးမရတဲ့ ဖုန်း။ အဲဒီအချိန်က နိုင်ငံတကာမှာ မသုံးတော့တဲ့ ဖုန်းအမျိုးအစား၊ မြန်မာပြည်သူတွေကို ဂျင်းထည့်ပြီး ပေါင်းစား ရိုက်စား လုပ်တာကလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ရွှေပြည်ရဲ့ အနေအထားက အားလုံးသိတဲ့အတိုင်း။ ဆင်းရဲမှု အပေါင်း သရဖူဆောင်းတယ်သာ ပြောကြတယ။ ၀ယ်သုံးရသမျှ ပစ္စည်းတိုင်း ဈေးနှုန်းက ခေါင်ခိုက်နေတာ တွေချည်း။
.
စကားပြောတာက လွဲပြီး ဘာတစ်ခုမှ သုံးမရတဲ့ သိန်းသုံးလေးဆယ်တန်ကနေ ငါးသိန်းဆိုတော့ ငွေယားလေးရှိတဲ့ လူတွေ ၀ယ်ကိုင်ကြပါတယ်။ ငါးသိန်းတန် စီဒီအမ်အေလည်း စကားပြောရုံက လွဲပြီး ဘာတစ်ခုမှ သုံးမရပါဘူး။ နံပါတ် အပြောင်းအလဲ မလုပ်ရင် အခုချိန်ထိတောင် အင်တာနက် သုံးမရတဲ့ ဖုန်း။ အဲဒီအချိန်က နိုင်ငံတကာမှာ မသုံးတော့တဲ့ ဖုန်းအမျိုးအစား၊ မြန်မာပြည်သူတွေကို ဂျင်းထည့်ပြီး ပေါင်းစား ရိုက်စား လုပ်တာကလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
 
ငါးသိန်းတန် စီဒီအမ်အေနဲ့ စကြိတ်ပြီးတော့ သိပ်မကြာပါဘူး။ သူ့ထက်တစ်ဆင့် မြင့်တဲ့ ဂျီအက်စ်အမ်ဖုန်း ထုတ်ရောင်းပါတယ်။ ဈေးနှုန်းကတော့ အပြောင်းအလဲ မရှိ ငါးသိန်းကျပ်တိတိ။ ထုံးစံအတိုင်း စကားပြောလို့ ရရုံပါပဲ။ အတော်ကြာမှ မြန်မာငွေ တစ်သောင်းကျပ်တိတိနဲ့ အင်တာနက် ဆိုတာကြီးကို ဖွင့်ပေးကြပါတယ်။ (ဆင့်ပွားလေး ထပ်ကြိတ်တယ် ပြောရမှာပေါ့)။ လိုင်း မြန်နှုန်းကတော့ လိပ်နဲ့ခရုစပ်ကျတဲ့ အကောင်လို တစ်လက်မ ခရီး တစ်နာရီလောက် ကြာတဲ့အထိပါ။ မရှိတာနဲ့စာရင် တော်ပါသေးရဲ့ဆိုပြီး သောက်မြင်ကပ်ကပ်နဲ့ ကြံဖန် ကျေးဇူးတင်ရတာပေါ့။ နောက်တော့ နှစ်သိန်းခွဲကို လပေးအရစ် ကျနဲ့ ရောင်း၊ ရပ်ကွက်ရုံးပေါ် ခွက်ပုန်းခုတ်တဲ့ ဈေးနှုန်းနဲ့ နေပူကျဲတဲမှာ ကံစမ်းမဲဖောက်လို ဖောက်။ အခုတော့ မထသလို လိုင်းပေါင်းစုံနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေ အလုပ်ကို ဖြစ်လို့။
.
မက်စင်ဂျာအကြောင်းရေးရင်း ပုတ်သင်ဥတွေဘက် ရောက်သလိုဖြစ်သွားမလား မပြောတတ်ပါဘူး။ အဲဒီတော့ ကြိတ်ခဲ့တာ ကန့်လန့်ကာ ချပြီး မက်စင်ဂျာဘက် ပြန်ဆက်ပါမယ်။ တစ်နေ့က အင်တာနက် လိုင်းလေးဖွင့်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ် ထွေရာလေးပါး လျှောက်ကြည့်တုန်း မက်စင်ဂျာကနေ ဓာတ်ပုံလေးတစ်ပုံ ရောက်လာပါတယ်။ ပို့လာတဲ့လူက လောလောလတ်လတ် ရက်ပိုင်းအတွင်းကမှ လူမှုကွန်ရက်ပေါ် မိတ်ဆွေဖြစ်ထားတဲ့ လူတစ်ယောက်။ သူ ပို့လာတဲ့ပုံက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်း အရှေ့ဘက် ကျောက်တိုင်ကွင်းထဲမှာ ရှိတဲ့ လွတ်လပ်ရေး အထိမ်းအမှတ် စိုက်ထူထားတဲ့ ကျောက်တိုင်ပုံ။ ပုံနဲ့အတူ စာတိုလေး တစ်ကြောင်းပါ ရေးပို့ထားပါတယ်။ ပြည်ထောင်စုနေ့ ရောက်တော့မှာ ဖြစ်ပါတယ်။ အကျဉ်းစံ နေရတဲ့ ကျွန်တော်တို့မြို့ရဲ့ ကျောက်တိုင်ကွင်းကြီးကို ကူညီပါဦးဗျာတဲ့။
.
သူ့ဟာသူ ငုတ်တုတ်ထောင်နေတဲ့ ကျောက်တိုင်နဲ့ ကျောက်တိုင်ကွင်းကြီးကို ကူညီပါဦးဆိုတော့ တော်တော် ခေါင်းကြိမ်းသွားပါတယ်။ အဲဒီလိုနေရာက ကိစ္စရပ်ကြီးတွေ ကူညီနိုင်လောက်တဲ့ အဆင့်အတန်းမျိုး ကိုယ့်မှာရှိတာလည်း မဟုတ်။ ပို့လာတဲ့ ဓာတ်ပုံကို အသေအချာကြည့်မှ ဆိုလိုရင်းကို သဘောပေါက်သွားပါတယ်။ ဓာတ်ပုံက လွတ်လပ်ရေး အထိမ်းအမှတ် စိုက်ထူထားတဲ့ ကျောက်တိုင်ကြီးကို အမြင့် တစ်နေရာက ရိုက်ထားတဲ့ပုံ။ ကျောက်တိုင်ကြီး တစ်တိုင်တည်း ပျင်းနေမှာ စိုးလို့ ထင်ပါတယ်။ တာဝန်ရှိသူများက ကျောက်တိုင်ဘေးပတ်လည်မှာ အပေါင်းအသင်း ရောင်းရင်း အသစ်တွေ မွေးဖွားပေးထားတာ လူမြင်လို့တောင် မကောင်းပါဘူး။ အဆောက်အဦ ဆောက်တဲ့ နေရာမှာ သုံးတဲ့ တံခါးကျည်းခွေတွေက အခန့်သား။ သစ်တိုသစ်စတွေက ကျောက်တိုင်ဘေး ပတ်ပတ်လည် ဖွာစလန်ကို ကျဲလို့။
.

ပုံပါ အနေအထားအတိုင်းဆို ကျောက်တိုင်ကြီး သိက္ခာကျမှာ စိုးတာနဲ့ ညနေစောင်းတစ်ခုမှာ ကိုယ်တိုင် သွားကြည့် ဖြစ်ပါတယ်။ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာတဲ့ပုံက အချိန်ကာလ တစ်ခုက ရိုက်ထားတဲ့ ဓာတ်ပုံ ဖြစ်လိမ့်မယ် ထင်ပါတယ်။ သွားကြည့်တဲ့အချိန်မှာ ဓာတ်ပုံထဲကလို ကျောက်တိုင် ဘေးပတ်လည်မှာ အစုတ်အပြတ်တွေ ရှိမနေတော့ပါဘူး။ ကျောက်တိုင်ကြီး အ၀င်ကို ပိတ်ဆို့ ကာရံထားတဲ့ အတားအဆီးတွေလည်း ပြန်ဖွင့်ထားပါတယ်။ လူပြောများလို့ လက်သိပ်ထိုး ရှင်းလိုက်တာ ဖြစ်ချင်ဖြစ်မှာပေါ့။ ကျောက်တိုင်ကြီးကို တစ်စိမ့်စိမ့်ကြည့်ရင်း လှည့်ပြန်ကာနီး လိုအပ်ချက်တွေကို သွားမြင်မိတယ်။ ကျောက်တိုင်ကြီးရဲ့ ခမ်းနားထည်ဝါမှု၊ မြန်မာပြည် လွတ်လပ်ရေး ရရှိခြင်း အထိမ်းအမှတ်နဲ့ စိုက်ထူထားတဲ့ ကျောက်တိုင်ကြီးရဲ့ ခမ်းနား ထည်ဝါမှု၊ တိုက်ကြို တိုက်ကြားမှာ ဘယ်နေရာ လိုက်ရှာရမှန်း မသိပါဘူး။
.
လွတ်လပ်ရေး ရခြင်း အထိမ်းအမှတ် ကျောက်တိုင်ကို အခု စီးတီးစကွဲယား နေရာမှာ ပထမဆုံး စိုက်ထူခဲ့တယ်။ နောက်ပိုင်း မြို့ကွက် ချဲ့ထွင်လာတာရယ်၊ အောက်ခံမြေသား ခိုင်မာမှု မရှိတာရယ်ကြောင့် ၁၉၅၂ ၀န်းကျင်လောက်မှာ လက်ရှိနေရာကို ပြောင်းလဲစိုက်ထူခဲ့တယ်လို့ လူကြီး သူမများက ပြောပါတယ်။ ကျောက်တိုင်နေရာ ပြောင်းစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်တဲ့ ဦးနု ကိုယ်တိုင် အုတ်မြစ်ချပန္နက် ရိုက်ခဲ့တာဖြစ်ပါတယ်။ တောင်ကြီးမြို့တော်၊ မြို့တော်ဝန် ဦးခန်း လက်ထက်ပါ။ ဒီလို သမိုင်းဝင်ကျောက်တိုင်ကြီးရဲ့ လက်ရှိအခြေအနေက လူမသိ သူမသိ၊ လူငယ် လူရွယ်တွေ ဘာမှန်းမသိတဲ့ ချောင်ကြိုချောင်ကြားက ငုတ်တိုင်ကြီး တစ်ချောင်းလို ဖြစ်နေပါတယ်။ တိုးပွားလာတဲ့ အဆောက်အဦတွေကလည်း ကျောက်တိုင်ကြီး ခေါင်းပေါ်မှာ မိုးတိုးမတ်တပ် တစ်မျိုး၊ လက်ချင်းချိတ် တစ်သွယ်နဲ့။
.
၁၉၅၂ ၀န်းကျင်လောက်မှာ လက်ရှိနေရာကို ပြောင်းလဲစိုက်ထူခဲ့တယ်လို့ လူကြီး သူမများက ပြောပါတယ်။ ကျောက်တိုင်နေရာ ပြောင်းစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်တဲ့ ဦးနု ကိုယ်တိုင် အုတ်မြစ်ချပန္နက် ရိုက်ခဲ့တာဖြစ်ပါတယ်။ တောင်ကြီးမြို့တော်၊ မြို့တော်ဝန် ဦးခန်း လက်ထက်ပါ။ ဒီလို သမိုင်းဝင်ကျောက်တိုင်ကြီးရဲ့ လက်ရှိအခြေအနေက လူမသိ သူမသိ၊ လူငယ် လူရွယ်တွေ ဘာမှန်းမသိတဲ့ ချောင်ကြိုချောင်ကြားက ငုတ်တိုင်ကြီး တစ်ချောင်းလို ဖြစ်နေပါတယ်။
 
ကျောက်တိုင်ကြီး လှည့်ပတ်ကြည့်ရင်း ထူးဆန်း အံ့သြဖွယ်တစ်ခု မြင်ခဲ့ရပါသေးတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတော် အခမ်းအနားပုံစံ လုပ်တဲ့ အလုပ်မှန်သမျှ ကမ္ဗည်းမော်ကွန်းထိုးတဲ့ အလေ့အထ ရှိပါတယ်။ တောင်ကြီးမြို့မှာ ရှိတဲ့ ကျောက်တိုင်ကြီးကတော့ စာတစ်ကြောင်း မှတ်တမ်း တစ်ခုတောင် ရေးထိုးထားခြင်း မရှိပါဘူး။ မှတ်တမ်းမှတ်ရာ လေ့လာချင်တဲ့ လူငယ်လူရွယ်တွေ ၀င်ရောက် လေ့လာရင်တောင် မျက်နှာပြောင် တိုက်နေတဲ့ ကျောက်တိုင်ကြီးကို တွေ့ရမှာ ဖြစ်ပါ တယ်။ ကျောက်တိုင် စထောင်တည်းက မှတ်တမ်း မရှိတာလား၊ သမိုင်းတရားခံတွေ ဖျောက်ဖျက် ပစ်တာလားဆိုတော့ တာဝန်ရှိသူများ ဆန်းစစ်ရမယ့် အပိုင်းပါ။ စထောင်တည်းက မရှိခဲ့ဘူးဆိုရင် လက်ရှိ လူငယ်လူရွယ်တွေ လေ့လာလို့ရအောင် ကျောက်တိုင်နဲ့ သက်ဆိုင်တဲ့ မှတ်တမ်းလေး တစ်ခု ရေးထိုးဖို့ လိုအပ်တာ အမှန် ဖြစ်ပါတယ်။
.
တောက်တောက်ပြောင်ပြောင် မွေးဖွားလာတဲ့ တိုက်ပျိုမယ်တွေကြားမှာ သမိုင်းဝင် ကျောက်တိုင်ကြီးက ငုတ်တုတ် အမေ့ခံနေရတယ်။ ဒီပုံစံအတိုင်း ဆက်နေရင် ထပ်တိုးလာမယ့် တိုက်ပျိုမယ်တွေက အိုမင်းမစွမ်းတဲ့ သမိုင်းဝင် ကျောက်တိုင်ကြီးကို အမြင်အာရုံ နောက်အောင် ဒုက္ခပေးကြဦးမယ် ထင်ပါတယ်။ (အခုလည်း ဟိုကကွယ် ဒီကပိတ်နဲ့ ရှိလို့ ရှိမှန်းတောင် မသိရပါဘူး)။
 
တောက်တောက်ပြောင်ပြောင် မွေးဖွားလာတဲ့ တိုက်ပျိုမယ်တွေကြားမှာ သမိုင်းဝင် ကျောက်တိုင်ကြီးက ငုတ်တုတ် အမေ့ခံနေရတယ်။ ဒီပုံစံအတိုင်း ဆက်နေရင် ထပ်တိုးလာမယ့် တိုက်ပျိုမယ်တွေက အိုမင်းမစွမ်းတဲ့ သမိုင်းဝင် ကျောက်တိုင်ကြီးကို အမြင်အာရုံ နောက်အောင် ဒုက္ခပေးကြဦးမယ် ထင်ပါတယ်။ (အခုလည်း ဟိုကကွယ် ဒီကပိတ်နဲ့ ရှိလို့ ရှိမှန်းတောင် မသိရပါဘူး)။ တင့်တောင်းတင့်တယ် တူတူတန်တန် မရှိတော့တဲ့ နေရာမှာ သမိုင်းဝင် အထိမ်းအမှတ် ကျောက်တိုင် ကြီးကို မျက်နှာလွဲ ခဲပစ် ချောင်ထိုးထားမယ့် အစား သင့်တော်တဲ့ နေရာပြောင်းရွှေ့ရင် အကောင်းဆုံး ဖြစ်မယ်လို့ မြို့ခံတချို့ကလည်း ပြောကြပါတယ်။ ကျောက်တိုင်ဆိုတာ တိုင်းရင်းသား တွေရဲ့ ခိုင်မာ ဖြောင့်မတ်တဲ့ စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုကို ပြတဲ့အရာ ဖြစ်တဲ့အတွက် တန်ဖိုးတစ်ခု ထားသင့်တယ်လို့ ထင်မြင်မိကြောင်းပါ။
.

No comments:

Post a Comment