ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယာဉ်မတော်ဆမှုကြောင့် ၂ ရက်လျှင် ပျမ်းမျှ လူတစ်ဦး သေဆုံးနေရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 7, 2019

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယာဉ်မတော်ဆမှုကြောင့် ၂ ရက်လျှင် ပျမ်းမျှ လူတစ်ဦး သေဆုံးနေရ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပျမ်းမျှအားဖြင့်တစ်ရက်လျှင် ယာဉ်မတော်တဆမှု ၂ ကြိမ်နှုန်း ဖြစ်ပွား နေပြီး ၂ ရက်လျှင် လူတစ်ဦးနှုန်း သေဆုံးနေရကြောင်း အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရုံး (ရှမ်း တောင်)၏ စာရင်းဇယား အချက်အ လက်များအရ သိရသည်။
.
.
''ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့တော့ အသိပညာ ပေးလုပ်ငန်းတွေ၊ စစ်ဆေးအရေး ယူခြင်းလုပ်ငန်းတွေကို ဟန်ချက်ညီညီ လုပ်ဆောင်နေပါတယ်။ ယာဉ်တိုက်မှု  အသေအပျောက် လျော့နည်းဖို့ ဆိုတာကတော့ ပြည်သူတွေကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာဖို့လိုတယ်။  ပြည်သူတွေ မလိုက်နာ သရွေ့ကတော့ ဒီလိုကိစ္စတွေက ဖြစ်လို့နေဦးမှာပါပဲ။ ၂ဝ၁၇ ထက် ၂ဝ၁၈ ခုနှစ်မှာ မော်တော်ယာဉ်တွေ ပိုမိုတိုးပွားလာပေမယ့် ယာဉ်မတော်တဆ ဖြစ်ပွားနှုန်း၊ သေဆုံးမှုနှုန်းကတော့ လျော့လာတယ်။ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တွေကလည်း ၂ဝ၁၉ ခုနှစ်မှာ အသိပညာပေးလုပ်ငန်းတွေ စစ်ဆေးအရေးယူခြင်း လုပ်ငန်းတွေကို ပိုပြီးတော့ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမှာပါ။ နောက်ပိုင်းနှစ်တွေမှာတော့ မော်တော်ယာဉ် မတော်တဆမှု လျော့နည်းသွားမယ်။ စည်းကမ်းလိုက်နာမှု အားကောင်းလာမယ်လို့ ယူဆပါတယ်''ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)မှ ရဲမှူးမျိုးဇော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ် နှစ်တာ ကာလအတွင်း ယာဉ်မ တော်တဆမှု စုစုပေါင်း ၄၂ဝ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၂၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးသူ ၁၇၇ ဦး ရှိခဲ့ကြောင်း သိရသည်။
.
လအလိုက် ယာဉ်မတော်တဆ မှုဖြစ်ပွားသည့် အကြိမ်အရေအတွက် မှာ ဧပြီလတွင် အများဆုံး ဖြစ်ပြီး ၂၄ ဦး သေဆုံးခဲ့ကာ ဇွန်လတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး မှု အနည်းဆုံးဖြစ်ကာ ၈ ဦးသေဆုံး ခဲ့ကြောင်းနှင့် ၂ဝ၁၈ ခုနှစ်တွက် ယာဉ်မတော်တဆမှုကြောင့် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးငွေ ၂၆၁၆ဝဝဝဝ ကျပ် ရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း လျော့နည်းလာစေ ရေးအတွက် ရှမ်းပြည်နယ်တောင် ပိုင်းတွင် အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) မှတပ် ဖွဲ့ဝင်များက ၂ဝ၁၈ ခုနှစ် တစ်နှစ် တာအတွင်း အသိပညာပေး ဟောပြောမှု ၃၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး လူဦးရေ ၆၈၉ဝ၅ ဦးအား အသိပညာပေး ဟောပြောနိုင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment