စာတမ်းအပိုဒ် ၂၃ ပိုဒ်ခွဲ ၃ နှင့် လူ့ဂုဏ်သိက္ခာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, February 11, 2019

စာတမ်းအပိုဒ် ၂၃ ပိုဒ်ခွဲ ၃ နှင့် လူ့ဂုဏ်သိက္ခာ


အောင်ဆန်းဝင်း
.
လူရယ်လို့ ဖြစ်လာရင် အဆင်ပြေချိန် ရှိသလို၊ မပြေလည်တဲ့ အချိန် ရှိတယ်။ ကျပ်တည်း ချိန်ရှိသလို ချောင်လည်တဲ့ အခါ ရှိတယ်။ စိတ်ညစ်စရာကြုံရတတ်သလို ပျော်ရွှင်ချိန်တွေလည်း ရှိပါတယ်။ အဲဒီလို ဆန့်ကျင်ဘက်တွေထဲမှာမှ အဆင်မပြေတဲ့ချိန်၊ ကျပ်တည်းလွန်းမက ကျပ်တည်းချိန်၊ ထွက်ပေါက်ပိတ်အောင် စိတ်ညစ်ချိန်ဆို ခင်မင်ရင်းနှီးတဲ့ အပေါင်းအသင်းကို သတိရတတ်တယ်။ အကူအညီ ရယူဖို့ထက် မွန်းကျပ်တဲ့ အရာတွေ ရင်ဖွင့်ဖောက်ထုတ်ပြောဆို လိုက်ရင် ခဏတာ စိတ်သက်သာရာ ရတတ်ကြလို့ပါ။ ဒီအကြောင်းချင်းရာမျိုးက ရင်းနှီးမှု သက်တမ်းကြာတဲ့  အပေါင်းအသင်း မိတ်ဆွေတွေ ကြားမှာ ပိုတွေ့ကြုံရတတ်တယ်။ လုပ်ငန်းတူ တစ်ခုကို နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာတဲ့ မိတ်ဆွေတွေ၊ ငယ်စဉ်တောင်ကျေး ကလေး ဘ၀တည်းက ပေါင်းသင်းလာတဲ့ သူငယ်ချင်းအ ဟောင်းတွေလိုမျိုးပေါ့။
.
ဆက်ရက်မင်း စည်းစိမ်ခံစားတတ်တဲ့ ငမိုက်သားအချင်းချင်းဆို ပိုလို့တောင် နားလည်မှု ထားတတ်ကြတယ် ပြောရမလား။ ပုလင်းတူ ဘူးရိုက်ချင်း ဘုရားတားမြစ်တဲ့ သေရည်များ ၀င်သွားရင် မွန်းကျပ်သမျှ ဖောက်ချတာ တာရိုး ကျိုးတဲ့အတိုင်း။ သူပြောတာကိုယ် နားထောင်။ ကိုယ်ပြောတာ သူပြန်အားပေးနဲ့ ပြဿနာမဖြစ်ရင် သောက်ပြောပြောရတာ ကောင်းတော့လည်း အကောင်းသား။ မကောင်းမှု အားပေးတာ မဟုတ်သလို၊ လူငယ်လူရွယ်များလည်း ဒီစာဖတ်မိရင် အတတ်ကောင်းလို့ မထင်လိုက်ပါနဲ့။ (တောင်းပန်ပြီးပြီဆိုတော့ ဆက်ရေးလိုက်ပါဦး မယ်)။ လက်ဖက်ရည်ဝိုင်းထက် ယမကာဝိုင်း ထိုင်တာ တစ်ဦးနဲ့ တစ်ယောက် ရင်းနှီးမှု မြန်ဆန်စေတယ်တဲ့။ လူကောင်းသူကောင်းတွေ ပြောတဲ့ စကားတော့ မဟုတ်လောက်ပါဘူး။ သူလို ကိုယ်လို ငမူးချင်း ပြောတာ ဖြစ်မှာပါ။ ဒါပေမဲ့ ဟုတ်သလိုတော့ ရှိတယ်။
.


ကျန်ခဲ့တဲ့ ရက်ပိုင်းက သုံးလလောက် အဆက်အသွယ် ပြတ်သွားတဲ့ မိတ်ဆွေနောင်တော် ကြီး တစ်ယောက်နဲ့ ဆုံဖြစ်တယ်။ တစ်မြို့တည်း အတူနေ လက်ကိုင်ဖုန်း ကိုယ်စီရှိသားနဲ့ သုံးလလောက် လူချင်းမတွေ့ စကား  မပြောဖြစ်တာ ပြဿနာရှိလို့ မဟုတ်ပါဘူး။ အရင်လို ညစဉ်ညတိုင်း ညဈေးတန်းပေါင်းစုံကို လတ်လျားလတ်လျား မလုပ်နိုင်တော့လို့ပါ။ သောက်သောက်စားစား လူ့မင်းသား အခြေအနေမျိုး မရှိတော့လည်း ပါတာပေါ့။ အကြောင်းရင်းက လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်လေး ငရဲကြီး ရှစ်ထပ်အောက်ဆုံး ထိ ဇောက်ထိုး ကျဆင်းသွားတာကြောင့် ဖြစ်ပါ တယ်။ လက်ကိုင် တယ်လီဖုန်းတွေ မူရင်းဈေး လမ်းဘေးထိုး မဆင်းခင် အချိန်ထိ ဗွီဒီယို ဇာတ်ကား ငှားရမ်းဆိုင်လုပ်ငန်းက မိသားစု စားဝတ် နေရေးကို အတော်အထောက်အပံ့ ပြုတဲ့ လုပ်ငန်းလေးတစ်ခုပါ။ အခုတော့ ကိစ်္စတုံးသွားပါ ပြီ။ ပြန်လာစရာ အကြောင်းလည်း မမြင်ပါဘူး။
.
အဲဒီလို အခြေအနေဆိုးကြီးထဲမှာ သူ့လည်း ကိုယ်မတိုက်နိုင်။ ကိုယ့်လည်းသူမကျွေးနိုင် အ နေအထားကြောင့် တစ်ဦးနဲ့ တစ်ယောက် အ ဆက်ဖြတ်ထားကြတာပါ။ အခုလို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာပြန်တော့ ရှိစုမဲ့စုနဲ့ ထုံး စံမပျက်အောင် စီစဉ်ရပါတယ်။ အရင်လိုမော် ဒယ် အမြင့်နားမကပ်နိုင်လို့ ပြည်တွင်းဖြစ်လေး နဲ့ နှစ်ပါးသွားရတာပေါ့။ ပြည်တွင်းဖြစ်တောင် ခေါင်ခိုက်တဲ့ ဈေးနှုန်းဆို အနားတောင်မသီနိုင် ပါဘူး။ လက်လှမ်းမီတာလေးနဲ့ သေချင်းဆိုးနဲ့ မသေအောင် ချင့်ချိန်ကြရတာပါ။ လူ့မင်းသား တို့ ထုံးစံအတိုင်း အရှိန်လေးရတာနဲ့ စကားလုံး တွေက ကြွလာတယ်။ နိုင်ငံရေးအကြောင်းပြော တယ်။ စီးပွားရေးအကြောင်း ရောက်တယ်။ သာရေးနာရေးတွေ စကားမေးနဲ့ နှစ်သိမ့်ဆွေး နွေးပညာပေးကြတယ်။ (ရေးရင်းနဲ့ ရောကုန် ပြီ)။ အရည်မရ အဖတ်မရတွေ ပြောကျဆိုကျ တယ်ပဲ ထားလိုက်ပါ။
.
ဘယ်လို အကြောင်းအရာတွေ ဘယ် လောက် ဖောင်ဖွဲ့အောင်ပြောပြော နောက်ဆုံး ပြန်ဆိုက်တဲ့ ဘူတာက ကိုယ်တိုင်ကြုံတွေ့နေတဲ့ အလုပ်အကိုင် အကျပ်အတည်း အကြောင်းပါ။ နာလန်ထူစရာမရှိတဲ့ အလုပ်ဆိုပေမယ့် ဆယ်စု နှစ် နှစ်ခုနီးပါး လုပ်ကိုင်လာတဲ့ အလုပ်ဆိုတော့ ရုတ်တရက် စွန့်ပစ်ရအောင် ရှိရင်းစွဲ သံယောဇဉ် က မဖြတ်နိုင်။ ဆက်လုပ်ပြန်ရင်လည်း သေချာပေါက် အငတ်ဘေးဆိုက်မယ့် အနေအထား။ တစ်ခြားအလုပ်တစ်ခု ပြောင်းမယ်ကြံတော့ချက် ချင်းလက်ငင်း ငွေဝင်အောင် ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိ။ ကိုယ့်အရပ်ကိုယ့်ဒေသ ပေါပေါ များများရှိပြီး သေချာပေါက်ချောင်လည်မယ့် အ လုပ်ကြတော့ လုပ်ရဲတဲ့ဇက မရှိ။ ဒီအသက်အ ရွယ်နဲ့ အစိုးရ၀န်ထမ်း သွားလျှောက်ရင်လည်း အပေါက်စောင့်တောင် ရမှာမဟုတ်ဘူး။ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီ အလုပ် ရဖို့ဆိုတာ ဝေးရော။ ယောကျာ်းရင့်မာကြီးတွေ ဖြစ်တော့ ပိုတောင် ဆိုးပါသေးတယ်။
.
မြန်ပြည်တစ်ဝှမ်း ရှမ်းပြည်တစ်ခွင် ဖြစ်ပျက်သမျှ အကြောင်းအရာတွေ အရှိန်ကောင်းကောင်း နဲ့ စကားကောင်းတုန်း မိတ်ဆွေ နောင်တော်ကြီးက ကြားဖောက်မေးခွန်းတစ်ခု ထုတ်ပါတယ်။ မြန်မာပြည်မှာ အလုပ်ရှင် အလုပ်သမားနဲ့ ဥပဒေ တိတိကျကျ ခိုင်ခိုင်မာမာ ပြဌာန်း ထားတာ ရှိရဲ့လားတဲ့။ ဘာကြောင့်လည်း ပြန် မေးကြည့်တော့ နေ့စဉ်သတင်းစာတွေ ဖတ် တိုင်း တစ်နေရာမဟုတ် တစ်နေရာအလုပ်သမား ဆန်္ဒပြတဲ့သတင်း အမြဲတမ်း ဖတ်နေရလို့တဲ့။ ဥပဒေရှိခြင်း မရှိခြင်းကို သူကိုယ်တိုင် မသိတာတော့ မဟုတ်လောက်ပါဘူး။ တမင်သက်သက် ကန့်လန့်တိုက် မေးပုံရပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလုပ်ရှင်အလုပ်သမားနဲ့ ပတ်သက်တဲ့ ဥပဒေဆိုတာ ခိုင်ခိုင်မာမာ ရှိပြီးသားပါ။ သက်ရောက်မှု အားနည်းတာနဲ့ ထိထိရောက်ရောက် ဆောင်ရွက်တာပဲ ကွာလိမ့်မယ် ထင်ပါတယ်။
.
အလုပ် လုပ်သည့် လူတိုင်းတွင် မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက်္ခာနှင့်ထိုက် တန်သော ဘ၀ရပ်တည်မှုကို အာမခံနိုင်သည့် တရားမျှတ၍ လျော်ကန်သင့်မြတ်သော အခ ကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်လျှင် အခြား လူမှုရေး ကာကွယ်စောင့်ရှောက်မှုများကိုလည်း ဖြည့်စွက်ရရှိ ခံစားပိုင်ခွင့်ရှိသည်လို့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၃ ပိုဒ်ခွဲ ၃ မှာ ဖော်ပြထားပါတယ်။ စာတမ်းပါ ကြေညာချက်အရ အလုပ်ရှင် အလုပ်သမားကြား ဖိနှိပ်ဆက်ဆံခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ မတရားခိုင်း စေခြင်း အစရှိတဲ့ အချက်တွေကို အကာအကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ကာယလုပ်သား ထုတစ်ရပ်လုံးအတွက် ကောင်းမွန်သင့်မြတ်တဲ့ ကြေညာချက်လို့ ဆိုရမှာပါ။ ဆင်းရဲမွဲတေတဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေသေးတဲ့ မြန်မာနိုင် ငံအခြေအနေနဲ့လည်း အတော်ကိုက်ညီတဲ့ လူ့ အခွင့်အရေး ကြေညာစာတမ်းဖြစ်ပါတယ်။
.

အလုပ် လုပ်သည့် လူတိုင်းတွင် မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက်္ခာနှင့်ထိုက် တန်သော ဘ၀ရပ်တည်မှုကို အာမခံနိုင်သည့် တရားမျှတ၍ လျော်ကန်သင့်မြတ်သော အခ ကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်လျှင် အခြား လူမှုရေး ကာကွယ်စောင့်ရှောက်မှုများကိုလည်း ဖြည့်စွက်ရရှိ ခံစားပိုင်ခွင့်ရှိသည်

ဒါပေမဲ့ ဒီကြေညာစာတမ်းနဲ့ လက်ရှိမြန်မာ နိုင်ငံအတွင်းက လုပ်သားထု အမှန်တကယ် ကိုက်ညီလား၊ ကိုက်ညီအောင် လုပ်ဆောင်နေ လားဆိုတာတော့ စဉ်းစားစရာပါ။ ပွင့်ပွင့်လင်း လင်း သုံးသပ်ရရင် ကိုက်ညီမှု မရှိသေးဘူးထင် ပါတယ်။ ကြေညာချက်ပါ စာတမ်းအတိုင်းအ လုပ်ရှင် အလုပ်သမားထုကိုယ်စီကိုယ်ငှ ညီမျှ ရင် ဆန်္ဒထုတ်ဖော်တဲ့ အလုပ်သမား သပိတ်စ ခန်းတွေ နေ့စဉ်မြင်တွေ့နိုင်စရာ အကြောင်းမရှိ ပါဘူး။ အခုကတော့ အားလုံးမျက်မြင်ကြားသိ နေရတဲ့အတိုင်းပါ။ လုပ်ခလစာ နည်းပါးလို့၊ အ လုပ်သမား အခွင့်အရေး ချိုးဖောက်ခံရလို့၊ အ ချိန်ပို မတရားခိုင်းပြီး ထိုက်သင့်တဲ့ အချိန်ပို ကြေး မပေးလို့ဆိုတဲ့ အချက်တွေနဲ့ ဆန်္ဒထုတ် ဖော်သပိတ်စခန်း ဖွင့်ကြတာတစ်နေ့တစ်မျိုး ရိုး တယ်လို့ မရှိပါဘူး။ တာဝန်ရှိသူတွေဘက်က စာတမ်းနဲ့ ကိုက်ညီအောင် ကြပ်မတ်မှုအားနည်း တာလား၊ ဥပဒေကို ထင်သလို ချိုးဖောက်ခွင့် ရနေတာလား မပြောတတ်။
.
နောက် မြန်မာပြည်ရဲ့ အရိုးစွဲနေတဲ့ အကျင့်စရိုက်။ လူမြင်ကောင်း လူကြားကောင်းအောင် ကောက်ရိုးမီးလို ၀ုန်းခနဲ ထလုပ်တတ်ကြတယ်။ ရေရှည်သွားဖို့ကျတော့ ခိုင်မာတိကျ တဲ့ ဥပဒေရှိတာတောင် အသက်ဝင်အောင် လုပ် ဆောင်နိုင်ခြင်း မရှိပါဘူး။ လူကြီးလာမှထိုးကွင်း ပြတယ် ဆိုရမလား။ တစ်ခုခုဆို ထုမှထောင်းမှ ဆူမှငေါက်မှ လုပ်တယ်။ လေလှိုင်းစာမျက်နှာ လူမှုကွန်ရက်ပေါ် ကျော်မကောင်းကြားမကောင်း ဖြစ်မှ ဖုတ်ပူမီးတိုက်လုပ်ကြ။ မေ့သလောက် ဖြစ်တော့ ဒုံရင်းက ဒုံရင်း။ အမြဲတမ်းအလေးပေး လုပ်ရမယ့် ကိစ်္စရပ်တွေ၊ မျက်ခြေမပြတ် စောင့် ကြည့်လုပ်ကိုင်ရမယ့် အလုပ်တွေတောင် ဖြစ် တုန်းခန အလုပ်ပြတယ် ဆိုရုံပဲ လုပ်ကြတယ်။ အရပ်စကားနဲ့ ပြောရင် စားကောင်းသောက် ကောင်းလောက်ပေါ့။ သွေးအေးလို့ အသံတိတ် တာနဲ့ အရင်လို နေချင်သလိုနေ၊ စားချင်သလို စား၊ လုပ်ချင်တာလုပ်ကြစမြဲပါပဲ။
.
နိုင်ငံတစ်ခု တည်ဆောက်တဲ့ နေရာမှာ ကာယလုပ်သားထုရဲ့ စွမ်းအားက ကြီးမားတဲ့အစိတ် အပိုင်း တစ်ရပ်ဖြစ်ပါတယ်။ ပညာရပ်ပိုင်းဆိုင် ရာ အားနည်းချက်ရှိတဲ့ မြန်မာနိုင်ငံ အနေအ ထားက ပိုလို့တောင် အရေးပါ အရာရောက်ပါ တယ်။ မိမိလုပ်ငန်း မိမိစက်ရုံအတွက် ကာယ လုပ်သားထု စွမ်းအားကို ထိထိရောက်ရောက် အသုံးချပြီးရင် လူသားဆန်တဲ့ ကောင်းမွန်တဲ့ ၀န်ဆောင်မှု ပြန်ပေးရမှာ အလုပ်ရှင်တွေရဲ့ ၀တ်္တ ရားတစ်ခုပါ။ ကိုယ့်အကျိုးစီးပွားတစ်ခုတည်း  ကြည့်မယ်ဆိုရင်တော့ အောက်တန်းစား စိတ် ဓာတ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အလုပ် ရှင်၊ အလုပ်သမား ဥပဒေဆိုတာ နိုင်ငံအတွင်း မှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ကာယလုပ်သားထု ကြား သဟဇာတဖြစ်အောင်၊ ညီမျှမှုရှိအောင် ပြဌာန်းထားတာ ဖြစ်ပါတယ်။ လွဲချော်နေရင် တည့်မတ်အောင် လုပ်ဆောင်ရမှာ သက်ဆိုင်ရာ တာဝန်ရှိများသာ ဖြစ်ကြောင်း မီးမောင်းထိုး လိုက်ရပါတယ်။

No comments:

Post a Comment