NRPC ၊ တပ်မတော် ညှိနှိုင်းရေးအဖွဲ့တို့နှင့် တွေ့ဆုံမည့်ရက်ကို ပြန်လည်ညှိနှိုင်းသတ်မှတ်မည် ဖြစ်ကြောင်း RCSS မှ ကြေညာချက် ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, January 30, 2019

NRPC ၊ တပ်မတော် ညှိနှိုင်းရေးအဖွဲ့တို့နှင့် တွေ့ဆုံမည့်ရက်ကို ပြန်လည်ညှိနှိုင်းသတ်မှတ်မည် ဖြစ်ကြောင်း RCSS မှ ကြေညာချက် ထုတ်ပြန်


မင်းဇော်မင်း
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို လွယ်တိုင်းလျန်ရှိ ဗဟိုဌာနချုပ်၌ ဇန်န၀ါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီးနောက် NRPC ၊ တပ်မတော် ညှိနှိုင်းရေးအဖွဲတို့နှင့် တွေ့ဆုံမည့်ရက်ကို ပြန်လည်ညနှိုင်းသတ်မှတ်မည် ဖြစ်ကြောင်း အပါအ၀င် အချက် (၇) ချက် ပါဝင်သည့် သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
.
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် RCSS တို၏ အလွတ်သဘော ဆွေးနွေးပွဲ ရလဒ်အရ NRPC ၊ တပ်မတော်တိုနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ ပထမပတ်တွင် ကျင်းပ ပြုလုပ်သွားရန် စီစဉ်ခဲ့သော်လည်း ရှမ်းအမျိုးသားနေအခမ်းအနားနှင့် တိုက်ဆိုင်နေခြင်း၊ အဖွဲ့အစည်း အတွင်း အချိန်ယူချပြ ရှင်းလင်းရန် လိုအပ်ခြင်းတိုကြောင့် တွေဆုံဆွေးနွေးမည့်နေ့ကို ပြန်လည် ညိနှိုင်း သတ်မှတ်သွားမည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။
.

.
ထို့အတူ ဇန်န၀ါရီလ ၂၅ ရက်က ထုတ်ပြန်သည့် တပ်မတော်၏ ပစ်ခတ် တိုက်ခိုက်မရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် RCSS နှင့် ပတ်သက်သော တစ်ဖက်သပ် စွပ်စွဲချက်များအား ကန်ကွက်ကြောင်းနှင့် ယင်းစွပ်စွဲချက်အပေါ် အသေးစိတ် တုံပြန် ရှင်းလင်းချက်ကို သီးခြားထုတ်ပြန်သွားမည် ဖြစ်ပြီး ကျိုင်းတုံတွင် ၂၀၁၂ ခုနှစ်၊ မေလ ၁၉ ရက်က ချုပ်ဆိုခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူညီချက်တွင် ပါဝင်သည့် သဘောတူညီချက်များကို အဓိပ္ပယ် ဖွင့်ဆိုရာတွင် ဗဟိုဌာနချုပ် နယ်မြေနှင့် ပတ်သက်၍ RCSS နှင့် တပ်မတော်အကြား နားလည်မ ကွဲပြားခြားနားခြင်း၊ မုံးထတွင် လုံခြုံရေးတာဝန်ယူရန်အတွက် RCSS တပ်ဖွဲ့ဝင် အင်အား ၆၀ ဦးသာ သတ်မှတ်ခြင်း၊ ဗဟိုဌာနချုပ်အတွက် ဆိုသည့် ကြိုတင်လျာထားသော နယ်မြေအား ယခုထက်တိုင် ကွင်းဆင်း လေ့လာမမပြုလုပ်နိုင်သေးခြင်း စသည့် အချက်များသည် သဘောတူညီချက် အကောင်အထည်ဖော်ရာတွင် အဓိကကျသော တစ်ဆိုများ ဖြစ်သည်ဟု ဖော်ပြထားသည်။
.
RCSS အနေဖြင့် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ EAO များ အပါအ၀င် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင်လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပိုမို ကျစ်လစ်ခိုင်မာစေရန် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေးညိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးကို တရားမျှတစွာ တည်ဆောက်နိုင်ရေးအတွက် Stakeholder များ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပေးရန် အစိုးရအား တောင်းဆိုကြောင်း၊ ပြည်သူ့ဘ၀နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေမီး ရရှိရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းတတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
.


အဆိုပါ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၏ ၁၉ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို လွယ်တိုင်းလျန်းဒေသတွင် ဇန်န၀ါရီလ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်း အစည်းအဝေးသို့ RCSS အဖွဲ့၏ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဗဟိုဦးစီး ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ စုစုပေါင်း ၂၁၅ ဦး စုံညီတက်ရောက်ခဲ့ကာ အစည်းအဝေးတွင် တစ်နှစ်တာကာလ၏ နိုင်ငံရေး အစီရင်ခံစာစစ်ရေးအစီရင်ခံစာ၊ ဘဏ္ဍာရေးအစီရင်ခံစာ၊ လုပ်ငန်း အစီရင်ခံစာများကို ဖတ်ကြားအတည်ပြုခဲ့ကြပြီး လူထုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင် ဖြည့်စွက်ချက်များနှင့်အတူ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ရှေလုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment