ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်ကြီးသို့ လာရောက်စဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, January 28, 2019

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်ကြီးသို့ လာရောက်စဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်သည် ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းက တောင်ကြီးသို့ လာရောက်စဉ် ရပ်စောက်နှင့် အင်တောမြို့အကြား၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
(photo - Internet)
.
"သူက မနက် ၁၀ နာရီလောက် ဖြစ်တာပါ။ ဒီက သတင်းရလို့ သွားတော့ လူနာကတော့ မရှိတော့ပါဘူး။ ဒဏ်ရာ မစိုးရိမ်ရဘူးလို့ သိရပါတယ်" ဟု ရပ်စောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်ထံသို့ ကမ္ဘောဇတိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တယ်လီဖုန်းလိုင်း ဆက်သွယ်မှု မရရှိခဲ့ချေ။
.
“အက်ဆီးဒင့် ဖြစ်တာကတော့ ဟုတ်ပါတယ်။ ဘာမှမဖြစ်ပါဘူး။ နဖူးလေးပဲ နည်းနည်းပါးပါး ထိတာပါ။ အခု နေ့လယ်ကို တောင်ကြီးမှာ ဥပဒေကြမ်းကော်မတီအစည်းအဝေး တက်နေပါပြီ”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ဦးခင်မောင်ညွန့်က ပြောသည်။
.
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ဇာတိဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment