မိုင်းဖုန်းဆရာတော်၏ သက်တော် ၅၆ နှစ်ပြည့် မွေးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 3, 2019

မိုင်းဖုန်းဆရာတော်၏ သက်တော် ၅၆ နှစ်ပြည့် မွေးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



မိုင်းမော(တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ မိုင်းဖုန်းဆရာတော် ကျောင်းတိုက်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် မိုင်းဖုန်းဆရာ တော် ဘဒ္ဒန္တဉာဏသံဝရ၏ ဝိဇာတ မွေးနေ့ပွဲကို ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ လ ၅ ရက်နေ့၌ အဆိုပါ ကျောင်း တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
''ဆရာတော်ရဲ့ ဝိဇာတမွေးနေ့က နှစ်စဉ်ကျင်းပ ဖြစ်ပါတယ်။ ဒီနှစ်က ဆရာတော်ရဲ့ သက်တော် (၅၆) နှစ် ပြည့် ဝိဇာတမွေးနေ့ပါ။ မွေးနေ့မှာ လာရောက်လည်ပတ်တဲ့ တပည့်ဒါယ ကာတွေ များတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ လောက်က စတင်ပြီး ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ အရင်နှစ်ကလည်း တပည့်ဒါယက သိန်းချီပြီး လာရောက် လည်ပတ်ကြပါတယ်။ တ ရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံက တပည့် ဒါယိကာ မယ်ခေါင် မြစ်ကြောင်းက နေတဆင့် သဘောင်္နဲ့ လာကြသလို ရှမ်းပြည်မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းအပြင် ၊ မြန်မာပြည်အနှံ့ အပြားကလည်း လာရောက်ကြပါ တယ်''ဟု ပွဲစီစဉ်သူ တစ်ဦးက ပြော သည်။
.
မိုင်းဖုန်းဆရာတော် ဘုရားကြီး၏ မွေးနေ့ပွဲတွင် မြန်မာ-ထိုင်း-လာအို-  တရုတ်-ကမ္ဘောဒီးယား အိမ်နီးချင်း နိုင်ငံများနှင့် အနယ်နယ် အရပ်ရပ်မှ တိုင်းရင်းသား လူမျိုးစုများကလည်း လာရောက်လေ့ရှိပြီး မွေးနေ့အားအမှီ သဟဲပြုပြီး ရိုးရာအဝတ်အထည်များ၊ လက်ဆောင်ပစ္စည်းများ၊ ခရီးသွား လုပ်ငန်းများလည်း အဆင်ပြေမှုရှိ ကြောင်း ဒေသခံများထံမှ သိရသည်။
.
''မိုင်းဖုန်းဆရာတော် ဘုရားကြီး ရဲ့ မွေးနေ့ပွဲမှာ ရိုးရာအဝတ်အထည် တွေ၊ လက်ဆောင်ပစ္စည်းတွေနဲ့ ခရီး သွားလုပ်ငန်းကတော့ အတော်အဆင် ပြေတာ တွေ့ရတယ်။ ဒါပေမဲ့ အစား အသောက်ကတော့ ရောင်းမထွက် ဘူးလေ။ စတုဒိသာတွေ ရှိနေတော့ လာသမျှ ဧည့်သည်အားလုံး ဝင်ထွက် စားသောက်နိုင်အောင် စီစဉ်ထားကြ တယ်။ ရပ်ဝေးက လာတဲ့သူတွေအ တွက်ကတော့ ကျောင်းဝင်း/ကျောင်း ပြင် အိပ်ဖို့အတွက်လည်း အားလုံးက စီစဉ်ထားတော့ အဆင်ပြေကြပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။
.
လှူဒါန်းလို သူများအနေဖြင့်လည်း သားသတ်လွတ် ထမင်းဟင်း များ၊ စတုဒိသာများ လှူဒါန်းကြရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြ ရန်၊ ကျောင်းတိုက် ပရဝုဏ်အတွင်း သဲပုံစေတီများတွင် စိုက်ထိုးပူဇော်ကြ သည့် တံခွန် ကုက္ကားအလံများရောင်း ချခြင်း မပြုကြရန်တို့ကို ဆရာတော်က မိန့်ကြားထားကြောင်း သိရသည်။
.
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆) နှစ်ပြည့် မွေးနေ့သည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင်ကျ ရောက်မည်ဖြစ်ပြီး ဝိဇာတမွေးနေ့ တရားပွဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ (မိုင်းဖုန်း ဆရာတော် ကျောင်းတိုက်) လွမ်း လိန်းကျောင်းတိုက်တွင် ကျင်းပလျက် ရှိရာ ဆရာတော်ကို ဖူးမြော်လိုသူများ လာရောက်ကြမည်ဖြစ်၍ ဆရာတော် ၏ တပည့်ဒါယကာ၊ ဒါယိကာမများ က ပြင်ဆင်မှုများ ဆောင်ရွက်နေကြ ခြင်း ဖြစ်ကြောင်း သိရသည်။
.