မင်းဇော်မင်း
.
အသစ်ပြန်လည်ရေးဆွဲထားသည့် မော်တော်ယာဉ်ဥပဒေအသစ်ကို အတည်ပြုပြဋ္ဌာန်းပြီးပါက မော်တော်ဆိုင်ကယ်များ နေ့ရောညပါ မီးထွန်းမောင်းသွားရမည်ဖြစ်ကြောင်း
နေပြည်တော်ရှိ ကုန်လမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
.
.
''မော်တော်ယာဉ် ဥပဒေသစ်အတည်ပြုရင် ဆိုင်ကယ်တွေ နေ့နေ့ည ည မီးထွန်းမောင်းရမှာပါ။
အခုက တော့ ၂ဝ၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေကို ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးဆီ
တင်ပြထားပါတယ်။ ပြန်လည်ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းမှာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်တဲ့ကိစ္စ
မှန်သမျှ တားမြစ်ချက်ထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်''ဟု ကုန်း လမ်းပို့ဆောင်ရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပလင်းက ပြောသည်။
နည်းဥပဒေတွင် ယာဉ်မောင်းများ လိုက်နာရမည့်အချက်၊ ယာဉ်အကူများ လိုက်နာရမည့်အချက်၊
လမ်း အသုံးပြုသူများ လိုက်နာရမည့် အချက်များ ပါဝင်လာမည်ဖြစ်ကြောင်း ၄င်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ မော်တော်ဆိုင်ကယ် များအား နေ့/ည မီးထွန်းမောင်းနှင်ရန်
သတ်မှတ်ထားမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ ဒေသခံ ဒေါ်နန်းနီဆိုသူမှ
''မြူကျနေတဲ့အခါ၊ ဖုန်ထနေတဲ့နေရာတွေမှာ ဆိုင်ကယ်တွေ နေ့ဘက်မီးထွန်း မောင်းရင် တစ်ဘက်ယာဉ်ကို
သတိပေးရာရောက်တဲ့အတွက် ယာဉ်အန္တရာယ် လျော့ပါးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်''ဟု ၄င်း၏အမြင်ကို
ပြောသည်။
.
အလားတူ တောင်ကြီးမြို့နေ မော်တော်ဆိုင်ကယ်အသုံးပြုမောင်း နှင်သူများမှလည်း
ဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းရုံဖြင့် မလုံလောက်ဘဲ ယာဉ်/လမ်း အသုံးပြုသူများအနေဖြင့်
စည်းကမ်း လိုက်နာမှသာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းမည်ဖြစ်သည့်အပြင် လူကူးမျဉ်းကြား
များတွင် လမ်းသွားလမ်းလာပြည် သူများရှိနေပါက ယာဉ်မောင်းများ အနေဖြင့် စောင့်ဆိုင်းသင့်ကြောင်းကို
လည်း ပြောဆိုကြသည်။
.
အသစ်ပြဌာန်းရေးဆွဲထားသည့် မော်တော်ယာဉ်ဥပဒေတွင် အနည်း ဆုံးဒဏ်ငွေမှာ
ကျပ် ၃ဝဝဝဝ ဖြစ်ပြီး၊ ဒဏ်ငွေကျပ် ၅ဝဝဝဝ နှင့် ထောင် ဒဏ် ၁ လ၊ ဒဏ်ငွေ ကျပ် ၃ဝဝဝဝဝ နှင့်
ထောင် ၃ လ၊ ဒဏ်ငွေကျပ် ၃ သိန်း၊ ၅ သိန်း၊ ၁ဝ သိန်း၊ ကျပ်သိန်း ၅ဝ အထိ ပေးဆောင်ရန် သတ်
မှတ်ထားပြီး ထပ်မံကျူးလွန်ပါက ထောင် ၃ လ၊ ဒဏ်ငွေ ၁ သိန်း၊ ဒဏ်နှစ်ရပ်လုံးကျခံရမည်ဟု
ဖော်ပြထားကြောင်းသိရသည်။
.
၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် မော်တော်ယာဉ် ဥပဒေကို
ပြန်လည်ပြင်ဆင်ထားသည့် ဥပဒေကြမ်းတွင် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အ ဓိကပါဝင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး
ယခုလို ဆိုင်ကယ်များ နေ့/ည မီးထွန်းမောင်းရသည့်စနစ်ကို ထိုင်းနိုင်ငံတွင် ကျင့်သုံးလျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment