မိုင်းဆတ်အကျဉ်းထောင်တွင် ထောင်လှန့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, January 26, 2019

မိုင်းဆတ်အကျဉ်းထောင်တွင် ထောင်လှန့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်



မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ အကျဉ်းထောင်တွင် ဇန်နဝါရီ ၂၆ ရက်၊ နံနက်ပိုင်းက အကျဉ်းထောင်လှန့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“အရင်ဆုံး လုံခြုံရေးအတွက် ထောင်ဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်ထိန်းသိမ်းရတယ်ပေါ့။ ပြီးတော့ မီးလောင်တယ်ဆိုတဲ့ အနေနဲ့ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်တာတွေ၊ လူနာတွေ ကယ်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရပါတယ်”ဟု အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့် မိုင်းဆတ်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဒုဦးစီးမှူး ဦးမျိုးမြင့်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လေ့ကျင့်ခန်းကို မိုင်းဆတ် အကျဉ်းထောင်မှ တာဝန်ခံအရာရှိ ဦးအောင်ဆန်းလင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၂၅ ဦး၊ မိုင်းဆတ်မြို့မရဲစခန်းမှ ရဲအုပ်ကျော်သူဌေး ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမြင့်အောင်ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၁ ဦင်္း၊ စုစုပေါင်း ၄၆ ဦး ဖြင့် အကျဉ်းထောင်အတွင်း ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
.
ထောင်လှန့်လေ့ကျင့်ခန်းမှာ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသူ၊ အကျဉ်းသားများး၊ အချုပ်သူအချုပ်သားများ၊ ဆူပူထကြွဆန္ဒပြခြင်းနှင့် အကြမ်းဖက်စီးနင်းခြင်းတို့မှ ကာကွယ်တာဆီးရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။
.
ယင်း ထောင်လှန့်လေ့ကျင့်ခန်းကို မိုင်းဆတ်မြို့၊ အကျဉ်းထောင်၌ ဇန်န၀ါရီလ ၂၆ ရက်၊ နံနက် ၇ နာရီမှ စတင်လုပ် ဆောင်ခဲ့ကာ ၇ နာရီခွဲတွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment