တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် လာရောက်စွန့်ပစ်ထားသော မွေးကင်းစကလေးအလောင်းတစ်လောင်း တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 24, 2019

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် လာရောက်စွန့်ပစ်ထားသော မွေးကင်းစကလေးအလောင်းတစ်လောင်း တွေ့ရှိ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် ဇန်နဝါရီလ ၂၃ ရက် နံနက်အစောပိုင်းအချိန်က လာရောက်စွန့်ပစ်ထားသော မွေးကင်းစ ယောက်ျားလေး ကလေး အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၅)၊ ပန်းနေကြာလမ်း၊ အမှတ် (၆) ရှိ ဦးဝင်းမောင်၏ နေအိမ်ခြံစည်းရိုး ရှေ့တွင် ဇန်နဝါရီလ ၂၃ ရက်၊ နံနက် ၆ နာရီအချိန်က အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း ထည့်ကာ လာရောက် စွန့်ပစ်ထားသည့် အဝတ်မပါ ယောက်ျားလေး ကလေးအလောင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးအလောင်း တိတ်တဆိတ်ဖျောက်ဖျက်သူအား တောင်ကြီးနယ်မြေ ရဲစခန်းတွင် (ပ(၁၆/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ  ၃၁၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ကျူးလွန် သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment