တာချီလိတ်မြို့ အာခါဈေး မီးပွိုင့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, January 29, 2019

တာချီလိတ်မြို့ အာခါဈေး မီးပွိုင့်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ အာခါဈေးရှေ့ရှိ မီးပွိုင့်၌ ဇန်နဝါရီလ ၂၉ ရက်နေ့လ်ပိုင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်နေ အသက်(၅၁) နှစ် ၀န်းကျင်ရှိ ဦးအားဖာ ဖြစ်ပြီး၊ ဦးအားဖာသည် အခြားသူ ၄ ဦးနှင့်အတူ ပုံလို့မီးသဂြုင်္ိစက် ပြုလုပ်နေသည့် နေရာသို့ သွားရောက်ကြည့်ရှုပြီး နေအိမ်သို့ ပြန်ရန် ယာဉ်အား ကိုယ်တိုင် မောင်းနှင်လာစဉ် အာခါဈေးရှေ့ရှိ မီးပွိုင်လမ်းဆုံအရောက်တွင် အမည်မသိ အမျိုးသား ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက်ထက် မနည်း ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
.

(Photo - Sai Kham Boo)

'' သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကားသမားကတော့ သေဆုံးသွားတယ်လို့ အကြမ်းဖျဉ်း သိရတယ်။။ အမှုကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တဲ့အတွက် ဘာကိုမှ အတိအကျ ပြောလို့ မရသေးပါဘူး''ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး စန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခံရမှုကြောင့် ဦးအားဖာ၏ ယာနားထင်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာနံစောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဘက် လက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် စုစုပေါင်ကျည်ဖောက်ဝင် ဒဏ်ရာ ၆ ချက်ရရှိ၍ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း  သိရသည်။
.
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်လူသတ်မှုနှင့် ပတ်သက်၍ တာချီလိတ် မြို့မရဲစခန်းတွင် (ပ) ၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်၍ တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။


(Photo - Sai Kham Boo)

No comments:

Post a Comment