တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေးနှင့် ပတ်သက်၍ ဒေသခံ လူထုအပေါ် ရှင်းလင်းစွာ ချပြမှု မရှိဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 3, 2019

တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေးနှင့် ပတ်သက်၍ ဒေသခံ လူထုအပေါ် ရှင်းလင်းစွာ ချပြမှု မရှိဟု ဆို



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်မြို့ပေါ်ရပ်ကွက်များအတွင်း မြို့ ရေပေးဝေ ဖြန့်ဖြူးရေးအတွက် ရေ ပိုက်လိုင်းများ ချပေးရာတွင် ပြည်သူ လူထုအား ရှင်းလင်းစွာ ချပြမှုမရှိ ကြောင်း ဒေသခံ ပြည်သူများမှ ဝေ ဖန်ပြောဆိုလျက် ရှိသည်။
.
.
''စီမံကိန်းကာလမှာ စက်ယန္တရားတွေ အသုံးပြုပြီး မြေတူး၊ ရေပိုက်ချ စတဲ့ လုပ်ငန်းတွေ လုပ်ရင် ဖုန်ထ မယ်၊ လမ်းပျက်မယ်၊ အမြင်မလှတွေ ရှိမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့တာ ချီလိတ်မြို့ပေါ်မှာ စည်ပင်လုပ်တဲ့လမ်း တစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ မြို့ ပေါ်ဒေသခံနဲ့ စုပေါင်းပြီး ထည့်ဝင်တဲ့ လမ်းတွေလည်း ရှိတယ်။ ကိုယ်ပိုင် ဖောက်ထားတဲ့ ဈေးလမ်းတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ အများစုက တော့ ကတ္တရာလမ်းဖြစ်ပြီး၊ ကွန်က ရစ်လမ်းက အနည်းငယ် ပါတယ်။ တချို့ကတ္တရာလမ်းတွေဆိုရင် ရေပိုက် ထည့်ပြီး ကွန်ကရစ်နဲ့ ပြန်ပိတ်ခဲ့ တယ်။ အဲဒါမဖြစ်သင့်ဘူးလို့ ကျွန် တော်ထင်ပါတယ်''ဟု ဒေသခံတစ်ဦး က ပြောသည်။
.
တာချီလိတ်မြို့၊ အမှတ် (၁၁)ရပ် ကွက် လမ်းမ၊ လမ်းသွယ်များတွင် ရေပေးဝေ ဖြန့်ဖြူးရေး စီမံကိန်းလုပ် ငန်းများ ဆောင်ရွက်လျက်ရှိရာ ကတ္တ ရာလမ်းများအား ကွန်ကရစ်များ အ စားထိုးခင်းခြင်း၊ အိမ်နှင့် လမ်းအဝင်အထွက် များတွင် ရေပိုက်ချရန် မြောင်း များ ယာယီဖောက်လုပ်ထားပြီး ရက် အတန်ကြာမှ လာရောက်ဆောင်ရွက် ခြင်း၊ ဆေးရုံနှင့် ဈေးများအား ပိတ် ဆို့ တူးဖော်ခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူလူထုအပေါ် ချပြခြင်းမရှိ ကြောင်းနှင့် တိုင်တန်းမှုများ ရှိနေ ကြောင်း ဒေသခံများထံမှ သိရသည်။
.
အဆိုပါ တာချီလိတ်မြို့ ရေပေး ဝေ ဖြန့်ဖြူးရေး လုပ်ငန်းကို တာချီ လိတ်မြို့မှ အနောက်တောင်ဘက် ၉ မိုင်ခန့် အကွာရှိ ဖလဲတောင်ခြေ၊ မယ်ဆိုင်နွဲ့ချောင်းရေ သဘာဝ ရေအရင်း အမြစ်ကို သဘာဝစွမ်းအင် အခြေပြု ၍ ကျွမ်းကျင်အင်ဂျင်နီယာများ၏ ဦးဆောင်ကြီးကြပ်မှု၊ တာချီလိတ်မြို့ သက်ဆိုင်ရာဌာန၏ လမ်းညွှန်မှု၊ မြို့ မိမြို့ဖ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့၏ ပေါင်းစပ်ညှိနှိုင်းမှုအ ကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.