ရှမ်းတောင်၌ ၂ဝ၁၈ ခုနှစ်တွင် စည်းကမ်းပျက် မော်တော်ယာဉ် ၅ဝဝ ခန့်နှင့် ဆိုင်ကယ် ၁ဝဝဝ ခန့် အရေးယူထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, January 2, 2019

ရှမ်းတောင်၌ ၂ဝ၁၈ ခုနှစ်တွင် စည်းကမ်းပျက် မော်တော်ယာဉ် ၅ဝဝ ခန့်နှင့် ဆိုင်ကယ် ၁ဝဝဝ ခန့် အရေးယူထား



စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂ဝ၁၈ ခုနှစ်၌ စည်းကမ်းပျက်မော် တော်ယာဉ် ၅ဝဝ စီးခန့်နှင့် မော်တော် ဆိုင်ကယ် ၁ဝဝဝ စီးခန့်အား အရေးယူထားကြောင်း အမှတ် (၁၈)၊ ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
.
.
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စည်းကမ်းပျက် မော် တော်ယာဉ် ၄၇၉ စီး၊ စည်းကမ်းပျက်  မော်တော်ဆိုင်ကယ် ၉၁၉ စီး အ ရေးယူထား၍ တရားရုံးဒဏ်ငွေ ၁၈၂ သိန်း ၄ သောင်း ပေးဆောင်စေခဲ့ ကြောင်း သိရသည်။
.
''ယာဉ် ၂ ထပ် ရပ်တာတွေ၊ အနောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ် လမ်းမှာ သွားလာခွင့်ပြုထားတဲ့ ကုန် တင်ကားကြီးတွေ လမ်းပေါ်မှာ ကုန် တင်/ကုန်ချ လုပ်နေတာတွေ၊ လမ်း ပြောင်းပြန် ရပ်နေတဲ့ ယာဉ်တွေ လိုင်းကားတွေ သတ်မှတ်နေရာမှာ မ ရပ်ဘဲ ယာဉ်ကြောပိတ်ဆို့အောင်ရပ် တဲ့ ယာဉ်တွေ စတဲ့ စည်းကမ်းပျက် ယာဉ်တွေကို အရေးယူတာပါ။ ကုန် တင်ကားကြီးတွေ လမ်းပေါ်မှာ ရပ်နားပြီး ကုန်တင်ကုန်ချ ပြုလုပ်နေတာ ကို အရေးယူရင်တော့ စီးပွားရှာနေတဲ့ ကုန်ကားပိုင်ရှင်တွေက မကြိုက်ဘူး ပေါ့။ အဲဒီ ကုန်တင်ကားကြီးကြောင့် လမ်းပိတ်နေတဲ့ ပြည်သူတွေက ကျ တော့ ဖမ်းဆီးတာကို သဘောကျ တယ်။ အမျိုးမျိုးပေါ့။ ယာဉ်ထိန်းအနေနဲ့ ကတော့ ပြည်သူလူထုရဲ့ အသံ ကို နားထောင်နေပါတယ်။ ပြည်သူ တွေအနေနဲ့လည်း စည်းကမ်းလိုက် နာဖို့ လိုပါတယ်''ဟု အမှတ် (၁၈)၊ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုး ဇော်အောင်က ပြောသည်။
.
၂ဝ၁၇ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ပိုင်း၌ ယာဉ်မတော်တဆမှု ပေါင်း ၄၆၂ မှု၊ ထိခိုက်ဒဏ်ရာရသေ ဆုံးသူ ၅၂၄ ဦးရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ တတိယ အပတ်အထိ ယာဉ်မတော်တဆမှု ပေါင်း ၄ဝ၆ မှု၊ ထိခိုက်ဒဏ်ရာရ သေဆုံးသူ ၄၈၉ ဦးရှိကြောင်း အ မှတ် (၁၈)၊ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ မှူးရုံးမှ သိရသည်။
.