ကျိုင်းတုံတွင် ဇန်နဝါရီလမှ စတင်၍ လျှပ်စစ်ဓါတ်အားပေးသည့် အချိန်များ လျှော့ချ ဖြတ်တောက်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, January 25, 2019

ကျိုင်းတုံတွင် ဇန်နဝါရီလမှ စတင်၍ လျှပ်စစ်ဓါတ်အားပေးသည့် အချိန်များ လျှော့ချ ဖြတ်တောက်မည်



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့တွင် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ ရေအားလျှပ်စစ်ဖြင့် ဓါတ်အားဖြန့်ဖြူး ပေးလျက်ရှိရာ ပွင့်လင်းရာသီအ ချိန်များ၌ ရေအားလျော့နည်းလာသဖြင့် ဇန်နဝါရီလမှ စတင်၍ မြို့ နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓါတ်အားပေးသည့် အချိန်ကို လျှော့ချဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ ဇန်နဝါရီလ ၁၄ ရက်စွဲဖြင့် ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ရုံးသို့ ပေးပို့တင်ပြထားသည့် အကြောင်းကြားစာတွင် ရေအားနည်းချိန်ဖြစ် သောကြောင့် လျှပ်စစ်ဝန်အားလျှော့ချ ဖြတ်သွားမည်ဖြစ်ပြီး ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ နေ့စဉ် တစ်ရက်လျှင် လျှပ်စစ်မီး ဖြန့်ဝေချိန် ၁၃ နာရီ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
လျှပ်စစ်မီးပေးချိန် ဖြတ်တောက်မည့် နေရာများမှာ တောင်ကြီးလမ်း ရှိ ကျိုင်းတုံတက္ကသိုလ် ဝေါ်ခုတ်၊ ဝေါ် နိမ့်၊ ဟိုနောင်ဆင်၊ ကျိုင်းဖောင်း ရပ် ကွက်များပါဝင်ပြီး တာချီလိတ်လမ်း၊ ဂေါက်ကွင်း (ပန်ဟွန်း)၊ နောင်နွမ်း၊ ယန်းလူးလမ်းခွဲနှင့် ပန်ကွဲတောင်နေ ရာများ ပါဝင်ကြောင်း သိရသည်။
.
ထို့အပြင် မိုင်းလားလမ်းရှိ ကျိုင်း တုံကွန်ပျူတာတက္ကသိုလ်၊ကျိုင်း လိတ်၊ ယန်းလရွာနှင့် မိုင်းခတ်၊ မိုင်း ယန်းလမ်းရှိ နွဲ့နော၊ နောင်ဖာ၊ ယန်း လော၊ ဖိုင့်ဝိန်း၊ ဝမ်ဟကျေးရွာများ လည်း ပါဝင်ပြီး မြို့ပေါ်ရပ်ကွက် ၅ ခု၏ နေ့စဉ် လျှပ်စစ်မီးပေးချိန်နှင့်ဖြတ် ချိန်များအား ဖော်ပြထားခြင်း မရှိ ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်း ကျေး ရွာအုပ်စုအတွင်းရှိ ဝမ်ပေါင်၊ တင် ထပ်နှင့် ညောင်ညိုကျေးရွာများကို နေ့စဉ် လျှပ်စစ်ဝန်အားဖြတ်တောက် လျှော့ချမည့် စာရင်းတွင် ထည့်သွင်း ထားပြီး လျှပ်စစ်မီးပေးမည့်အချိန်ကို ဖော်ပြထား ခြင်းမရှိချေ။
.
အဆိုပါ လျှပ်စစ်ဝန်အား လျှော့ချမည့် အစီအစဉ်တွင် တပ်ရင်းတပ် ဖွဲ့နေရာအချို့ ပါဝင်နေပြီး လျှပ်စစ်မီး လိုအပ်ချက်များကို ဒီဇယ်စွမ်းအင်သုံး မီးပေးစက်များ အသုံးပြု၍ အားဖြည့် ရန် စီစဉ်ထားသည်ဟု ကျိုင်းတုံစွမ်း အင်ကုမ္ပဏီမှ သိရသည်။
.
''ကျိုင်းတုံမြို့ရဲ့ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကများနေပါတယ်။ သုံးစွဲမှုပမာဏ ၆၅ဝဝ ကီလိုဝပ် ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ စာချုပ်ချုပ် ဆိုစဉ်က ၂ဝ၁၆ ခုနှစ်မှာ အချိန် ပြည့်မီးလင်းအောင် ဆောင်ရွက် ပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ပြည့် မီအောင်မဆောင်ရွက် ပေးနိုင်သေး ပါဘူး''ဟု ကျိုင်းတုံမြို့ရှိပြည်နယ် လျှပ်စစ်ဒုတိယအင်ဂျင်နီယာချုပ် ဦးသိန်းထွန်းဝင်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယင်းပြောကြားချက်နှင့် ပတ် သက်၍ ကျိုင်းတုံမြို့ရှိ လျှပ်စစ်ဓါတ် အား သုံးစွဲနေသူ ဒေါ်စပယ်ဖြူက ''ကျိုင်းတုံ စွမ်းအင်ကုမ္ပဏီအနေနဲ့ ကတိတည်တဲ့အနေနဲ့ လျှပ်စစ်မီး အချိန်ပြည့်ရအောင် လုပ်ပေးဖို့တာ ဝန်ရှိတယ်လို့ ထင်ပါတယ်။ ကျွန်မ တို့ အိမ်တွေကို ယူနစ်ခပေးသွင်းဖို့ နောက်ကျခဲ့ရင်တော့ ဒဏ်ကြေးကို မဖြစ်မနေပေးဆောင်နေရပါတယ်။ ပြီးတော့ အခွင့်ထူးခံလျှပ်စစ်မီး အ ချိန်ပြည့်ရတဲ့ နေရာမျိုးတွေကိစ္စက အခုခေတ်မှာ မရှိသင့်တော့ဘူးလို့ ထင်ပါတယ်''ဟု ¤င်း၏ သဘောထား အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ကျိုင်းတုံစွမ်းအင်ကုမ္ပဏီသည် ၂ဝ၁၆ ခုနှစ်တွင် ၂၄ နာရီ အချိန်ပြည့် မီးပေးနိုင်ရမည်ဟု ၂ဝ၁၄ ခုနှစ်က ပြည်ထောင်စုအစိုးရအဖွဲ့၊ လျှပ်စစ် ဝန်ကြီးဌာနနှင့် ကတိစာချုပ်ချုပ်ဆို ခဲ့သည်ဟု ကျိုင်းတုံမြို့၊ လေယာဉ် ကွင်းလမ်းရှိ မြို့တော်ခန်းမတွင် ပြု လုပ်သည့် ပြည်သူလူထုတွေ့ဆုံရှင်း လင်းပွဲတွင် ကုမ္ပဏီတာဝန်ရှိသူများ က  ပြောဆိုခဲ့သော်လည်း ကတိအ တိုင်း မဖြစ်လာခဲ့ခြင်းကြောင့် ၂ဝ၁၆ ခုနှစ်တွင် ဒေသခံပြည်သူများက ဆန္ဒ ပြရန် တောင်းဆို စီစဉ်ခဲ့ဖူးသည်ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယလျှပ် စစ်အင်ဂျင်နီယာချုပ် ဦးသိန်းထွန်း ဝင်းထံမှ သိရသည်။
.

No comments:

Post a Comment