ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, January 26, 2019

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ကျင်းပမည်



စိုင်းရာဇာ
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို တောင်ကြီးမြို့ရှိ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၈ ရက်၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
လွှတ်တော်အစည်းအဝေး တက် ရောက်နိုင်ရေးအတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။
.
''၁၃ ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို လည်း ဖိတ်ကြားထားပြီးပါပြီ။ အ စည်းအဝေး ဘယ်နှရက်ကြာမယ်ဆို တာကတော့ အတိအကျမသိရသေးပါဘူး''ဟု  ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ဒီ ဇင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အထိ ရုံးပိတ်ရက် ၂ ရက်နား၍ ၅ ရက် ကြာ ကျင်းပပြုလုပ်ခဲ့ကာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ဝ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၇၅ ခု မေးမြန်း ခြင်းနှင့် အဆို ၂ ခုတင်သွင်းခြင်း တို့ကိုဆောင်ရွက်ခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ကွယ်လွန်ခြင်းအ တွက် ဝမ်းနည်းကြောင်း အဆိုအား မှတ်တမ်းအဖြစ်ထားရှိခဲ့ပြီး မြေငှား ဂရမ်များကို စီမံချက်ဖြင့် ပြုလုပ်ပေး ရေးအဆိုအား အတည်ပြုနိုင်ခဲ့ ကြောင်း သိရသည်။
.
''အခုကျင်းပမယ့် ရှမ်းပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာတော့ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းသွားဖို့ ရှိပါတယ်။ မေးမြန်းမယ့် မေးခွန်းကတော့လော လောဆယ်တော့ အတိအကျပြောလို့ မရသေးဘူး။ အဆိုအနေနဲ့တော့ တင်သွင်းဖို့ မရှိပါဘူး''ဟု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စား လှယ် တစ်ဦးဖြစ်သူ နမ့်စန်မြို့နယ်မဲဆန္ဒနယ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် လွှတ်တော်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  စုစုပေါင်း ၁၄၁ ဦး ရှိရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၃၁ ဦး၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ် စားလှယ် ၂၈ ဦး၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၂၄ ဦး၊ တအာင်း(ပလောင်)အမျိုးသား ပါတီမှ ကိုယ်စားလှယ် ၆ ဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ ကိုယ်စား လှယ် ၆ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ  ကိုယ်စားလှယ် ၂ ဦး၊ ''ဝ'' ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ၂ ဦး၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ် စားလှယ် ၁ ဦး၊ ကိုးကန့်ဒီမိုက ရေစီနှင့် ညီညွတ်ရေးပါတီမှကိုယ် စားလှယ် ၁ ဦး၊ ''ဝ''အမျိုးသားစည်း လုံးညီညွတ်ရေးပါတီမှ ကိုယ်စား လှယ် ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးနှင့် တပ်မတော် သား ကိုယ်စားလှယ် ၃၆ ဦးတို့ဖြင့် ပါ ဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
.

No comments:

Post a Comment