တောင်ကြီးမြို့မဈေး အတွင်း လမ်းအား ကွန်ကရစ်ခင်းပြီးနောက် မူလပျံကျဈေးသည်များကိုသာ နေရာပြန်ချပေးထားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, January 30, 2019

တောင်ကြီးမြို့မဈေး အတွင်း လမ်းအား ကွန်ကရစ်ခင်းပြီးနောက် မူလပျံကျဈေးသည်များကိုသာ နေရာပြန်ချပေးထားမည်



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင် ကြီးမြို့၊ မြို့မဈေးအတွင်းရှိ ဈေးပတ် လမ်းအား မီးသတ်ကား ဝင်ထွက်သွား လာနိုင်ရေးအတွက် ကွန်ကရစ်လမ်း အသစ် ပြန်လည်ခင်းခြင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီးလမ်းခင်းမှု လုပ်ငန်းများ ပြီးစီးပါက မူလပျံကျဈေး သည်များကိုသာ ပြန်လည်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
''ဒီလမ်းကို ခင်းရတဲ့ အဓိကအကြောင်းကတော့ မီးသတ်ကားတွေ အရေးပေါ် ဝင်ထွက်သွားလာနိုင် အောင်နဲ့ ပျံကျဈေးသည်တွေ စနစ်တ ကျ ရောင်းချမှုရှိအောင်လို့ပါ။ ဈေး ဝယ်လာတဲ့ ပြည်သူတွေအတွက် ဒီ လမ်းကို စနစ်တကျလေး လုပ်ပေးထား တော့ သွားလာရအဆင်ပြေတယ်။ လမ်းခင်းပြီးရင် လမ်းဘေးမှာ ဈေး ရောင်းခွင့် မပေးတော့ပါဘူး။ လူသွား လမ်း သီးသန့် ဖြစ်တော့မှာပါ။ မူလ ရှိနေတဲ့ ပျံကျဈေးသည်တွေကိုတော့ လမ်းဘေးဝဲယာမှာ ပြန်ပြီး နေရာချ ထားပေးမှာပါ''ဟု မြို့မဈေးတာဝန်ခံ ဦးခင်အေးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ပျံကျဈေးသည်များကို ကွန်ကရစ်လမ်းပေါ်တွင်ရောင်း ချခွင့် ပြုတော့မည် မဟုတ်ဘဲ လမ်း ဘေးဝဲယာနေရာများတွင်သာ မူလရှိ နှင့်ပြီးသော ပျံကျဈေးသည်များအား နေရာ ပြန်လည်ချထားပေးပြီး ရောင်း ချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
.
ယင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၂ဝ ရက်မှ စတင်၍ လုပ်ဆောင်လျက်ရှိပြီး လမ်း အရှည် ၁ဝဝ၄ ပေနှင့် အကျယ် ၉ ပေ၊ ထု ၆ လက်မရှိပြီး ရန်ပုံငွေကျပ် ၂၇၅ သိန်း အကုန်အကျခံကာဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် မြို့မဈေးအတွင်း လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ် ငန်း ဆောင်ရွက်လျက်ရှိရာ ပျံကျဈေး သည်များမှာ ဈေးရောင်းချနိုင်မှု မရှိ ဘဲ ဈေးဝယ်လာသူ အများစုအနေဖြင့် ပျံကျဈေးသည်များကိုသာ အဓိက အားထား ဝယ်ယူနေကြခြင်းဖြစ်သည့် အတွက် ဈေးအတွင်း ဈေးရောင်း/ ဈေးဝယ်များ နည်းပါးလျက်ရှိကြောင်း သိရသည်။
.
မြို့မဈေးသည် တောင်ကြီးမြို့၏ အဓိက ကုန်စည်စီးဆင်းရာ နေရာ တစ်ခုဖြစ်သည့်အပြင် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများသို့ ကုန်စည်ပို့ ဆောင်ရာ အချက်အခြာနေရာတစ်ခု လည်းဖြစ်သည်။ မြို့မဈေးအတွင်း ဈေးရုံပေါင်း ၁၉ ရုံ၌ ဆိုင်ခန်းပေါင်း ၁၉ဝဝ ကျော် ရောင်းချလျက်ရှိပြီး ပျံကျဈေးသည်များလည်း ရှိနေ ကြောင်း သိရသည်။
.

No comments:

Post a Comment