ကျန်းမာရေးအတွက် ရေတစ်ခွက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, January 28, 2019

ကျန်းမာရေးအတွက် ရေတစ်ခွက်



ရဲဘော်မြသိန်း (ဟိုပုံး)
.
.
ရေဟာ ကျွန်တော်တို့ လူသားတွေရဲ့ ပတ်ဝန်းကျင်မှာ ဈေးအပေါများဆုံ အရာတစ်ခုဖြစ်ပါတယ်။ အလကားရနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ လွယ်လွယ်ကူကူရနိုင်တဲ့အရာလည်း ဖြစ်ပါတယ်။ သောက်သုံးတဲ့ အခါမှာလည်း ခဲရာခဲဆစ် မရှိတဲ့ အရာဖြစ်ပါတယ်။ အ သက်အရွယ် အပိုင်းအခြားမရွေး မွေးစမှသေဆုံး ချိန်အထိ ရေသောက်ကြရပါတယ်။ ရေသောက်တဲ့အခါမှာလည်း ဝမ်းဗိုက်ထဲကို ''ဂလုပ်''ဆိုပြီး ချောချော မွေ့မွေ့ ရောက်သွားတာပါပဲ။
.
အဲဒီလို ရိုးရှင်းပြီး လူသားတွေအတွက်ဘာ ပြဿနာမရှိတဲ့၊ တစ်နည်းအားဖြင့် စိန်ခေါ်မှုတွေ ကင်းရှင်းတဲ့ ''ရေ''ဟာ လူတစ်ယောက်အတွက် ''အသက်''လို့ ပြောရမှာ ဖြစ်ပါတယ်။ လူအပါအဝင် သက်ရှိသတ္တဝါတွေဟာ တခြား အာဟာရတွေ မရှိဘဲ အတန်ကြာအောင်အ သက်ရှင်နေနိုင်ကြပါသေးတယ်။ ဒါပေမဲ့ ရေလုံး လုံး မရှိလို့ကတော့ ချက်ချင်းသေမှာ ဖြစ်ပါ တယ်။ ''ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်''လို့လည်း ဆိုရိုးစကား ရှိပါတယ်။ ရေဟာ လူတွေ စားသုံးတဲ့ တခြားအစားအစာ တွေထက်ပိုပြီး အရေးကြီးတဲ့ သဘောပါပဲ။ ဒါ ကြောင့် ရေကို ''အသက်''လို့ ဆိုခဲ့တာပါ။
.
နောက်ပြီး အာဟာရရှုထောင့်က ကြည့်ရင် အသေးငယ်ဆုံးနဲ့ အခြေခံအကျဆုံး အစိတ်အ ပိုင်းဆဲလ် တစ်ခုတည်းသာ ရှိတဲ့ အဏုဇီဝရုပ်မှ ဆဲလ်ပေါင်း ကုဋေကုဋာရှိတဲ့ လူအထိ သက်ရှိမှန်သမျှဟာ ရေဆိုတဲ့ အာဟာရ မရှိမဖြစ် လိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ရေက (၇ဝ) ရာ ခိုင်နှုန်းပါ ရှိပါတယ်။ ဒီနေရာမှာ ထူးဆန်းတာ ကလေးတစ်ခု တင်ပြချင်ပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ရေဟာ ကမ္ဘာ့မျက်နှာ ပြင်ရဲ့ (၇ဝ) ရာခိုင်နှုန်းခန့် ဖုံးလွှမ်းနေရာယူထားပါတယ်။ လူတစ်ယောက်မှာရှိတဲ့ ရေရဲ့ ပ မာဏနဲ့ ကမ္ဘာကြီး တစ်ခုလုံးရဲ့ ရေပမာဏဟာ အချိုးတွေ တူညီနီးစပ်နေတာကို ပြောတာပါ။ ဂမ္ဘီရများ ဆန်နေမလားဘဲ။
.
ဆက်ပြီး တင်ပြပါဦးမယ်။ လူ့ခန္ဓာကိုယ် အတွင်း အစိတ်အပိုင်းတွေ တစ်ရှူးတွေနဲ့ ကိုယ်တွင်းက အရည်တွေမှာ ရေတွေပါဝင်နေပါတယ်။ ဦးနှောက်မှာ (၇၅) ရာခိုင်နှုန်း၊ သွေးမှာ (၈ဝ) ရာခိုင်နှုန်း၊ ကြွက်သားမှာ (၇၅) ရာခိုင်နှုန်းနဲ့ အရိုးမှာ (၂၂) ရာခိုင်နှုန်း ဖြစ်ပါတယ်။ အရိုး၊ အသွားနဲ့ မွေးညင်းဆံပင်တွေမှာတော့ ရေအနည်းငယ်စီသာ ပါဝင်ကြပါတယ်။
.
တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲ မှာရှိတဲ့ရေဟာ တည်မြဲတည်ရှိနေတာ မဟုတ်ပါဘူး။ အမြဲတစေ ဆုံးရှုံးကုန်ခန်းနေပါတယ်။ ကျွန်တော်တို့ ဆီးသွားတဲ့အခါ၊ ဝမ်းသာတဲ့အခါ၊ ချွေးထွက်တဲ့အခါ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း လုပ်တဲ့အခါ၊ အသက်ရှုထုတ်တဲ့အခါ၊ မျက်ရည်ထွက်တဲ့အခါ၊ ယုတ်စွအဆုံး တံတွေးထွေးတဲ့အခါ၊ သွားရေကျတဲ့အခါ၊ နှာညှစ်တဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ ဟပ်ချိုးချီတဲ့ အခါ၊ အော့အန်တဲ့အခါ၊ ထိခိုက်ဒဏ်ရာတွေ ရတဲ့အခါတွေမှာ ရေဆုံးရှုံးမှု အမြဲရှိနေပါတယ်။ ရေငွေ့အဖြစ် ဆုံးရှုံးသွားတာတွေလည်း ပါတာပေါ့။ လူဆိုတာက ခန္ဓာကိုယ်မှာ ရေ ၁ဝ ရာခိုင် နှုန်း လျော့နည်းနေရင် နေမကောင်းထိုင်မသာ ဖြစ်ပြီး (၂ဝ) ရာခိုင်နှုန်းလျော့နည်းနေရင် အသက်အန္တရာယ် နီးစပ်ပြီး (၂ဝ) ရာခိုင်နှုန်း အောက်ဆိုရင် အထက်မှာ တင်ပြခဲ့သလိုသေတော့မယ်ပေါ့ဗျာ။ ဒါကြောင့် ရေကို လူ့ခန္ဓာ ကိုယ် လိုအပ်ချက်အရ အမြဲဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ရေသောက်ပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ရေတစ်ခွက်။
.
ဒီနေရာမှာ လူ့ခန္ဓာကိုယ်မှာ ရေရဲ့လုပ် ဆောင်ရတဲ့ အဓိက အချက် (၄)ချက်ကို တင် ပြချင်ပါတယ်။ (၁)အာဟာရဓာတ်တွေကို ကိုယ် ခန္ဓာအနှံ့ ပို့ဆောင်ပေးတာ။ (၂) အညစ်အကြေး တွေကို ခန္ဓာကိုယ်ပြင်ပကို ပြန်ထုတ်ပေးတာ။ (၃) ခန္ဓာကိုယ် အပူအအေးမျှတအောင် ထိန်းသိမ်းပေးတာ။ (၄) လူ့ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ ဆဲလ်တွေ ဖြစ်ပေါ်အောင် ဆောင်ရွက်ပေးတာတွေပဲ ဖြစ်ပါတယ်။
.
ကဲ လူ့ခန္ဓာကိုယ်ကို ရေဖြည့်တင်းပေးရတဲ့ အကြောင်း ပြန်ဆက်ကြရအောင်။ ကျွန်တော်တို့တွေဟာ အရလွယ် အသောက်ရလွယ်တဲ့ရေကို ပေါ့ပေါ့တန်တန် အသုံးပြုသောက်သုံးကြတာများပါတယ်။ အလေးအနက် မထားကြသူ က အများဆုံး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျန်းမာရေးအတွက် ရေတစ်ခွက်ဆိုတာကို သိနားလည်မှု မရှိကြပါဘူး။ ကျန်းမာရေးအတွက် ဆေးတစ်ခွက် ဆိုတာကိုသာ ကြားဖူးသိရှိကြ ပါတယ်။ တစ်နည်းအားဖြင့် ရေရဲ့ တန်ဖိုးကို အပြည့်အဝ မသိရှိကြပါဘူး။ ''ရေဆာရင် ရေသောက်လိုက်မယ် ။ ဒါလောက်ပဲ သိကြပါတယ်။ ဒါထက် ပိုပြီးသောက်ရင် အကျိုးပိုရှိမယ်ဆိုတာကို ဆက်ပြီးမသိကြတာများပါတယ်။ ဆင်ခြင်တုံ အသိပညာနဲ့ သောက်ရင် အကျိုးအများဆုံး ဖြစ်ထွန်းမယ်ဆိုတာကိုလည်း မသိကြပါဘူး။ လူတိုင်းကိုတော့ မဆိုလိုပါ။ ကျန်းမာရေးအသိ အားနည်းသူတွေကိုသာ အဓိက ဆိုလိုပါတယ်။။
.
တကယ်တော့ လူတစ်ယောက်ဟာ ရေဆာနေပြီလို့ ခံစားလိုက်ရချိန်မှာ လိုအပ်တဲ့ ကိုယ်တွင်းရေပမာဏထက် ရေခွက်နှစ်ခွက်လောက် လျော့နည်းနေပါပြီ။ အဲ့ဒီလို မဖြစ်ရပါဘူး။ တစ်နည်းအားဖြင့် ရေဆာမှ ရေသောက်တာမျိုး မလုပ်ရပါဘူး။ ရေဆာတော့မယ့်အချိန် အနီးပတ်ဝန်းကျင် မတိုင်ခင် ရေသောက်ထားရပါမယ်။ ဆက်ပြီးလည်း သောက်ရပါမယ်။ ရေကိုဆာသည်ထက် ပိုသောက်လို့လည်း ရပါတယ်။ ဒါကို အလေ့အကျင့် လုပ်ထားရပါမယ်။ ခန္ဓာကိုယ်က ရေလိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်း ဆောင်ရွက်ချက်တစ်ရပ်ပါ။ ကျန်းမာရေးအ တွက် ရေတစ်ခွက်ပါ။
.
ကျွန်တော်တို့တတွေ ရေကို လုံလုံလောက်လောက် မသောက်ရင်၊ ခန္ဓာကိုယ် လိုအပ်ချက်ကို အပြည့်အဝ မဖြည့်ဆည်းရင် ကျောက်ကပ် ကျောက်တည်ရောဂါ ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါကို ရေသောက်ပြီး ကာကွယ်နိုင်ပါတယ်။ ရေဟာ ဆီးအတွင်းမှာရှိတဲ့ ကျောက်တည်စေနိုင်တဲ့ အရာတွေကို ပျော်ဝင်သယ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးအိမ်ထဲမှာရှိတဲ့ မကောင်းတဲ့ ပိုးတွေကို ထွက်သွားစေပြီး ဆီးလမ်းကြောင်း ရောဂါကို ဟန့်တားနိုင်ပါတယ်။ ဒါ့အပြင် ရေကို ခန္ဓာကိုယ်မှာ မဖြည့်ဆည်းနိုင်ရင် အစာဟောင်းတွေ မာခဲပိတ်ဆို့ ဝမ်းချုပ်ပြီးတော့ အူနဲ့ အူမမှာ ရောဂါဖြစ်နိုင်ပါတယ်။ ရေကောင်းစွာ ဖြည့်ဆည်းပေးရင်တော့ အစာဟောင်းကို အချိန်မှန် စွန့်ထုတ်နိုင်ပါတယ်။ ဝမ်းတစ်လုံးကောင်း ရင်ခေါင်းမခဲဘူးဆိုတာမျိုးဖြစ်အောင် ရေသောက်ရပါမယ်။
.
နောက်ပြီးတော့ လူတစ်ယောက် ချောင်းဆိုး နေမယ်။ လည်ချောင်းနာနေမယ်၊အသက်ရှု လမ်းကြောင်း ကူးစက်ရောဂါ  (ဥပမာ ထိပ်ကပ် နာရောဂါ) ဖြစ်နေမယ်ဆိုရင် ရေများများ သောက်ပေးလိုက်တာနဲ့ သက်သာစေ ပါတယ်။ ရေဟာ လည်မျိုထဲမှာခဲနေတဲ့ သလိပ်တွေကိုလည်း ကျဲပါးသွားစေပြီး ရင်ပူနာ၊ လေပူနာတွေ ကိုလည်း သက်သာစေပါတယ်။ ရေသောက်ရင် ခန္ဓာကိုယ်ထဲက ကလီစာတွေကို နိုးကြွလာ အောင် လုပ်ပေးတာနဲ့ အတူတူပါပဲ။ လူ့စွမ်းအင်ကို ပြည့်ဝနေစေပြီး နိုးကြားတက်ကြွလာတယ်။ ရေဟာ ခန္ဓာကိုယ်သွေးထဲမှာ အများဆုံးပါရှိပြီး ရေဓာတ်မလုံလောက်ရင် သွေးတွေပျစ်လာပါ တော့တယ်။ ဒါဆို သွေးလည်ပတ်မှု ခက်ခဲလာ တာပေါ့။ ဦးနှောက် မလန်းဆန်းတော့ဘဲ ပင်ပန်းရှုပ်ထွေးလာတာပေါ့။ ဦးနှောက်ချောက်တာပေါ့။ ဦးနှောက်ပိုင်ရှင် မဟာလူသားတွေ ဦးနှောက်ကောင်းအောင် ဉာဏ်ရွှင်လန်းအောင် ရေပိုသောက်ရမှာပါပဲ။
.
အခု တင်ပြနေတာတွေက ရေသောက်ခြင်း ရဲ့ အကျိုးရလဒ်တွေပါ။ ဆက်ပြီး တင်ပြပါဦး မယ်။ လူတွေဟာ ဖျားနာတတ်ပါတယ်။ အထူး သဖြင့် ဗိုင်းရပ်စ်ပိုး ကူးစက်မှုကနေ ဖြစ်တာပါ။ အဲ့ဒီအခြေအနေမှာ ရေကို ပိုပိုမိုမို သောက်ရင် အဖျားကျပါတယ်။ မြန်မြန်ပျောက်ပါတယ်။ ရေသောက်ပြီး ဆီးသွားတော့ အပူတွေ ဆီးထဲမှာ ပါသွားပြီး ကိုယ်အပူကျပါတယ်။ အဲဒီလို မဟုတ်ဘဲ အပူတွေ တင်းခံနေရင် (သို့မဟုတ်)ရေဓာတ် မလုံလောက်ရင် အဖျားရောဂါ တာရှည်သွားမှာ ဖြစ်ပါတယ်။
.
ကျွန်တော်တို့တွေ ညဘက်အိပ်တဲ့အခါ အိပ်ပျော်နေတုန်း ရေဓာတ်ဆုံးရှုံးနေပါတယ်။ ဒါ ကို ဖြည့်ဆည်းဖို့ မအိပ်ခင် ရေသောက်ထားရမှာ ဖြစ်သလို အိပ်ယာထထချင်းလည်း ရေသောက် ရပါမယ်။ ဒီနေရာမှာ မအိပ်ခင် ရေတစ်ခွက် သောက်ပေးတဲ့အတွက် လေသင်တုန်းဖြတ်တာနဲ့ နှလုံးရုတ်တရက် ဖောက်တာတွေကို ကာကွယ်ပြီးသား ဖြစ်သွားတယ်ခင်ဗျ။
.
အဲ အရေးကြီးအချက်တစ်ချက် တင်ပြပါဦးမယ်။ ကိုယ်ဝန်ဆောင် မိခင်တွေဟာ မိမိကိုယ်တိုင်နဲ့ ဝမ်းထဲက ကလေးအတွက် ရေဓာတ်ပိုပြီး လိုအပ်ပါတယ်။ ဒါကြောင့် ရေပိုပြီးသောက်ရပါမယ်။ သာမန်လူတွေ သာမန် အချိန်တွေမှာ တစ်နေ့ရေ ဖန်ခွက် (၈)ခွက်လောက်သောက် ကြရပါတယ်။ ကိုယ်ဝန်ဆောင်တွေက တစ်နေ့ ရေ (၁ဝ) ခွက်၊ (၁၁)ခွက်လောက် သောက်သင့် ကြပါတယ်။ နောက်ပြီး ကလေး မီးဖွားပြီးလို့ နို့တိုက်ရပြီဆိုရင်လည်း မိခင်နဲ့ ကလေးအတွက် တစ်နေ့ ရေဖန်ခွက် (၁၂) ခွက် (၁၃) ခွက် လောက် သောက်သင့်ကြပါတယ်။ ဆေးပညာ ရှင်တွေရဲ့ အကြံပြုချက်တွေပါ။
.
စာရှုသူများခင်ဗျား ကျွန်တော်တို့ လူသား တွေဟာ ရေဓာတ်နဲ့ ဖွဲ့စည်းတည်ဆောက်ထား တဲ့ ''ရုပ်''သတ္တဝါတွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့် လူနဲ့ ရေဓာတ်တို့ရဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုတွေကို သိထားသင့်ကြပါ တယ်။ အားလုံး သိရမယ်လို့တော့ မဆိုလိုပါ ဘူး။ သိရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အသိ များလေ၊ ဆင်ခြင်လုပ်ဆောင်နိုင်လေ။ အကျိုး ရှိလေပေါ့။ ဥပမာ ရေသောက်ရင် အသားအ ရေပျော့ပြောင်းပြီး ဝင်းလက်လှပ စိုပြေနုပျိုစေတာတို့ ရေဓာတ် မလုံလောက်ရင် အိုမင်းရင့် ရော်လွယ်တာတို့ မျက်တွင်းချိုင့်တာတို့၊ ဝမ်း လျှော၊ ဝမ်းပျက်ရင် ရေဓာတ်တွေ ကုန်ဆုံးလို့ ရေသောက် ဖြည့်ဆည်းပေးရတာတို့၊ အစာ အိမ်အချဉ်ပေါက်ရင် နာရီဝက်လောက်စီ ခြား ခြားပြီး ရေသောက်ပေးရင် သက်သာတာတို့၊ ရေမချိုးခင် ရေတစ်ခွက်လောက် သောက်ပေးရင် သွေးပေါင်ချိန် ကျတာတို့၊ ရေဝုန်းကနဲ ဒိုင်းကနဲ မချိုးသေးဘဲ ရေချိုးမှာကို ခန္ဓာကိုယ်သိအောင် ရေဦးစွာ ဆွတ်ဖျန်းပေးတာတို့၊ ထမင်းစားပြီးပြီးချင်း ရေချိုးရင် အစာအိမ်အစာချက်တာကို အနှောင့်အယှက် ဖြစ်တာတို့ ကိုယ်အလေးချိန်များရင် ကာယလုပ်သားဖြစ်ရင် ရေပိုပြီးသောက် ရတာတို့၊ မိမိရဲ့ ဆီးဟာ ဝါဖျော့ဖျော့ အရောင်သာ ဖြစ်သင့်တာတို့၊ ပူပြင်းတဲ့ နွေရာသီနဲ့ အားကစား လှုပ်ရှားလေ့ကျင့်တဲ့ အချိန်တွေမှာ ရေပိုသောက်ရတာတို့၊ အသန့်ရှင်းဆုံးရေဖြစ်အောင် ကျိုချက်သောက်ရတာတို့စတဲ့ အဲ့ဒါတွေ ကို ခရီးသွားဟန်လွဲ သဘောမျိုး သိထားသင့် ကြပါတယ်။ ဒီအသိတွေနဲ့ သောက်လို့ရေတွေ ပိုလွန်သွားတယ်ဆိုတာ မရှိပါဘူး။ ရေသောက်တာ ပိုလွန်ရင် (ဥပမာ ဖန်ခွက် ၁၆ ခွက်လောက် တစ်နေ့ သောက်ရင်) မကောင်းပေမယ့် ကျွန် တော်တို့ တိုင်းရင်းသား လူမျိုးတွေမှာ အဲဒီ လောက်အခြေအနေထိ ရောက်အောင်သောက် တဲ့လူ ရှားမှရှားပါတယ်။
.
အခုဆောင်းပါး နိဂုံးချုပ်ခါနီးမှာ သိထား သင့်တာလေးတွေ တချို့ကျန်သေးတယ်ဗျ။ စင်စစ် လူ့ခန္ဓာကိုယ်မှာ ရေဓာတ်တွေ ဆုံးရှုံးသွားတာကို ပြန်ဖြည့်တာဟာ ရေသောက်တာ ပဲဗျ။ ရေသောက်မှ ရေဓာတ်၊ ရေအာဟာရ ရတာဗျ။ ဒါပေမဲ့ ရေကိုအသားအမျိုးမျိုး၊ ဟင်း သီးဟင်းရွက်၊ အသီးအမျိုးမျိုး၊ လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့၊ ဘိလပ်ရည်လို့ အချိုရည်တွေ ကလည်း ရနိုင်တယ်ဗျ။ ယုတ်စွအဆုံး၊ အရက်၊ ဘီယာ စတာတွေကလည်း ရေရနိုင်တာပဲ၊ ဒါပေမဲ့ လုံလောက်မှု မရှိဘူး။ ရေသောက်သလို အချိန်မရွေး နေရာမရွေး စားမျိုလို့ ရတာမျိုး မဟုတ်ဘူး။ သူတို့ကို သောက်ရင် ပြန်ပြီးဆီး (ရေ) ဆုံးရှုံးတာနဲ့ မကာမိဘူး။ ရေသောက်တာ လောက် အဲဒီအစားအစာတွေက စိတ်မချရဘူး။ မသေချာဘူး။ ရေအာဟာရ ဖြစ်ထွန်းဖို့ အကျိုး ရလဒ် ဖြစ်သင့်သလောက် မဖြစ်ဘူး။ ဒါကြောင့် ရေသောက်တာကိုပဲ ဦးစားပေး တင်ပြရခြင်း ဖြစ်ပါတယ်။
.
ကဲ ကျွန်တော်တို့တတွေ အခုအချိန်ကစပြီး ဆင်ခြင်တုံ အသိတရားနဲ့ သတိထားပြီး ရေကို နှစ်နှစ်ခြိုက်ခြိုက်၊ ပျော်ပျော်ပါးပါး အားပါးတရ သောက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။ ကျန်းမာရေးအတွက် ရေတစ်ခွက်ပါ ခင်ဗျာ။
.

No comments:

Post a Comment