ရမှတ် ၂ မှတ်သာ ရရှိသေးသည့် ရှမ်းအသင်း တန်းတက် ဒဂုံအက်ဖ်စီနှင့် ယှဉ်ပြိုင်ရမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, January 25, 2019

ရမှတ် ၂ မှတ်သာ ရရှိသေးသည့် ရှမ်းအသင်း တန်းတက် ဒဂုံအက်ဖ်စီနှင့် ယှဉ်ပြိုင်ရမည်

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁)နှင့် (၂)တို့တွင် အဝေးကွင်း နှစ်ပွဲဆက် သရေ ရလဒ်သာ ရရှိပြီး ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇယား၏ အဆင့် ၈ နေရာတွင်သာ ရပ်တည်နေသော ရှမ်းယူနိုက်တက်အသင်းသည် မနက်ဖြန် ဇန်န၀ါရီလ ၂၆ ရက်၊ ညနေ ၄ နာရီတွင် တန်းတက် ဒဂုံအက်ဖ်စီ အသင်းနှင့် လိဂ်ပွဲစဉ် (၃)အဖြစ် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
.
ရှမ်းအသင်းသည် ပွဲစဉ်(၁)တွင် စစ်ကိုင်းအသင်းနှင့် တစ်ဂိုးစီဖြင့် လည်းကောင်း၊ ပွဲစဉ်(၂)တွင် ရတနာပုံအသင်းနှင့် ၂ ဂိုးစီဖြင့် လည်းကောင်း သရေရလဒ်သာ ရရှိ၍ ရာသီဖွင့် နိုင်ပွဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။


ရှမ်းပြည်နယ် ကိုယ်စားပြုအသင်း၏ ၀ါရင့်ဂိုးသမား သီဟစည်သူမှာ ရတနာပုံနှင့် ပွဲစဉ်တွင် ဘယ်ဘက် လက်သူကြွယ်၌ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဒဂုံအသင်းနှင့် ပွဲစဉ်တွင် လက်ရွေးစင်ဂိုးသမား ဘုန်းသစ္စာမင်း ပါဝင်လာဖွယ် ရှိနေသည်။
.
ခြေစွမ်းကောင်းများ ရရှိထားသည့် ဒဂုံအက်ဖ်စီ အသင်းနှင့် အမှတ်လိုအပ်နေသော ရှမ်းအသင်းတို့၏ ပွဲစဉ်သည် ပွဲကောင်း တစ်ပွဲ ဖြစ်လာမည် ဖြစ်ပြီး ရှမ်းအသင်း၏ အဓိကပြိုင်ဘက် အသင်းကြီးများ ဖြစ်သည့် ရန်ကုန်နှင့် ရတနာပုံတို့၏ ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းယူကာ နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်၍ အမှတ်ပေးဇယား အဆင့်တက်နိုင်ရေးကို အစွမ်းကုန် ကြိုးစားလာနိုင်ဖွယ်လည်း ရှိနေသည်။
.
ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၂)အပြီးတွင် အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာ၌ ရန်ကုန်ယူနိုက်တက်က ရမှတ် ၆ မှတ်ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ရခိုင်ယူနိုက်တက်နှင့် တတိယနေရာတွင် ဧရာဝတီယူနိုက်တက်တို့က ရမှတ် ၄ မှတ်၊ ဂိုးကွာခြားချက်ဖြင့် အသီးသီး ရပ်တည်နေလျက်ရှိသည်။

No comments:

Post a Comment