တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 24, 2019

တစ်ပတ်တာ ကံကြမ္မာ



ဆရာ ယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက် အထိ
.

တနင်္ဂနွေ
.
စိတ်ရှုပ်ထွေးရလိမ့်မည်။ ခက်ခဲသောကိစ္စများ ပေါ်ပေါက်လာမည်။ ငွေကြေးအဝင်နည်းနေမည်။ ငယ်သူကြောင့် အလုပ်များရမည်။ ကွဲကွာနေသော သူငယ်ချင်း ပြန်ဆုံမည်။ စာချုပ်စာတမ်းပြုလုပ်ရ မည်။ လျှပ်စစ်ပစ္စည်းပြုပြင်ရမည်။ အလုပ်အကိုင်နည်းနည်းနှေးနေလိမ့်မည်။ မိခင်ရှိသူများ မိခင်ကျန်းမာ ရေး နည်းနည်းညံ့ပါမည်။ ကုန်သည်များ ကုန်ပစ္စည်းကိစ္စကြောင့် ခရီးသွားရမည်။ ဝန်ထမ်းများ ဖိအား ဒဏ်ခံရလိမ့်မည်။ ပွဲစားများတို့မှာ အိမ်၊ မြေ အရောင်းအဝယ်ကိစ္စကြောင့် စိတ်မောနေရလိမ့်မည်။ ငယ် သူများအချစ်ရေးကိစ္စတွင် ချစ်သူကြောင့် ပျော်ရွှင်ကျေနပ်ရမည်။ အလည်သွားရမည်။ ကျန်းမာရေးကိစ္စ များတွင် ယားယံမည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၃/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မြေပဲယိုလှူပါ။
.
တနင်္လာ
.
ကားအောက်ပိုင်း ပျက်လိမ့်မည်။ ပြုပြင်ရမည်။ ဖုန်းအနည်းငယ် ကြောင်သွားမည်။ အဝေးမှအဆက် အသွယ်ကောင်းရမည်။ မရောက်ဖူးသော အိမ်တစ်အိမ်ကို အလည်ရောက်သွားလိမ့်မည်။ အဝတ်အစား ကောင်း ဝင်လာမည်။ နေအိမ်အလှဆင် ပစ္စည်းဝင်မည်။ စီးပွားရေး ဝင်ငွေထွက်ငွေ မမျှတသောအခါကာလ ဖြစ်သည်။ ကုန်သည်များမှာ ဝယ်ထားသော ပစ္စည်းဈေးကောင်းရမည်။ ဆိုင်၊ပွဲရုံ စသည်တို့ကို ပြုပြင်ရ မည်။ ဆောက်လုပ်ရမည်။ ဝန်ထမ်းများမှာ အနည်းငယ် ပင်ပန်းလိမ့်မည်။ ပွဲစားများမှာ အပေါင်အနှံကိစ္စ မှ ငွေဝင်လာတော့မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူခရီးသွားမည်။ နေရာပြောင်းမည်။ ချစ်သူ အတွက် ဝမ်းနည်းရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ရင်ကြပ်မည်။ ချောင်းဆိုးမည်။ ကံကောင်းစေ သောဂဏန်းမှာ(၁/၅/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ ကောက်ညှင်း(ငချိပ်)လှူပါ။
.
အင်္ဂါ
.
ကမ်းခြေရောက်မည်၊ အင်း၊ ကန်၊ ချောင်း၊ မြစ် စသည်ရောက်မည်။ ရွှေ၊ မျက်မှန် စသည်တို့ ဝင်လာမည်။ အတွင်းရေးများ ပေါက်ကြားကုန်လိမ့်မည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး သဘောကွဲ လိမ့်မည်။ မိမိ ယခုကာလအတွင်း အလှူများ၊ မင်္ဂလာဆောင်များ သွားလာရမည်။ ပျောက်နေသောပစ္စည်း ပြန်တွေ့လိမ့်မည်။ ခရီးဝေးမှ ဧည့်သည်လာမည်။ ကုန်သည်များမှာ မိတ်ဆွေကောင်းတွေ့မည်။ အရောင်းအဝယ် ပြန်ကောင်းလာမည်။ ဝန်ထမ်းများမှာ အလုပ်ခွင့်ယူရမည်။ ပွဲစားများမှာ ဘာမှအလုပ် မဖြစ်နိုင်သေးပါ။ လိုငွေပြမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူကျန်းမာရေးညံ့မည်။ ကျန်းမာရေး ကိစ္စများတွင် ကိုက်ခဲနာကျင်နေလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၄/၈)ဖြစ်သည်။       
ယတြာ။ ဘုရားတွင် ရွှေလှူပါ။
.
ဗုဒ္ဓဟူး
.
ပိုက်ဆံရှိသော်လည်း လိုချင်တာ မဝယ်နိုင်ကြုံနေရလိမ့်မည်။ မိမိစားလိုရာ မစားနိုင်ခြင်းကြုံပါမည်။ အိပ်ယာခင်းများ၊ စောင်များ ဝယ်ရတတ်သည်။ လဲလှယ်ရမည်။ စီးပွားရေးအလုပ်ကိစ္စ တိုးချဲ့ရမည်။ တစ်ခုလပ်အိမ်ထောင်ပျက် ညအိပ်လက်မခံသင့်ပါ။ ငွေကြေးအဝင်ရှိသော်လည်း စုမိခြင်း မရှိနိုင်သေးပါ။ ရုံးကိစ္စများ ကြန့်ကြာနေလိမ့်မည်။ ကုန်သည်များ ဖောက်သည်ဟောင်း ပြန်လာမည်။ ရောင်းကောင်းလာ မည်။ ဝန်ထမ်းများ အလုပ်နေရာ အပြောင်းအလဲဖြစ်မည်။ ပွဲစားများမှာ အနည်းငယ်ပွဲခရကြလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူပေးသော လက်ဆောင်ကောင်းရတော့မည်။ လည်ပတ်ရလိမ့်မည်။ ကျန်းမာရေး ကိစ္စများတွင် သွားကြောင့် ဆေးခန်းရောက်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၆/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ထိုင်ဖုံ တစ်ထည်လှူပါ။
.
ကြာသပတေး
.
နေအိမ်ခြံဝင်းတံခါးများ ပြုပြင်ရမည်။ သစ်ပင်ပန်းပင်၊ ပန်းအိုးများ နေရာပြင်ဆင်ရမည်။ နေအိမ်သို့ ဆေးဝါးများ ဝင်လာမည်။ လက်ဝတ်ရတနာဝင်မည်။ စက်ချုပ်ဆိုင်များ သွားလာရမည်။ ကြွေးဟောင်းကိစ္စ ရစရာ၊ ပေးစရာ စကားများလိမ့်မည်။ မိတ်ဆွေဟောင်းများမှ အကူအညီရမည်။ လုပ်ငန်းပြန်လည် သုံးသပ်ပြင်ဆင်ရလိမ့်မည်။ ကုန်သည်များမှာ အရောင်းမြှင့်တင်ရမည်။ မိတ်ဆွေသစ်ရရန် စည်းရုံးနေရ လိမ့်မည်။ ဝန်ထမ်းများ ရုံးဌာနအတွင်း စကားများရလိမ့်မည်။ ပွဲစားများ ယခင်ကိစ္စဟောင်း ပြန်လည်ဖြေ ရှင်းပေးခြင်းအောင်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူအသစ်က ကမ်းလှမ်းလိမ့်မည်။ ကျန်း မာရေးကိစ္စများတွင် ဖျားမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၆/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ ဘယာကြော် ၅ ခုလှူပါ။
.
သောကြာ
.
ဆံပင်ကိစ္စဆောင်ရွက်ရမည်။ အလုပ်ပိနေမည်။ မီးစက်ဝင်မည်။ အခြားစက်ပစ္စည်းများလည်း ဝင် လာမည်။ အင်းလေးကန်ကဲ့သို့ နေရာအလည်သွားရလိမ့်မည်။ ထူးဆန်းသောပစ္စည်း ဝင်လာမည်။ ပျော် ရွှင်ပွဲသွားလာရမည်။ မိမိအလွန်တွေ့ချင်နေသောသူနဲ့ ပြန်လည်ဆုံတွေ့ပါမည်။ သတင်းကောင်းလည်း ကြားရမည်။ ကုန်သည်များမှာ ပစ္စည်းအခိုးခံရမည်။ စာရင်းအလိမ်ခံရမည်။ ဝန်ထမ်းများမှာ စိတ်ဆိုး ဒေါသထွက်ရလိမ့်မည်။ ပွဲစားများ အိမ်အရောင်း၊ အငှား စသည်တည့်လိမ့်မည်။ ငယ်သူများမှာ အချစ် ရေးတွင် ချစ်သူပေးသော လက်ဆောင်ရမည်။ အစားကောင်းအတူ စားရလိမ့်မည်။ ကျန်းမာရေးကိစ္စ များတွင် ခေါင်းကိုက်မည်။ မူးဝေမည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၅/၇)ဖြစ်သည်။
ယတြာ။ ဘုရားမှာ မေမြို့ပန်းလှူပါ။
.
စနေ
.
ဆိုင်ကယ်တိုက်ခြင်း၊ ဆိုင်ကယ်ပျက်ခြင်းကြုံမည်။ ကားရှိသူများ တာယာဒုက္ခပေးလိမ့်မည်။ အိမ်၊ မြေကိစ္စ ပြောဆိုရမည်။ အမွေကိစ္စစကားပြောရမည်။ ကားအဝင်မခံသင့်ပါ သတိပြုပါ။ နေအိမ်အတွင်း သူခိုး၊ လူလိမ်ဝင်လာမည်။ သတိထားပါ။ သူတစ်ပါးအတွက် မိမိစိတ်သောက ရောက်ရတတ်ပါသည်။ ခရီးဝေးသွားလာရမည်။ ကုန်သည်များ တပည့်ကောင်းဝင်လာမည်။ ဝန်ထမ်းများ အပိုဆုကြေးရခြင်း၊ သင်တန်းပေါ်ခြင်း၊ မိမိနှစ်သက်သော လုပ်ပိုင်ခွင့်ရခြင်းကြုံမည်။ ပွဲစားများ လက်မှတ်အရမ်း မထိုးသင့်ပါ။ သတိထားပါ။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူက နောက်ထပ်တစ်ယောက် တွေ့သွားလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၂/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် တံခွန် ၁ ခု လှူပါ။
.

No comments:

Post a Comment