အမျိုးသမီးသတင်းထောက်များအား ညစ်ညမ်းပုံများ ပေးပို့မှုနှင့် ပတ်သက်၍ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, January 2, 2019

အမျိုးသမီးသတင်းထောက်များအား ညစ်ညမ်းပုံများ ပေးပို့မှုနှင့် ပတ်သက်၍ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားထား



စိုင်းရာဇာ
.
မြန်မာအမျိုးသမီး သတင်း ထောက်များအား လိင်ပိုင်းဆိုင်ရာ ပစ် မှတ်ထား၍ ညစ်ညမ်းပုံများပေးပို့မှုနှင့် ပတ်သက်၍ မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) မှ မြန်မာသတင်း မီဒီယာကောင်စီ (MPC) သို့ ဒီဇင်ဘာလ ၂၈ ရက် က တိုင်ကြားထားကြောင်း သိရသည်။
.
.
''ကျွန်မတို့အဖွဲ့က အမျိုးသမီး သတင်းထောက်တွေကို ဦးစားပေးပြီး တတ်နိုင်သလောက်ကူညီဖို့ ဖွဲ့ထားတာ ဖြစ်ပါတယ်။ အခုလိုမျိုးကိစ္စ ဖြစ်လာတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုက မရှိတော့ဘူး။ ဒါက အရမ်းဆိုးဝါးတယ်။ ဒီလိုမျိုးတွေ နောက်နောင် မဖြစ်ဖို့ ကျွန်မတို့က ကာကွယ်ပေးရမယ်။ ပထမအဆင့်အနေနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC)ကို အကြောင်း ကြားထားပြီး တိုင်ကြား ထားတယ်။ ကျွန်မတို့ဆီမှာ သက်သေတွေလည်း အခိုင်အလုံရှိတယ်။ အွန်လိုင်းကနေ ညစ်ညမ်းတဲ့ပုံတွေ ပို့ပေးတယ်။ အထူးသဖြင့် သတင်း ထောက်တွေကိုမှ ဘာဖြစ်လို့ ပစ်မှတ်ထားပြီး လုပ်နေသလဲ ဆိုတာကိုတော့ ကျွန်မတို့က ဖော်ထုတ်ဖို့ ကြိုးစားနေ ပါတယ်''ဟု မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) မှ အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦိးဖြစ် သူ ဒေါ်မိုးမိုးခိုင်က ပြောသည်။
.
အဆိုပါ ဖြစ်စဉ်တွင် အမျိုးသမီး သတင်းထောက်များ၏ လူမှုကွန်ရက် ဖြစ်သော Messanger Box မှ ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လိင် ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုများကို မကြာခဏဆိုသလို လုပ်ဆောင်နေ သည့်အတွက် သတင်းထောက် အမျိုး သမီးများကိုယ်စား မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) မှ မြန်မာသတင်း မီဒီယာကောင်စီသို့ တိုင်ကြားခြင်း ဖြစ်သည်။
.
မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) ကို ၂ဝ၁၅ ခုနှစ် က ယာယီအနေဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန် မြို့တွင် တရားဝင်အဖွဲ့အဖြစ် အဖွဲ့ဝင်ပေါင်း ၁ဝဝ ကျော်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.