သံလွင်မြစ်ကူးတံတား (တာကော်)တွင် လုံခြုံရေးသာ စစ်ဆေးရန် တင်ပြသွားမည်ဟု ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ပြောကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 31, 2019

သံလွင်မြစ်ကူးတံတား (တာကော်)တွင် လုံခြုံရေးသာ စစ်ဆေးရန် တင်ပြသွားမည်ဟု ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ပြောကြား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်း ပြည်နယ်အရှေ့ပိုင်းဒေသတို့ကို ဆက် သွယ်ပေးထားသည့် သံလွင်မြစ်ပေါ်ရှိ သံလွင်မြစ်ကူးတံတား (တာကော်) တွင် ကုန်စည်နှင့် ခရီးသည်များသွား လာမှု လွယ်ကူလျင်မြန်စေရေးအတွက် တံတား လုံခြုံရေးအဖွဲ့အစည်းမှ လွဲ ၍ ကျန်အဖွဲ့အစည်းများကို ဆက် လက်ထားရှိရန် သင့်/မသင့် နှင့် ပတ် သက်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထံ အကြံပြုဆွေးနွေးသွားမည်ဟု ရှမ်း ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားခဲ့ သည်။
.
.
ကျိုင်းတုံမြို့ရှိ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်း မတွင် ဇန်နဝါရီလ ၂၃ ရက်က ပြု လုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက် မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ တက် ရောက်ခဲ့ပြီး ယင်းကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
.
ပြည်နယ်ဝန်ကြီးက ''တာကော် တံတားကို အသုံးပြုပြီးတော့ ဒေသဖွံ့ ဖြိုး တိုးတက်ရေးအတွက် ကုန်စည် နဲ့ ခရီးသည် သွားလာရေးမှာ လွယ် ကူလျင်မြန် ချောမွေ့စေချင်ပါတယ်။ ဒီတံတား လုံခြုံရေးအတွက် တာဝန် ရှိတဲ့ အဖွဲ့အစည်းလောက်ပဲ တံတား မှာထားဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြသွားဖို့ ရည်ရွယ်ထားပါတယ်'' ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
''ဝန်ကြီးရဲ့ သဘောထားကိုကြို ဆိုပါတယ်။ ဖြစ်သင့်နေတာလည်း ကြာပါပြီ။ အခုနောက်ပိုင်း တံတားက စစ်တပ်ဂိတ်မှာ မောင်းတံတစ်ခုနဲ့ အ ရပ်ဌာနတွေနားမှာ မောင်းတံတစ်ခု ထားပြီးတော့ တစ်နေရာဝင် တစ်နေ ရာထွက်နဲ့ တဲတွေထဲမှာ ငွေပေးရတာ မျိုး ကြုံရဖူးပါတယ်''ဟု ကျိုင်းတုံမြို့ နေ ယာဉ်မောင်းတစ်ဦးက ကေမ္ဘာဇ တိုင်းသို့ ပြောသည်။
.
သံလွင်မြစ်ကူးတံတား၏ လွိုင် လင်ခရိုင်ဘက်ခြမ်းရှိ တံတားထိပ်နေ ရာတွင် ဌာနပေါင်းစုံတို့၏ အခြေချ စခန်းများ တည်ဆောက်ထားပြီး ကုန် တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အား ရပ်တန့်၍ ယာဉ်မောင်းသူများမှ ဌာနတစ်ခုချင်းစီအလိုက် တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် ငွေပေးနေရသည် ဟူသော သတင်းများ လူမှုကွန်ရက် ပေါ်တွင် ပျံ့နှံ့လျက်ရှိကြောင်း သိရ သည်။
.

No comments:

Post a Comment