ဒေသန္တရအမိန့် ထုတ်ပြန်ထားသော တောင်ကြီးမြို့ရှိ အိမ်တော်ထင်းရှူးတောအတွင်း၌ အရက်သေစာ သောက်စားခြင်းနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, January 4, 2019

ဒေသန္တရအမိန့် ထုတ်ပြန်ထားသော တောင်ကြီးမြို့ရှိ အိမ်တော်ထင်းရှူးတောအတွင်း၌ အရက်သေစာ သောက်စားခြင်းနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ရှိနေ



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သော တောင်ကြီးမြို့၌ အများပြည်သူ နှင့် သက်ဆိုင်သော နေရာများတွင် အရက်သေစာ သောက်စား၍ မူးယစ်ရမ်းကားခြင်း မပြုရန် ဒေသန္တရအမိန့်တွင် အကြုံးဝင်သည့် အိမ်တော်ထင်း ရှူးတောအတွင်း၌ အရက်သေစာ သောက်စား၍ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ရှိနေကြောင်းသိရသည်။
.
.
''အဲဒီ နေရာကို လာကြတဲ့လူတွေ တော်တော်များတယ်။ မနက်ပိုင်းဆိုရင် လမ်းလျှောက်လာကြတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ လာကြတယ်။ နေ့လယ်ပိုင်းအချိန်တွေဆိုရင် တခြားနယ်က လူတွေလာကြတာရှိတယ်။ နေ့လယ်ပိုင်းနဲ့ ညပိုင်းအချိန်တွေ ဆိုရင် တော့ လူငယ်စုံတွဲတွေ လာကြပါ တယ်။ တချို့လူတွေက အုပ်စုဖွဲ့လာ ကြပါတယ်။ သီချင်းသီဆိုကြတယ်။ သောက်စားပြီးတော့ ပုလင်းခွံတွေ၊ ဖော့ဘူးတွေ၊ ပလပ်စတစ် အိတ်ခွံတွေကို ဒီအတိုင်းပစ်ထားခဲ့ကြတယ်။ သူတို့ထိုင်နေတဲ့ နေရာနဲ့ ခြေလှမ်း ၃ လှမ်းလောက် အကွာမှာ အမှိုက်ပုံး ထားပေးတာရှိပါတယ်။ မပစ်ကြဘူး၊ ဒီအတိုင်းပဲ ထားခဲ့ကြတယ်။ ဒါကတော့ မဖြစ်သင့်ပါဘူး''ဟု ရှင်သန် ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှဒေါ် ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ပြော သည်။
.
အဆိုပါ နေရာ၌ နေ့လယ်ပိုင်းအ ချိန်မှစ၍ အပန်းဖြေ အနားယူသူများ ဖြင့် ပြည့်နှက်နေလျက်ရှိပြီး ဒေသန္တ ရအမိန့် ထုတ်ပြန်ထားသော်လည်း အရက်သေစာ သောက်စားသူများ ရှိ နေကာ အမှိုက်ပုံးများထားရှိပေးထား သော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်မှုများကြောင့် မြို့တော်သန့်ရှင်း သာယာလှပရေးကို ထိခိုက်စေနိုင်သ လို အများပြည်သူအတွက်လည်း အ မြင်မသင့်တော်သဖြင့် ထိရောက်စွာ အရေးယူပေးရန် လိုအပ်နေသည်ဟု တောင်ကြီးဒေသခံ ပြည်သူများက ပြောဆိုလျက်ရှိသည်။
.
ယင်းနေရာရှိ အမှိုက်များအား တောင်ကြီးမြို့ပေါ်ရှိ ပရဟိတအသင်း အဖွဲ့များ၊ သစ်ပင်ချစ်သူများမှအပတ် စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက် ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ ပြီး မွှေးတောင်ကြီး အမှိုက်သိမ်းဆည်း ရေး ကုမ္ပဏီမှလည်း အမှိုက်သိမ်း ဆည်းခြင်းလုပ်ငန်း ဆောင်ရွက်ပေး လျက်ရှိသော်လည်း စည်းကမ်းမဲ့ အ မှိုက်စွန့်ပစ်မှုများ ရှိနေသဖြင့် ထိန်း သိမ်းကြပ်မတ်ရန် လိုအပ်နေသည်ဟု သိရသည်။
.
အဆိုပါ အိမ်တော်ထင်းရှူးတော အပါအဝင် တောင်ကြီးမြို့၊ အိမ်တော် အတက်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးဘေး၊ ညဈေးနာရီစင်၊ အ ဝေရာကုန်းသာယာ မီးပုံးပျံကွင်းအစ ရှိသည့် နေရာများတွင် အရက်သေ စာ သောက်စားခြင်းများ ရှိနေသဖြင့် ယင်းနေရာများတွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း မပြုရန် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်က တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေ သန္တရအမိန့် ထုတ်ပြန်ထားပြီးဖြစ် ကြောင်း သိရသည်။
.