နမ့်စန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်းပြား ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, January 27, 2019

နမ့်စန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်းပြား ဖမ်းဆီးရမိ



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းက ၆ ဘီးယာဉ် တစ်စီးပေါ်မှ WY နှင့် R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်းပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ ရဲမှူးစိုးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းက သက်သေများနှင့်အတူ နမ့်စန်-ခိုလမ်သွားလမ်း၊ နမ့်စန်မြို့အဝင်၊ အမှတ် (၃)ကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးရှာဖွေနေစဉ် ယာဉ်မောင်း ထွန်းထွန်းမောင် မောင်းနှင်ပြီး ကျော်ငြိမ်းဆွေ၊ ပိုင်ပိုင်ကျော်၊ ဇော်နိုင်ဦးတို့ လိုက်ပါလာသည့် ဖြူ/ပြာကြား ၆ ဘီးယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ်၏ နောက်ဘော်ဒီ ရှေ့ပိုင်းတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် WY နှင့် R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြားစီပါ အထုပ် ၂၁၀၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်းပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ယာဉ်မောင်း ထွန်းထွန်းမောင်နှင့် ယာဉ်ပေါ်ပါ  ကျော်ငြိမ်းဆွေ၊ ပိုင်ပိုင်ကျော်၊ ဇော်နိုင်ဦးတို့ ၄ ဦးအား နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment