မိုင်းဖြတ်၌ အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံလုပ် ကျည်တောင့်များ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, January 25, 2019

မိုင်းဖြတ်၌ အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံလုပ် ကျည်တောင့်များ ဖမ်းဆီးရမိ



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့၊ တာချီလိတ်-ကျိုင်းတုံသွားပြည်ထောင်စုလမ်းမပေါ်တွင် ဇန်နဝါရီလ ၂၃ ရက်၊ ညပိုင်းက တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး၏ ယာဉ်မောင်းထံမှ အမေရိကန်နှင့် ထိုင်းနိုင်ငံလုပ် ကျည်တောင့်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မိုင်းဖြတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ကျော်နိုင် ဦးစီးအဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် သက်သေများနှင့်အတူ တာချီလိတ်-ကျိုင်းတုံသွား ပြည်ထောင်စုကားလမ်းမပေါ် ရဲစခန်းအရှေ့ဘက် တစ်မိုင်ခန့်အကွာ မိုင်းဖြတ်မြို့ဘီးခွန်ဂိတ်အနီး၊ မိုင်တိုင်အမှတ် ၇၁၁/၇၁၂ ကြားတွင် ရှောင်တစ်ခင် ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေစဉ် တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသည့် Toyota Vigo အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်းစိုင်းအိုက်ပီ (၃၂ နှစ်)၊ တောင်ဥက္ကလာ ပမြို့နယ်၊ ရန်ကုန်မြို့နေသူသည် ကားပေါ်မှ ဆင်းပြီး ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစစ်ဆေးရာ ၄င်းလွယ်ထားသော အနက်ရောင်သရေအိတ်အတွင်းမှ (.၄၅) အော်တိုအမေရိကန်နိုင်ငံလုပ် ခဲရောင်ကျည် ၁၂ တောင့် ထည့်ထားသော ကျည်အိမ်တစ်ခု၊ မီးခိုရောင် အိတ်အတွင်းမှ အမေရိကန်နိုင်ငံလုပ်ကျည် (.၄၅) အော်တို အမေရိကန်နိုင်ငံလုပ် ခဲရောင်ကျည် ၇ တောင့်နှင့် ထိုင်းနိုင်ငံလုပ် (.၄၅) အော်တိုရွှေရောင်ကျည် ၁၉ တောင့်၊ စုစုပေါင်း သေနတ်ကျည် ၃၈ တောင့်တို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။သည်။
.
သို့ဖြစ်၍ တရားမဝင် ခဲယမ်းကိုင်ဆောင်သူ စိုင်းအိုက်ပီ (၃၂ နှစ်) တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့နေသူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၃/၂ဝ၁၉၊ ရှမ်းလက်နက် ၁၂(ဂ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment