အောင်ပန်းမြို့၌ အမျိုးသားတစ်ဦးမှ ညီမအရင်းဖြစ်သူကို သားမယားအဖြစ် ပြုကျင့် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 3, 2019

အောင်ပန်းမြို့၌ အမျိုးသားတစ်ဦးမှ ညီမအရင်းဖြစ်သူကို သားမယားအဖြစ် ပြုကျင့်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အေးမြင့်သာယာရပ်နေ စိုးထွေး (ခ) ၀ါဟစ်သည် တစ်အိမ်တည်းနေ ညီမ အရင်းဖြစ်သူအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ညပိုင်းက သားမယား အဖြစ် ပြုကျင့်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.
သားမယား အဖြစ် ပြုကျင့်ခံရသူ အမျိုးသမီးငယ်သည် ညီမဖြစ်သူ(မသန်စွမ်း)နှင့်အတူ နေအိမ် အိပ်ခန်းအတွင်း၌ အိပ်နေစဉ် ဒီဇင်ဘာလ ၃၁ ရက်၊ ည ၈ နာရီခွဲချိန်ခန့်တွင် အစ်ကိုဖြစ်သူ စိုးထွေး (ခ) ၀ါဟစ်မှ အိပ်ခန်းအတွင်းသို့ ၀င်ရောက်လာကာ အင်္ကျီနှင့် လုံချည်များကို ဆွဲချွတ်သဖြင့် “အစ်ကို ညီမဆိုတာလည်း သတိထားဦးမှပေါ့”ဟု ပြောဆိုခဲ့ရာ စိုးထွေး (ခ) ၀ါဟစ်မှ “ နင်တို့ မအော်နဲ့၊ အော်ရင် ငါ သတ်ပစ်မယ်” ဟု ကြိမ်းမောင်းပြီးနောက် သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ယင်းကဲ့သို့ အကိုဖြစ်သူမှ သားမယားအဖြစ် ပြုကျင့်ခဲ့သော်လည်း မိဘများ မရှိကြသည့် နောက်ပိုင်း လုပ်ကိုင်ကျွေးမွေးနေခြင်း ဖြစ်သောကြောင့် ရဲစခန်းသို့ ချက်ချင်း တိုင်ကြားခြင်း မပြုခဲ့သော်လည်း နောက်နောင်တွင် ယခုကဲ့သို့ ထပ်မံ ပြုကျင့်မည်ကို စိုးရိမ်သည့်အတွက် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်၊ နေ့လည်ပိုင်းတွင် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
ဆေးရုံမှာလည်း ဆေးစစ်ပြီးပြီ ရဲလုပ်ထုံးများအတိုင်း တရားရုံးစွဲတင်ဖို့ လုပ်နေပါတယ်” ဟု အောင်ပန်းနယ်မြေ ရဲစခန်းမှ ရဲအုပ် စိုးဝင်းက ပြောကြားသည်။
. 
အဆိုပါ ညီမအရင်းဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ခဲ့သည့် စိုးထွေး (ခ) ၀ါဟစ်အား အောင်ပန်း နယ်မြေရဲစခန်းမှ ဖမ်းဆီးကာ (ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီး အမှတ်စဉ် (၁/၂၀၁၉)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။