ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီးမြို့ရှိ ဈေးများအနက် အမှတ်
(၅) အခြေခံပညာအထက်တန်းကျောင်းအနီးရှိ အမှတ်(၅)ဈေးသည် သန့်ရှင်းသပ်ရပ်မှု အားနည်းနေခြင်း
ကြောင့် မြို့တော်၏ ဂုဏ်ကျက်သရေ လျော့ကျ စေနိုင်ကြောင်း ဈေးသွား ဈေးလာများနှင့် ဒေသခံအချို့မှ
ဝေ ဖန်ပြောဆိုလျက်ရှိကြောင်း သိရသည်။
.
.
''သန့်ရှင်းရေးကိုတော့ ဒီထက်ပို ပြီး ဂရုစိုက်သင့်တယ်လို့ မြင်ပါတယ်။
ဈေးက မြို့တွင်းမှာဖြစ်နေတဲ့အပြင် ဈေးဝယ်သူတွေများပါတယ်။ နောက် ပြီး ဒီဈေးကလည်း
ခရီးသွားတွေ၊ ဘုရားဖူး ဧည့်သည်တွေ အများဆုံး ဖြတ်သန်း သွားလာနေတဲ့ လမ်းဘေး မှာ တည်ရှိနေတာပါ။
နယ်ဝေးကလူ တွေမြင်ရင် ကိုယ့်မြို့ကိုအထင်သေး သွားနိုင်တဲ့အတွက် မြို့ရဲ့ဂုဏ်ကျက် သရေကို
ထိခိုက်စေနိုင်တယ်။ ဖြစ် နိုင်ရင်တော့ သက်ဆိုင်တဲ့သူတွေက စနစ်တကျနဲ့ ဆောင်ရွက်ပေးစေ
ချင်ပါတယ်''ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ¤င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါဈေးသည် ရပ်နီးရပ်ဝေးမှ ခရီးသွားများ၊ ဘုရားဖူးဧည့်သည်များ၊
နိုင်ငံခြားဧည့်သည်များ အများဆုံး သွားလာဖြတ်သန်းနေသည့် အရှေ့မြို့ ပတ်လမ်းမကြီးဘေး၌
တည်ရှိနေသောကြောင့် သန့်ရှင်းသပ်ရပ်မှုကို စနစ်တကျ ဆောင်ရွက်သင့်ကြောင်း၊ စည်းကမ်မဲ့အမှိုက်
စွန့်ပစ်ခြင်းများကိုလည်း မပြုလုပ်သင့်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။
.
''ဒီဈေးကတော့ ကုန်စိမ်းဈေးလို့ ပြောရမလားပဲ။ အဲဒါကြောင့် အမှိုက်တွေက
စနစ်တကျ မရှိတာလားမသိဘူး။ နေ့လယ်ဆိုရင်လည်း အမှိုက်တွေက အမြဲတမ်းပွနေတယ်။ ဈေးသိမ်းပြီးချိန်ဆိုလည်းအမှိုက်တွေက
ပြန့်ကျဲနေတယ်။ ခွေးတွေက လည်း တပြုံတခဲကြီးနဲ့၊ မနက်ပိုင်းဆို လူကလည်းများတော့ပိုဆိုးတယ်။
ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း မသင့်တော်ဘူး။ နယ်ဝေးက ဧည့်သည်တွေလာရင် လိုက်မပို့ရဲဘူး''ဟု
တောင်ကြီး ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
.
အဆိုပါဈေးတွင် နံနက်အစော ပိုင်းအချိန်များ၌ ကုန်စိမ်းများ လက်
လီ/လက်ကား ရောင်းချသူများဖြင့် ပြည့်နှက်နေလေ့ရှိပြီး တောင်ကြီးမြို့ အနီးရှိ ကျေးရွာများမှ
အများဆုံး လာရောက်ရောင်းချလေ့ရှိကာ နံနက် ၉ နာရီဝန်းကျင် အချိန်ခန့်မှ စတင်၍ အမှိုက်များကို
စည်းကမ်းမဲ့စွာ စွန့်ပစ်ထားလေ့ရှိကြကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် အမှတ် (၅)ဈေး အပါအဝင် မြို့မဈေး၊ စဝ်စံထွန်းဈေး၊
ရဲဘော်ဈေး၊ ဘူတာဈေး ဟူ၍ အဓိကဈေးကြီး ၅ ခုရှိပြီး ယင်းဈေးများ၌လည်း စည်းကမ်းမဲ့
အမှိုက်စွန့်ပစ်မှုများကို မြင်တွေ့နေ ရကြောင်း ဒေသခံများထံမှ သိရ သည်။
.