ရှမ်းပြည်နယ်ထွက် ပဲမျိုးစုံ ဈေးကွက် ကျဆင်းနေသည့်အတွက် တောင်သူများ အခက်အခဲ ဖြစ်လာနိုင်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, December 23, 2018

ရှမ်းပြည်နယ်ထွက် ပဲမျိုးစုံ ဈေးကွက် ကျဆင်းနေသည့်အတွက် တောင်သူများ အခက်အခဲ ဖြစ်လာနိုင်ဟု ဆို



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်ထွက် ပဲမျိုးစုံတို့သည် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ ဈေးကျဆင်းလျက်ရှိပြီး တောင်သူများ အတွက် အခက်အခဲ ဖြစ်ပေါ်လာနိုင်သည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ ပဲစိုက်တောင်သူများထံမှ သိရသည်။
.
.
''ပဲစင်းငုံ အသစ်ဆိုရင် ပြီးခဲ့တဲ့ တစ်ပတ်က ၂၄ဝဝဝ ဈေးကနေ ဒီ တစ်ပတ်မှာ ၂၃၅ဝဝ ပဲ ရှိတော့တယ်။ တစ်တင်းကို ၅ဝဝ နီးပါး ဈေးကျဆင်း လာတာပါ။ အဟောင်းဆိုရင်လည်း တစ်တင်းကို အရင် တစ်ပတ်က ၂၄၆ဝဝ ကျပ်ကနေ ၂၃၈ဝဝ ကျပ်အ ထိ ၈ဝဝ လောက် ကျသွားပါတယ်။ အဲဒီလို ဈေးကျနေတော့ တောင်သူ တွေအတွက် အခက်အခဲ ဖြစ်လာနိုင် သလို ကုန်သည်တွေအတွက်လည်း နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်''ဟု ပင်းတယမြို့မှ ပဲစင်းငုံစိုက်တောင်သူ ဦးငွေသိန်းက ပြောသည်။
.
ရှမ်းပြည်နယ်ထွက် ကုလားပဲသည်လည်း ပြီးခဲ့သည့် ရက်သတ္တပတ် က ၁၉ ပိဿာဝင် အိတ် တစ်အိတ် လျှင် ၂၆၅ဝဝ ကျပ် ရှိခဲ့ရာမှ ယခုအ ခါ ၂၅၃ဝဝ ကျပ်သာ ဈေးရရှိပြီး မတ်ပဲမှာ ၂ဝ ပိဿာဝင် တစ်တင်းကို ၂၆၅ဝဝ မှ၂၆ဝဝဝ ကျပ်အထိ ဈေး ကျဆင်းလာခဲ့ကြောင်း သိရသည်။
.
အလားတူ ရှမ်းပြည်နယ်ထွက် နှမ်းဈေးကွက်၌လည်း စမုံနက်နှမ်း ၄၅ ပိဿာဝင် တစ်အိတ်လျှင် ၂၃၅ဝဝဝ ကျပ်မှ ၂၂၃ဝဝဝ ကျပ်အ ထိ  ကျဆင်းလာခဲ့ပြီး နှမ်းဖြူ ၄၅ ပိ ဿာဝင် တစ်အိတ်လျှင် ပြီးခဲ့သည့် ရက်သတ္တပတ်က ၁၈ဝဝဝဝ ကျပ်အ ထိ ရှိခဲ့ရာမှ ယခုအခါ ၁၆ဝဝဝဝ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။