ပင်လောင်းမြို့နယ်၊ မြေတိုင်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, December 21, 2018

ပင်လောင်းမြို့နယ်၊ မြေတိုင်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ဖာလုံပင်မွန်းကျေးရွာအုပ်စု၊ မြေတိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသည် ဒီဇင်ဘာလ ၂၁ ရက် နံနက် ၄ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပင်လောင်းမြို့မရဲစခန်းမှ သိရသည်။
.

အဆိုပါ မြေတိုင်ကျေးရွာမှာ ပင်လောင်းမြို့၏ မြောက်ဘက် ၇ မိုင် ၄ ဖာလုံခန့် ကွာဝေးပြီး မီးလောင်ကျွမ်းခဲ့သည့် ဘုန်းတော်ကြီးကျောင်းမှာ အလျား ၆၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၃၀ ပေရှိ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်တိုက်ဖြစ်ကာ အဆိုပါ မီးလောင်ရာသို့ ပင်လောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် ၄ စီးနှင့် ဒေသခံ ပြည်သူတို့မှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ခြင်း ဖြစ်ပြီး  မီးလောင်မှုကြောင့် ကျောင်းနေ သံဃာများ၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ မီးလောင်ရသည့် အခြေအနေနှင့် ပျက်ဆီးဆုံးရှုံးမှု အခြေအနေများကို ရရှိပါက အမှုဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပင်လောင်းမြို့မရဲစခန်းမှ သိရသည်။