ချစ်လှ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ရှိ ကြူကြူလက်ဖက်ရည်ဆိုင်တွင်
ဆိုင်ရှင်ဖြစ်သူမှ ဆိုင်တွင် ခေါ်ယူထား သော အလုပ်သမား အမျိုးသမီးငယ်များအား ညှင်းပန်းနှိပ်စက်မှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
သိန္နီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ မြို့နယ်လျှပ်စစ်ရုံးရှေ့တွင်
ဖွင့်လှစ်ထားသော ကြူကြူလက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသော မသင်းသင်းဦးမှ လားရှိုးမြို့နေ
၎င်း၏မိခင် ဒေါ်ပပသန်းအား ဆိုင်ရှင် ရန်ရီယုံ ဆိုသူမှ ဆဲဆိုရိုက်နှက်ခဲ့ကြောင်း ပြောကြားသဖြင့်
ဒီဇင်ဘာလ ၂၁ ရက်တွင် မိခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုခဲ့ရာ မသင်းသင်းဦးတွင် ဆီးခုံအောင့်ဒဏ်ရာ၊
ခါးနာ၊ ဝဲဘက်ပါး နာကျင်ဖူးရောင်ဒဏ်ရာ၊ ဦးခေါင်းနာကျင်ဒဏ်ရာ၊ လက်ချောင်းနာကျင်ဒဏ်ရာများ
ရရှိခဲ့ပြီး တူမဖြစ်သူ မသွယ်သွယ်ခိုင်တွင် ယာဘက် လက်မောင်း နာကျင်၊ ဦးခေါင်းနာကျင်၊
မျက်နှာယာခြမ်းနာကျင်ဖူးရောင်နှင့် ကျောကုန်း နာကျင် ဒဏ်ရာများ ရရှိခဲ့ပြီး မယဉ်ယဉ်အေးတွင်လည်း
ဝဲဘက်နံကြား နာကျင်၊ ဝဲဘက်နားနောက် နာကျင်၊ ဦးခေါင်းနာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း
တွေ့ရှိရသဖြင့် မေးမြန်းရာ ဆိုင်ပိုင်ရှင်ဖြစ်သူ ရန်ရီယုံမှဆဲဆိုကာ ခြေထောက်ဖြင့်ကန်ခြင်း၊
ဖန်ခွက် ဖြင့်ပစ်ပေါက်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်း၊ လက်ဖြင့်ရိုက်နှက်ခြင်းများပြုလုပ်ခဲ့ကြောင်း
ပြောပြသိရှိရသဖြင့် သိန္နီပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာနှင့်အတူပို့ဆောင်ကုသမှုခံယူထားကြောင်း
သိရသည်။
သို့ဖြစ်၍ ဒေါ်ပပသန်း၏ သမီးဖြစ်သူ မသင်းသင်းဦးနှင့် တူမများဖြစ်သော
မသွယ်သွယ်ခိုင်နှင့် မယဉ်ယဉ်အေး တို့အား နာကျင်ဒဏ်ရာများရရှိအောင်ပြုလုပ်သူ ကြူကြူလက်ဖက်ရည်ဆိုင်ပိုင်ရှင်
ရန်ရီယုံ (၂၀ နှစ်) (ဘ) ဦးရန်ကြိမ်ချမ်း ရပ်ကွက်(၃)သိန္နီမြို့နေသူအား ဥပဒေနှင့်အညီအရေးယူပေးပါရန်
ဒေါ်ပပသန်းမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် သိန္နီမြို့မရဲစခန်းမှ (ပ)၃၁၁/၂၀၁၈ ရာဇသတ်ကြီး
ဥပဒေပုဒ်မ ၂၉၄၊ ၃၂၃၊ ၃၂၅ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan