ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်းလိုဏ်ဂူတော်​၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 31, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်းလိုဏ်ဂူတော်​၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား



ထက်ထက် (ဟိုပုံး)
.
၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်သို့ ကူးပြောင်းသော အခါသမယတွင် စနေ၊ တနင်္ဂနွေ အပါအဝင် နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက် ၄ ရက် ရရှိသောကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်း လိုဏ်ဂူတော်၌ အပန်းဖြေခရီးထွက်သူများ၊ ဒေသန္တရ ဗဟုသုတရှာမှီးရန် ခရီးထွက်သူများ၊ မိသားစု ရှိရာ နေရပ်ပြန်သူများ၊ ရပ်ဝေးရပ်နီးမှ ဘုရားဖူးသူများ အများအပြား လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
.
.
“အခုလို ပိတ်ရက်ရှည်မှာ အပန်းဖြေရင်း အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဘုရားတွေနဲ့ ထမ်းဆမ်းလိုဏ်ဂူတော်ကို လာရောက်ဖူးမြော်ခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်”ဟု လာရောက်ဘုရားဖူးလည်ပတ်သူ တစ်ဦးက ပြောသည်။
.
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှ ဘုရားဖူးပြည်သူတစ်ဦးကလည်း “ကျွန်တော်က ရှမ်းပြည်ရဲ့ အငွေ့အသက်၊ သဘာဝတောတောင် ရေမြေအလှတရား၊ ကျောက်ခန်းပန်းဆွဲတွေအကြားဂူနံရံတွေမှာ မုဒြာပုံတော် တွေနဲ့ စိမ့်စမ်းရေထွက်နေတဲ့ သဘာဝအလှတရားတွေကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ် ဒါတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝရဲ့ လက်ဆောင်တွေ ဖြစ်တာကြောင့် ဂုဏ်ယူပီတိဖြစ်ရပါတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။
.
ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်းလိုဏ်ဂူတော်ဘုရား၌ ဘုရားဖူးဧည့်သည်များမှာ ပုံမှန်ရက်များထက် ယခုနှစ်သစ်ကူး ကာလများတွင် ပိုမိုစည်ကားပြီး ရပ်ဝေးမှ အစိုးရဝန်ထမ်းဧည့်သည်များ၊ ဒေသခံတိုင်းရင်းသားများ ပိုမိုလာရောက် လည်ပတ်ကြကြောင်း သိရသည်။
.