သိန္နီရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် တစ်ပတ်အတွင်း တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်း ၅ ကြိမ် ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 24, 2018

သိန္နီရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် တစ်ပတ်အတွင်း တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်း ၅ ကြိမ် ဖမ်းဆီးရမိ



မေသူဇော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ သိန္နီရေပူ အမြဲတမ်း စစ်ဆေးရေး စခန်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်မှ ၁၅ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း တရားမဝင် သယ်ဆောင် လာသည့် ကျောက်စိမ်းများ ၅ ကြိမ်အထိ ဖမ်းဆီးရမိခဲ့သည်ဟု သိ ရသည်။
.
.
''ဒီဇင်ဘာလ ၈ ရက်က မနက် မိုးမလင်းခင် ၂ နာရီမှာ မန္တလေးဘက် ကနေ မူဆယ်ဘက်ကို လာတဲ့ ဆု လာဘ်ရွှင် ခရီးသည်တင်ယာဉ်လိုင်းကားပေါ်မှာတစ်ကြိမ်၊ အဲဒီနေ့ မနက် ၃ နာရီမှာပဲ ကုန်မျိုးစုံနဲ့ ကျောက်စိမ်း တွေကို ဖုံးအုပ်သယ်ဆောင်လာတဲ့ ၆ ဘီးယာဉ်ပေါ်မှာ တစ်ကြိမ်၊ ဒီဇင်ဘာ လ ၁၁ ရက်၊ ညသန်းခေါင်အချိန်မှာ ရွှေပြည့်စုံ ခရီးသည်တင်မှန်လုံယာဉ် ပေါ်မှာ တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၃ ရက် ညနေ ၃ နာရီမှာ တစ်ကြိမ်၊ ဒီ ဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီ က ခရီးသည်တင် ဗင်ကားပေါ်မှာတစ် ကြိမ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်'' ဟု သိန္နီရေပူစစ်ဆေးရေး စခန်းမှ အ ကောက်ခွန်အရာရှိက ပြောသည်။
.
တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းများနှင့် တင်ဆောင်လာသည့် မော်တော်ယာဉ်များ ကို လားရှိုးမြို့ရှိ အကောက်ခွန် ဦးစီး ဌာနသို့ အမှုဖြင့် အပ်နှံခဲ့ပြီး ယာဉ် များအား လိုင်စင်ရှိ/မရှိ သိရှိနိုင်ရန် သက်ဆိုင်ရာ ဌာနများသို့ မေးမြန်း ထားကာ တရားမဝင် သယ်ဆောင် လာသည့် ကျောက်စိမ်းများကို အ ကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အ ညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment