တောင်ကြီးမြို့ရှိ ၈၈၈၈ ကျောက်တိုင် တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် မီးပုံးပျံ လွှတ်တင်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, December 29, 2018

တောင်ကြီးမြို့ရှိ ၈၈၈၈ ကျောက်တိုင် တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် မီးပုံးပျံ လွှတ်တင်မည်



.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ၈၈၈၈ ဒီမို ကရေစီမော်ကွန်းကျောက်တိုင် တည် ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအ မှတ်အဖြစ် 24 State Fighter ၈၈ တောင်ကြီးအဖွဲ့မှ ညမီးကြီးအမျိုးအစား မီးပုံးပျံကို ဒီဇင်ဘာလ  ၃၁ ရက် ညပိုင်းတွင် တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
''မနှစ်က တစ်နှစ်ပြည့်တုန်းက လည်း အမှတ်တရ ဘာမှမလုပ်ဖြစ်ခဲ့ဘူး။ အခု ဒီ ၂နှစ်ပြည့်ကတော့ နည်းနည်းလေး ထူးထူးခြားခြားလေး အမှတ်တရ ဖြစ်အောင်လို့ မီးပုံးပျံ လွှတ်တင်မယ်ဆိုပြီးတော့ စီစဉ်ဖြစ် တာပါ။ အဖွဲ့သားတွေအားလုံး စုပေါင်းလုပ်ဖြစ်ကြတာပါ။ အဖွဲ့သား တွေကလည်း တစ်ယောက်နဲ့ တစ် ယောက်က သူ့အလုပ်နဲ့သူဆိုတော့ သိပ်မဆုံဖြစ်ကြဘူး။ တွေ့တဲ့အချိန် လေးမှာ အားလုံးစုပေါင်းတိုင်ပင်ပြီး ကျောက်တိုင် ၂ နှစ်ပြည့်အတွက် အ မှတ်တရ ထူးထူးခြားခြားဖြစ်အောင် ဆိုပြီး လုပ်ဖြစ်သွားတာပါ။ နောက် လာမယ့်နှစ်တွေမှာ လည်း ထူးထူးခြား ခြား အမှတ်တရလေးတွေ ပြုလုပ် ကျင်းပသွားဖို့တော့ ရည်ရွယ်ထား ပါတယ်'' ဟု 24 State Fighter ၈၈ တောင်ကြီးအဖွဲ့မှ ကိုလင်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ မီးပုံးပျံ၌ တောင်ကြီး ၈၈၈၈ ဒီမိုကရေစီမော်ကွန်းကျောက် တိုင်ပုံ၊ 24 State Fighter ၈၈ တောင်ကြီး အဖွဲ့အလံပုံ၊ ငြိမ်းချမ်းရေး ချိုးငှက်ပုံ၊ ၈၈၈၈ စာတမ်းတို့ဖြင့် အလှဆင်ထားကာ 24 State Fighter အဖွဲ့သားများက ဒီဇင်ဘာလ ၁ ရက်မှ ၂ဝ ရက်အထိ ပြုလုပ်ပြင် ဆင်ခဲ့ကြခြင်းဖြစ်ပြီး မီးပုံးပျံကုန်ကျ စရိတ်မှာ ငွေကျပ် ၁ဝ သိန်းခန့်ရှိ ကြောင်း သိရသည်။
.
တောင်ကြီးမြို့ရှိ ယင်းကျောက် တိုင်သည် မြန်မာနိုင်ငံ၏ ပထမဆုံး သော ၈၈၈၈ ဒီမိုကရေစီအထိမ်းအ မှတ် မော်ကွန်းကျောက်တိုင်ဖြစ်ပြီး ၈၈၈၈ ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ မှ ဦးဆောင်ကာ တောင်ကြီးမြို့၊ ဗိုလ် ချုပ်ပန်းခြံ၌ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်က စတင်တည် ဆောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ လ ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.