ကလော တိုးဂိတ်အနီးတွင် တပ်မတော် ဆီတင်ယာဉ် တစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်း ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, December 25, 2018

ကလော တိုးဂိတ်အနီးတွင် တပ်မတော် ဆီတင်ယာဉ် တစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်း ဒဏ်ရာရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလော-အောင်ပန်းအကြား၊ မြင်းကကျေးရွာအကျော်၊ တိုလ်းဂိတ်အနီးတွင် ဒီဇင်ဘာလ ၂၅ ရက်၊ နံနက် ၇ နာရီကျော်ခန့်က တပ်မတော် ဆီတင်ယာဉ်(ဆီဘောက်ဆာ) တစ်စီး တိမ်းမှောက်သဖြင့် ဒဏ်ရာရ လူနာအား အောင်ပန်း ခုတင်(၇၀၀)တပ်မတော်ဆေးရုံသို့ တင်ပို့ပေးခဲ့ရကြောင်း အောင်ပန်း နာရေးကူညီမှုအသင်း နာယက ဖြစ်သူ ဦးစိုးနိုင်(ပန်းချယ်ရီ)ထံမှ သိရသည်။
.

" ၇ နာရီခွဲလောက်မှာ ဆေးရုံကို ရောက်တော့ ခွဲခန်းထဲ တစ်ခါတည်း တန်းပို့ပါတယ်၊ တင်ပါးဆုံ အရိုး ငေါထွက်လာတာ တွေ့ရလို့ အရိုးကျိုးတယ် ယူဆပါတယ်" ဟု ဦးစိုးနိုင်က ပြောသည်။
.
ဆီတင်ယာဉ်မှာ အဆိုပါနေရာသို့ အရောက်တွင် ဘရိတ်ပေါက်ပြီး လမ်းယာဘက်ရှိ မြောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက်သည့် အနေအထားဖြစ်ကာ မီးသတ်တပ်ဖွဲ့မှ ယာဉ်များဖြင့် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရန် လာရောက်ကူညီနေသည်ကို တွေ့ရှိရကြောင်း ဦးစိုးနိုင်ထံမှ သိရသည်။
.

ယင်းကဲ့သို့ မော်တော်ယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍ တပ်မတော်ယာဉ် ဖြစ်သည့်အတွက် အမှတ်(၉၀၃)တပ်နယ်သို့ အရေးယူမည့် အစီအစဉ်ကို ဆက်သွယ်မေး မြန်းနိုင်ပြီး ၄င်းအနေဖြင့် ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်နေကြောင်း အမှတ်(၁၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ကလော-အောင်ပန်း တပ်စိတ်မှ တာဝန်ခံရဲအုပ် နေလင်းဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment