လားရှိုးတွင် ဓားခုတ်ခံရသည့် ရတနာပုံသတင်းစာမှ သတင်းထောက် ဒဏ်ရာမသက်သာသဖြင့် မန္တလေးဆေး ရုံသို့ ပြောင်းရွှေ့ကုသ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, December 27, 2018

လားရှိုးတွင် ဓားခုတ်ခံရသည့် ရတနာပုံသတင်းစာမှ သတင်းထောက် ဒဏ်ရာမသက်သာသဖြင့် မန္တလေးဆေး ရုံသို့ ပြောင်းရွှေ့ကုသ


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဒီဇင်ဘာ ၂၅ ရက်၊ ညပိုင်းက လူတစ်စု ဓားဖြင့် ခုတ်ခြင်းကို ခံခဲ့ရသော ရတနာပုံသတင်းစာမှ ဘာသာပြန်သတင်းထောက်သမန်းကျားမှာ ဒဏ်ရာများမသက်သာခြင်းကြောင့် ဒီဇင်ဘာ ၂၇ ရက်တွင် မန္တလေးဆေးရုံသို့ ပို့ဆောင် ကုသနေရကြောင်း သိရှိရသည်။
.
.
အဆိုပါ သတင်းထောက်မှာ ၎င်း၏ အစ်မဖြစ်သူနှင့် မိသားစုကိစ္စပြောဆိုရန် လားရှိုးမြို့ရှိ အအေးဆိုင် တစ်ဆိုင်တွင် တွေ့ဆုံရာမှ အစ်မ၏ ယောင်္ကျားဖြစ်သူ(ယောက်ဖ)နှင့် အပေါင်းအပါ လူတစ်စုက ဓားဖြင့် ဝင်ရောက်ခုတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
“အဲဒီညမှာ အဖေက သူ့အစ်မနဲ့ မိသားစုကိစ္စပြောစရာရှိတယ်ဆိုပြီးတော့ သူ့မိတ်ဆွေနဲ့ အအေးဆိုင်ကိုသွားကြ တာပါ။ ပြီးတော့မှ ဖုန်းဆက်လာတယ်၊ သူ့ယောက်ဖနဲ့သူငယ်ချင်းတွေက ဓားနဲ့ခုတ်လို့ဆေးရုံတင်လိုက်ရတာပါ။ ခေါင်းမှာက ဓားခုတ်ရာ ၁၆ ချက်လောက်ရှိတယ်။ အခု လက်ကလှုပ်လို့ မရလို့ မန္တလေးမှာ သွားကုရတာပါ” ဟု ၎င်း၏ သားဖြစ်သူ မောင်ဆုရှင်မင်းထက်က ပြောသည်။
.
ဓားခုတ်ခံရခြင်းကြောင့် ဦးခေါင်းတွင် ဓားခုတ်ချက်များနှင့် ညာလက်ကောက်ဝတ်ပြတ်ရှ၊ ညာနားရွက်နှင့် ပါး ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
“လတ်တလောတော့ ယောက်ဖဖြစ်တဲ့မောင်မြတ် ကို ထိန်းသိမ်းပြီးတော့ စစ်ဆေးနေပါတယ်။ ဘယ်သူတွေပါလဲဆို တာ ဆက်ပြီးစုံစမ်းနေပါတယ်” ဟု အမှတ်(၁) လားရှိုးမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
.
အဆိုပါ သတင်းထောက်အား ဓားဖြင့် ခုတ်သွားသူများမှာ ၎င်း၏ ယောက်ဖဖြစ်သူအပါအဝင် ၄ ဦးခန့်ရှိကြောင်း အခင်းဖြစ်ပွားစဉ်က အဖော်ပါသွားသူ ကြေးမုံသတင်းစာမှ အကြီးတန်းသတင်းထောက် ဦးစံဇာဏီအောင်၏ ပြောပြချက်အရ သိရသည်။
.
သို့ဖြစ်၍ ဓားဖြင့်ခုတ်သူ လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ(၇)နေ မောင်မြတ်(၃၇)နှစ်အား လားရှိုးမြို့မရဲစ ခန်းက (ပ)၅၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်အရေးယူထားပြီး အမှုတွင် ပါဝင်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment