နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်တွင်းလမ်းပိုင်း ကျောက်မဲမြို့ဘက်ခြမ်းတွင်
ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းက ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး အရှိန် မထိန်းနိုင်ဘဲ ကျွန်းပင်အား
ဝင်တိုက်ရာ ယာဉ်ပိုင်ရှင် တစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရှိရသည်။
.
.
ကျောက်မဲဘက်မှ နောင်ချိုမြို့ဘက်သို့ ကုန်စုံတင်ထားသည့် ၁၂ ဘီးယာဉ်သည်
ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင် ၈၇ အနီးတွင် ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီခန့်က ကွေ့အဆင်း၌
အရှိန်မထိန်းနိုင်ကာ ကျွန်းပင်အားဝင် တိုက်မိရာမှ ယာဉ်ပိုင်ရှင်မှာ ကားနှင့် သစ်ပင်ကြားတွင်
ညပ်မိကာ သေဆုံးခဲ့ပြီး ခက်ခဲစွာ ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။
“ဂုတ်တွင်းမှာ ကားကဘရိတ်ပေါက်ပြီးတော့
လမ်းဘေးထိုးကျပြီးတော့ သစ်ပင်ဝင်တိုက်တာပါ။ သစ်ပင်နဲ့ ညပ် သွားတာပါ။ အုံနာစပယ်ရာ သေဆုံးသွားတာပါ။
ခက်ခက်ခဲခဲထုတ်ခဲ့ရပါတယ်။ ထုတ်ပြီးတော့ ကျောက်မဲဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ”ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ
ကိုစိုင်းနေအောင်က ပြောသည်။
.
ယခုရက်ပိုင်းတွင် မိုးအနည်းငယ်ရွာသွန်းခဲ့မှုကြောင့် မန္တလေး-မူဆယ်သွား
ပြည်ထောင်စုလမ်းမကြီးတွင် နေ့စဉ် နီးပါး ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
.
“ပြီးခဲ့တဲ့ရက်ပိုင်းက ရာသီဥတုမျိုးကတော့
ယာဉ်မောင်းတွေအတွက် အရမ်းကို ဂရုစိုက်သင့်ပါတယ်။ ဒီလမ်းပေါ်မှာ ဒီရက်ပိုင်းနေ့တိုင်းဆိုသလို
ယာဉ်မတော်တဆမှုတွေ ဖြစ်ခဲ့တယ်။ ဖြစ်ပြီဆိုတာနဲ့ သေဆုံးသူ ဒဏ်ရာ ရသူတွေဖြစ်ရပါတယ်” ဟု အဆိုပါလမ်းတွင်သွားလာနေသည့် ကားလေးယာဉ်မောင်း
ကိုနေက ပြောသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့်
တောင်းတွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်နေသူ ၁၂ ဘီး ယာဉ် မောင်း ရဲဇော်(၃၃)နှစ်အား
ကျောက်မဲမြို့မရဲစခန်းမှ ယာဉ်(ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အရေးယူအမှုဖွင့်ထားကြောင်း
သိရသည်။
.
.
.
#KBZTai #Shan