လားရှိုးမြို့နယ်၌ တိုင်းရင်းသား ယဉ်ကျေးမှုကွင်းတစ်ခု တည်ရှိနိုင်ရေး စီစဉ်သွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, December 27, 2018

လားရှိုးမြို့နယ်၌ တိုင်းရင်းသား ယဉ်ကျေးမှုကွင်းတစ်ခု တည်ရှိနိုင်ရေး စီစဉ်သွားမည်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၌ တိုင်းရင်းသားယဉ်ကျေး မှုကွင်းတစ်ခုဖော်ဆောင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ပြည်ထောင် စုအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြောဆိုလိုက်သည်။
.
.
''လားရှိုးမြို့ရှောင်လမ်းထောင့် မှာရှိတဲ့ မြေကွက်ကို တကယ်လို့အ ဆင်ပြေတယ်ဆိုရင်၊ ပိုင်ဆိုင်မှုတွေ လည်း ကင်းရှင်းတယ်ဆိုရင် ဒီမြေကို ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအနေနဲ့ စီမံခန့်ခွဲပိုင်ခွင့် တောင်းမယ်။ တောင်းပြီးရင် ရတာနဲ့ ခရိုင်ရုံးဖွင့်နိုင်အောင်လုပ် မယ်။ ပြီးရင် အဲဒီနေရာမှာ ဘယ်တိုင်းရင်းသား လူမျိုးမဆို သူတို့ရဲ့ နှစ်သစ် ကူးနေ့၊ အထင်ကရအခမ်းနားနေ့ အထိမ်းအမှတ်တွေမှာ ပွဲကျင်းပနိုင် အောင် ဆောင်ရွက်မယ်လို့ စိတ်ကူးထားပါတယ်။''ဟု ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြောသည်။
.
လားရှိုးမြို့ရှိ တိုင်းရင်းသား လူမျိုး များအနေဖြင့် ၎င်းတို့၏ ရိုးရာအစဉ် လာပွဲတော်များကျင်းပရန်နှင့် အစည်းအဝေး များပြုလုပ်ရန် နေရာအခက်ခဲရှိနေခြင်းတို့ကြောင့် တိုင်းရင်းသား ယဉ်ကျေးမှုကွင်းတစ်ခု ဖော်ဆောင်ရန် လိုအပ် နေကြောင်း သိရသည်။
.
''အရင်ကတော့ နမ္မတူလမ်းခွဲက မြေကွက်လပ်ကို ယဉ်ကျေးမှုကွင်းလို့ သတ်မှတ်ပေးထားတယ်လို့ သိရတယ်။ တကယ်တော့ ကျင်းပလို့မရသေးပါဘူး''ဟု လားရှိုးမြို့နယ် ဗမာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဥက္ကဌ ဦးစိုးဝင်းက ပြောသည်။
.
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် ယဉ်ကျေးမှုအဖွဲ့များမှာလည်း ဒီဇင်ဘာလ လယ်ပိုင်းတွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားအဖွဲ့ ၁ဝ ဖွဲ့က ¤င်းတို့ လိုအပ်နေသော ယဉ်ကျေးမှုကွင်း အပြင်၊ အိမ်ထောင်စုများ၊မှတ်ပုံတင် များပြုလုပ်ရာတွင် ခက်ခဲကြန့်ကြာ နေခြင်းများကိုလည်း တင်ပြခဲ့ကြ ကြောင်းသိရသည်။
.

No comments:

Post a Comment