ရှမ်းနီပါတီ အမည်နှင့် အမှတ်တံဆိပ် အသစ် ပြောင်းလဲနိုင်ရန် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 24, 2018

ရှမ်းနီပါတီ အမည်နှင့် အမှတ်တံဆိပ် အသစ် ပြောင်းလဲနိုင်ရန် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန်


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းနီ(တိုင်းလိုင်)နှင့်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီ ညွတ်ရေးပါတီ(SNSP)၏ မူလအ မည်နှင့် အမှတ်တံဆိပ်တို့ကို ပြောင်း လဲရန်လျှောက်ထားပြီး ဖြစ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကန့်ကွက်လိုက ကန့်ကွက် နိုင်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
.
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ထုတ်ပြန်ချက်တွင် နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ပြုထား သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်တွင် ပါတီရုံးချုပ် ရှိသည့်  SNSP ပါတီအား  SNP ပါတီ အဖြစ် အမည်နှင့် အမှတ်တံဆိပ် ပြောင်းလဲခြင်းကို နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာပြီး ၇ ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ကန့်ကွက် နိုင်ကြောင်း ဖော်ပြပါရှိသည်။
.
SNSP အမည်နှင့် အမှတ်တံ ဆိပ်မှ ရှမ်းနီ(တိုင်းလိုင်) အမျိုးသား များပါတီ (Shan-ni Nationalities Party-SNP) အဖြစ် ပြောင်းလဲမည်ဖြစ်သဖြင့် လက်ရှိတိုင်းလိုင်(ရှမ်းနီ)အ မျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ပါတီမှ နုတ်ထွက်ပြီး SNSP နှင့် ပေါင်းစည်းမည့် ဟုမ္မလင်း မြို့နယ် ပါတီဝင်များနှင့်ညှိနှိုင်းချက် အရ ပါတီအမည်သစ်၊ အမှတ်တံဆိပ် သစ်ဖြင့် ဆက်လက်ရပ်တည်သွား မည်ဖြစ်ကြောင်း SNSP ၏ အထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်းက ဆိုသည်။
.
''ပြီးခဲ့တဲ့ ဧပြီလ နောက်ပိုင်းကစ ပြီး ပါတီပေါင်းစည်း ပေါင်းစည်းရေး ညှိနှိုင်းတိုင်ပင်ခဲ့ကြပြီး မန္တလေးမှာ လုပ်တဲ့ ဇူလိုင်အစည်းအဝေးအပြီး သြဂုတ်လမှာ အတည်ပြုနိုင်ခဲ့တဲ့ သ ဘောတူညီချက်တွေအရ ပါတီအမည် သစ်နဲ့ တံဆိပ်သစ်ကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကို တင် ပြခဲ့တာပါ။ ပေါင်းစည်းညီညွတ်ရေးရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြောင်းလဲလိုက်တာပါ။ ဗဟိုအမှုဆောင်တွေ ကတော့ လက်ရှိအတိုင်းပဲ ဆက်ရှိ နေမှာဖြစ်ပြီး ပါတီအမည်သစ်အ တည်ပြုချက်ကျတဲ့ ၂ဝ၁၉ မှာ ညီ လာခံကျင်းပပြီး အမှုဆောင်သစ်တွေ ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ပါ တယ်''ဟု ဦးစောဝင်းထွန်းက ပြောသည်။
.
ရှမ်းနီတိုင်းရင်းသားအများစုမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိ ပင်လယ်ဘူး၊ အင်းတော်၊ မော်လိုက်၊ဖောင်း ပြင်၊ ဟုမ္မလင်း၊ ခမ္မတီး၊ ကလေး၊ တမူးမြို့နယ်များနှင့် ကချင်ပြည်နယ် အတွင်းရှိ ဗန်းမော်၊ မန်စီ၊ မိုးမောက်၊ ရွှေကူ၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုး ကောင်း၊ မိုးညှင်း၊ ဖားကန့်၊ တနိုင်း စသည့်မြို့နယ်များတွင်အများဆုံး နေ ထိုင်ကြကာ ရှမ်းပြည်နယ်မြောက် ပိုင်း မိုးမိတ်၊ မဘိမ်းမြို့နယ်များ တွင်လည်း နေထိုင်ကြရာ လူဦးရေ ၁ သန်းခွဲခန့်ရှိမည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောသည်။
.
''အားလုံး ၁၂ မြို့နယ်မှာ ပါတီရုံး ခွဲတွေ ဖွင့်ထားပါတယ်။ ၂ဝ၂ဝ အ တွက် နိုင်ငံရေး ရည်မှန်းချက် ပြည့် မီအောင် ညီညွတ်ရေးအတွက် လုပ်ဆောင်နေတာပါ။ အဓိက နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဖို့ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှ ရရှိနိုင်မယ်လို့ ယုံကြည် ပါတယ်''ဟု ဦးစောဝင်းထွန်းက ၎င်း၏အမြင်ကို ပြောသည်။
.
ရှမ်းနီလူမျိုးများအနေဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအရ သတ်မှတ်လူဦးရေ၊ စာပေနှင့်ယဉ်ကျေးမှု၊ နယ်မြေ တစ်ဆက် တစ်စပ်တည်းဖြစ်ခြင်း စသည့် အချက်များ ပြည့်စုံနေပြီး လဝက အမည်ဖော်ပြချက်တွင် ရှမ်းနီလူမျိုး အဖြစ် ဖော်ပြနိုင်ရန်လည်း အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ၂ဝ၂ဝ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ ရှမ်းနီတိုင်းရင်းသားများ စည်းလုံးညီ ညွတ်ရေး၊ တိမ်မြုပ်နေသည့် ရှမ်းနီ လူမျိုးသင်္ကေတများ ပြန်လည်ဖော် ထုတ်ရေး၊ ရှမ်းနီပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရရှိရေး တို့ကို ပါတီ၏နိုင်ငံရေး ရည်မှန်းချက် များအဖြစ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.
ရှမ်းနီလူမျိုးများမှာ ရှမ်းပြည် နယ်ပြင်ပရှိ ရှမ်းလူမျိုးအနွယ်များ ထဲတွင် လူဦးရေအများဆုံးဖြစ်ကာ သမိုင်းကြောင်းအရလည်း ခိုင်မာသည့် သီးခြားသမိုင်းကြောင်း ရှိနေသည်ဟု ရှမ်းနီတိုင်းရင်းသားများထံ မှ သိရသည်။
.

No comments:

Post a Comment