ကျိုင်းတုံမြို့နယ်ရှိ သက်တမ်းရင့် လက်ဖက်ပင်ကြီးများအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 24, 2018

ကျိုင်းတုံမြို့နယ်ရှိ သက်တမ်းရင့် လက်ဖက်ပင်ကြီးများအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအုပ်စု၊ ဝမ်ဆိုင် ကျေးရွာ ပတ်ဝန်းကျင်၌ ရှင်သန်ကြီး ထွားနေသည့် သက်တမ်းရင့် လက်ဖက်ပင်ကြီးများအား သမိုင်းဝင် သက် ရှိသစ်ပင်များအဖြစ် ကာကွယ်ထိန်း သိမ်းပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
.
.
သက်တမ်းရင့် လက်ဖက်ပင်ကြီး များသည် ဝမ်ဆိုင်းကျေးရွာ ပတ်ဝန်း ကျင်ရှိ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၄၉ဝဝ ခန့်ရှိတောင် တန်းများပေါ်၌ ရှင်သန်နေပြီး ယင်း လက်ဖက်ပင်ကြီးများ၏ သက်တမ်း မှာ နှစ်ပေါင်း ၇ဝဝ မှ ၈ဝဝ ခန့်အထိ ရှိသည်ဟု ကျိုင်းတုံမြို့၊ ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ခန့်မှန်းထား ကြောင်း သိရသည်။
.
အဆိုပါ လက်ဖက်ပင်ကြီးများအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ရန် အတွက် အချက်အလက်များစုဆောင်း လျက်ရှိသည့် ကျိုင်းတုံမြို့၊ ရှေး ဟောင်းသုတေသနနှင့် ယဉ်ကျေးမှုဦး စီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်သီတာအောင်က ''မြန်မာနိုင် ငံရဲ့ လက်ဖက်နဲ့ ပတ်သက်တဲ့ ယဉ် ကျေးမှု အထောက်အထားက ရှေးနှစ် ပေါင်းများစွာ ကတည်းက ရှိနေတယ် ဆိုတာကို သက်ရှိထင်ရှား ရှင်သန်နေ ဆဲ လက်ဖက်ပင်ကြီးတွေက ခိုင်လုံ သေချာတဲ့ အထောက်အထားတွေဖြစ် နေပါတယ်။ ဒီလက်ဖက်ပင်ကြီးတွေကို ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်ဖို့ အတွက် လိုအပ်တဲ့ အချက်အလက် တွေကို ကျွန်မတို့ဌာနအနေနဲ့ ပြုစု ထားပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သက်တမ်းရင့် လက်ဖက်ပင်ကြီး များနှင့် ပတ်သက်၍ ရွှေတြိဂံဟိုတယ် လုပ်ငန်းရှင်များ အသင်းနာယက ဦး စိုးရွှေကလည်း ''လက်ဖက်ပင်ကြီး တွေကို အမှန်တကယ် ထိန်းသိမ်း စောင့်ရှောက်ထားပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသစီး ပွား တိုးတက်စေရေးအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အမွေအနှစ်ကောင်းဖြစ် လို့ ကျိုင်းတုံမြို့နယ် အနေနဲ့ ဂုဏ် ယူပြီးတော့ ထိန်းသိမ်းထားစေချင်ပါ တယ်''ဟု ၄င်း၏အမြင်ကို ပြော သည်။
.
ကျိုင်းတုံမြို့၊ ဝမ်ဆိုင်းကျေးရွာ တွင် လွယ်တိုင်းရင်းသားများ နေထိုင် လျက်ရှိပြီး ယင်းကျေးရွာပတ်ဝန်းကျင် ရှိ သက်တမ်းရင့် ရှေးဟောင်းလက် ဖက်ပင်ကြီးများမှာ အောက်ခြေပင် စည်လုံးပတ် ၄ ပေကျော်ရှိပြီး အမြင့် ပေ ၂ဝ ကျော်ခန့် ရှိကြောင်း သိရ သည်။
.
ဝမ်ဆိုင်းလက်ဖက်ညွှန့်များအ နက် နှစ်စဉ်ဧပြီလနှင့် မေလတွင်ထွက် သည့် လက်ဖက်ညွှန့်မှာ အကောင်း ဆုံးဖြစ်ပြီး ရွက်သစ်အညွှန့် ၃ ခက်မှ လက်ဖက်အစို ၄ ပိဿာခွဲအား ပေါင်း ဖိုဖြင့် ထုတ်လုပ်ပါက လက်ဖက် ခြောက် ၁ ပိဿာ ရရှိကာ ဈေးကွက် ၌ ငွေကျပ် ၂၄ဝဝဝဝ ဖြင့် ရောင်းချ လျက်ရှိကာ အိမ်နီးချင်း တရုတ်နိုင်ငံ နှင့် ကမ္ဘာလှည့် ခရီးသွားများမှ နှစ်သက်စွာ ဝယ်ယူကြကြောင်း သိရသည်။

No comments:

Post a Comment