သမ္မာအာဇီဝ ဖြစ်ပါစေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, December 25, 2018

သမ္မာအာဇီဝ ဖြစ်ပါစေ


မောင်မြသိန်းထွန်း(တောင်ကြီး)
.
.
လူတို့သည် မိမိ၏ နေထိုင်ရာ ပတ်ဝန်းကျင် ၌ ဖြစ်စေ၊ အလုပ်လုပ်ကိုင်ရာ ဌာနဝန်းကျင်တွင် ရိုးသားစွာ အလုပ်လုပ်ကိုင်နိုင်ခြင်း၊ မိမိတို့၏ အလုပ်ခွန်အားဖြင့် ရှာဖွေရရှိလာသော သင့်ငွေများသည် သမ္မာအာဇီဝကျသည့် အလုပ်များဖြစ်သည်။ ကျွန်တော်တို့သည် ငယ်ရွယ်စဉ် အချိန်ကတည်းက အခြေခံကျောင်းများတွင် သင်ကြား ပေးလိုက်သည့် အသိပညာ၊ ပြည်သူ့နီတိပညာ များကို လေ့လာကြပြီး အဆင့်မြင့် အတန်းပညာ တက္ကသိုလ် ပညာရပ်များကို လေ့လာကြပြီးလုပ် ငန်းခွင်တွင် သမ္မာအာဇီဝကျသည့် အလုပ်လုပ် ကိုင်တတ်စေရန် အတွေးအခေါ်များ၊ ကျွမ်းကျင် မှု အတတ်ပညာများကို လေ့ကျင့်ပျိုးထောင်ပေး လိုက်သည်။
.
၁၉၇ဝ ဝန်းကျင်ကာလတွင် သမ္မာအာဇီဝ လုပ်ငန်း မဟုတ်သည့် မှောင်ခိုကုန်ကူးသည့် လုပ်ငန်းသည် တွင်ကျယ်လာလေသည်။ လူလတ်တန်းစားများသည် ရပ်ကွက် သမဝါယမ ဆိုင် တိုးဝှေ့စီတန်းပြီး အဖိုးချိုသာသည့် ပြည်တွင်းဖြစ် စသည်များကို တိုးဝှေ့ဝယ်ယူကြလေ သည်။ လူကုန်ထံ၊ လူချမ်းသာများမှာ တရားမ ဝင် မှောင်ခိုသွင်းလာသော နိုင်ငံခြားကုန်များ ဈေးအဆမတန်ပေး၍ ဝယ်ယူကြသဖြင့် မှောင် ခိုလုပ်ငန်း လုပ်ကိုင်သည့် ကုန်သည်များ ပိုမို ချမ်းသာကြသည်။ ထို့ကြောင့် လူအများစုများ သည် ထိုမှောင်ခိုကုန်သည်များ ကြီးပွားလာ သည်ကို အားကျလာပြီး သမ္မာအာဇီဝကျသည့် လုပ်ငန်းကို လုပ်ကိုင်ရန် တွန့်ဆုတ်လာကြပြီး မှောင်ခိုလုပ်ငန်း (ဖြတ်လမ်း)ကို ဟိုအရင်ကာလ ပင် ပြောင်းလဲလုပ်ကိုင် လာကြလေပြီ။
.
သမ္မာအာဇီဝကျသည့် အလုပ်ဟူသမျှတွင် ''စေတနာ၊ ဝါသနာ၊ အနစ်နာ'' ဟူသော နာ သုံးနာနှင့် ပြည့်စုံရန် လိုအပ်သည်။ မိမိ၏ကျရာ တာဝန် အလုပ်တွင် နဖူးမှ ချွေးမြေခအောင်ပင် ပန်းစွာ လုပ်ကိုင်စားသောက်ကြရ လေသည်။ သူတစ်ပါးအပေါ်တွင် သနားညှာတာရန် စိတ်သ ဘောထား ဖြူစင်ပြီး စေတနာပါပါ လုပ်ကိုင်ရန် လိုအပ်လေသည်။ မိမိတို့ ငယ်စဉ်ခါက လေ့လာ သင်ကြားခဲ့ရသော ပညာတို့ကို အသုံးချပြီး ဝါ သနာပါရာ လုပ်ငန်းများကို စိတ်ဝင်စားစွာလုပ် ကိုင်ရန် လိုအပ်လေသည်။ သုတ၊ရသ စာအုပ် များ၊ နေ့စဉ် သတင်းစာ၊ ဂျာနယ်၊ရုပ်ရှင်များကို လည်း သမ္မာအာဇီဝကျသည့် လုပ်ငန်းများလုပ် ကိုင်ရာတွင် အထောက်အကူပြုစေရန် လေ့လာ ရန် လိုအပ်လေသည်။ အလုပ်အပေါ်တွင် တာ ဝန်သိစိတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကိုယ်ကျိုး စွန့်ပြီး အနစ်နာခံ ဆောင်ရွက်တတ်မှုတို့လည်း ပါဝင်လေသည်။ သမ္မာအာဇီဝကျသည့် လုပ်ငန်း ဖြင့် ရရှိသော ဝင်ငွေသည် အလွန်တန်ဖိုးရှိ သည်။ ခြိုးခြံချွေတာစွာ သုံးစွဲတတ်ဖို့လည်း လို အပ်လေသည်။
.
တောင်သူလယ်သမားများသည် သီးနှံများ ဈေးကောင်းမရခြင်း၊ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ဆန်၊ပဲ၊ နှမ်း ကုန်သည်များမှာ ကုန်များကို အပ်နှံခိုင်းပြီး ငွေ မရှင်းဘဲ နိုင်ငံခြားသို့ ထွက်ပြေးခြင်း၊ သီးနှံများ ကို စိုက်ပျိုးရသည့် စရိတ်စကများကို မကာမိ သောကြောင့် လယ်ယာကိုင်းကျွန်းမြေများကို စွန့်ခွာပြီး မြို့ပေါ်တက်ပြီး အလုပ်ရှာကြလေ သည်။ တချို့တောင်သူများ သီးနှံများကြားတွင် သမ္မာအာဇီဝ မဟုတ်သည့် ဘိန်းပန်းကို ကြား ညှပ်စိုက်ပျိုးလာကြပေသည်။ ငွေကြေးချမ်းသာ သည့် (ခရိုနီ)များကလည်း သက်ဆိုင်ရာဝန်ထမ်း များကို (လာဘ်ပေး၊ လာဘ်ယူ)ပြုလုပ်ပြီး သမ္မာ အာဇီဝနည်းလမ်းမကျသည့် လုပ်ငန်းဖြင့်အဆ မတန် ချမ်းသာလာကြလေသည်။ ထို့ကြောင့် အခြေခံ လူတန်းများမှာ များပြားသောကြောင့် ဆင်းရဲချမ်းသာ ကွာလာလေသည်။ ထို့ကြောင့် လူတို့သည် သမ္မာအာဇီဝကျသည့် အလုပ်များ လုပ်ကိုင်ရန် တွန့်ဆုတ်ကြောက်ရွံ့လာကြပေ သည်။
.
အလုပ်လုပ်ကိုင်နေချိန်တွင် တိကျမှန်ကန်မှု ရှိခြင်း၊ သစ္စာ၊ သမာဓိ၊ တရားမျှတမှုရှိခြင်း၊ ကုန်ကြွေးယူပြီးလျှင် ပြန်လည်ဆပ်ရမည့် အချိန် အလိုက်သိစွာ ပြန်လည်ပေးဆပ်ခြင်း၊ငှားထား သည့် ပစ္စည်းများကို သူ့အချိန်အတိုင်း ပြန် လည်အပ်နှံခြင်းသည် လူနေမှုအခြေခံ အကျင့်စ ရိုက်များကို ကျင့်သုံးမှသာ သမ္မာအာဇီဝကျသည့် လုပ်ငန်းများ ဖြစ်ပေါ်လာပေသည်။ တက္ကစီကား ဆရာများသည် သမ္မာအာဇီဝ ကျစွာကားမောင်း နေသော်လည်း လမ်းတွင် ဓားထောက်ပြီးပိုက်ဆံ အိတ်၊ ဖုန်းများ လုယက်ခံရခြင်းကြောင့်အသက် အန္တရာယ်နှင့် ရင်ဆိုင်ရလာသည်။ သားငါးစိမ်း သည်၊ ဆိုက်ကားဆရာ၊ ကူလီထမ်းသမားများ သည် တစ်နေကုန် ရှာဖွေရသော်လည်း မလောက်သောကြောင့် အတိုးချေးယူပြီးရပ်တည် စားသောက်နေရပေသည်။
.
သမ္မာအာဇီဝကျသည့် အလုပ်တွင် ပင်ပန်း ဆင်းရဲစွာ လုပ်ကိုင်ရခြင်း၊ ငွေ(ပိုက်ဆံ)ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ ဝင်ငွေနည်း သည့် လုပ်ငန်းများက များလာသည့်အတွက် အများစုသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျောင်းမှ ထွက်၍ ကူလီထမ်းခြင်း (ကုန်ထမ်းခြင်း)၊ နိုင်ငံ ခြားသို့ ထွက်၍ အလုပ်လုပ်ကိုင်ခြင်းတို့ကို ပြု လုပ်လာကြလေသည်။ ''ပညာတတ်ရန် မလို ပိုက်ဆံရှာတတ်ဖို့ လိုသည်''ဟူသော အမြင်မှား များ ရရှိကုန်ကျသည်။ ထို့အပြင် မူးယစ်ဆေးဝါး (ရာမ) ရောင်းဝယ်ခြင်း၊နိုင်ငံခြားသို့ လူကုန်ကူး ခြင်း (ပြည့်တန်ဆာ)၊ ကုမ္ပဏီဟန်ပြဖွင့်ပြီး အ များပြည်သူတို့၏ အပ်ငွေ (ရှယ်ယာထည့်ဝင်ငွေ) များကို လိမ်လည်လှည့်ဖြား ယူဆောင်ပြေးခြင်း စသည့် သမ္မာအာဇီဝ မဟုတ်သည့် လုပ်ငန်းများ ကို ကျယ်ကျယ်ပြန့်ပြန့် ပေါ်တင်ရဲတင်းစွာရွေး ချယ် လုပ်ကိုင်လာကြလေသည်။ ''ဘယ်သူသေ သေ ငါမသေရင်ပြီးရော''ဟူသည့် ဆောင်ပုဒ်အ တိုင်း မိမိကိုယ်ကျိုး စီးပွားချမ်းသာရန်သာ ဦး စားပေးပြီး သူတစ်ပါး ဆင်းရဲဒုက္ခများကို လျစ် လျူရှုပြီး မိမိတို့ မိသားစုကောင်းစားဖို့ ရန်သူ တစ်ပါးကို သနားညှာတာမှု ကင်းမဲ့စွာပြုမူပြီး သမ္မာအာဇီဝ မဟုတ်သည့် တရားမဝင်လုပ်ငန်း များကို လုပ်ကိုင်ကြသည်။
.
ကုန်ရောင်း၊ ကုန်ဝယ် (ဈေးသည်)အလုပ် သည် သမ္မာအာဇီဝကျသည့် အလုပ်ဖြစ်သော် ငြားလည်း ကုန်ဝယ်သူများ မှာ ကုန်ြွေကးများစွာ ယူပြီး ပြန်လည်မဆပ်တော့ဘဲ (စုကြေး)လိုက် ထည့်ခြင်း၊ ရွှေ၊ မြေကွက်များ၊ လက်ဝတ်ရတနာ များ ဝယ်ယူစုဆောင်းခြင်းဖြင့် ရှောင်တိမ်းလာ သောကြောင့် ကုန်ရောင်းသူများဘက်ကလည်း အြေ<ွကးချတာ လွန်ကုန်ပြီး သမ္မာအာဇီဝကျကျ လုပ်ကိုင်ကြသော်လည်း (မလှူတတ်လျှင် ဈေး ရောင်း) ဆိုသကဲ့သို့ အြေ<ွကးနွံတွင် သံသရာ လည်နေတော့သည်။ ကုန်ထုတ်လုပ်သူများဘက် ကလည်း ကုန်သည်များထံသို့ ရက်လွန်သည့် ကုန်များကို ထိုး(အတင်း)ခြင်း၊ စုတ်ပြဲနေသည့် ကုန်များကို ကြားညှပ်ထည့်ပို့ခြင်းဖြင့် သမ္မာအာ ဇီဝမကျသည့် အလုပ်များကို လုပ်ကိုင်လာကြ လေသည်။ ထို့ကြောင့် လူတို့သည် (ကောင်း ရောင်း၊ ကောင်းဝယ်) သမ္မာအာဇီဝ အလုပ်ကို လုပ်ကိုင်ရန် ကြောက်ရွံ့လာကြပြီး၊ မှောင်ခိုကုန် ကူးခြင်း၊ မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ရာမ)ကုန် များ ကူးသန်းရောင်းဝယ်ခြင်း စသည့် သမ္မာအာ ဇီဝမဟုတ်သည့် အလုပ်အကိုင်များကို ရွေးချယ် လုပ်ကိုင် လာကြလေသည်။
.
မာလာဟင်း၊ ကြေးအိုးအကင်၊ ဟော့ပေါ့ စသည့် သမ္မာအာဇီဝကျသည့် အလုပ်များကို ဟန်ပြ ဖွင့်လှစ်ကာ နောက်ကွယ်တွင် သမ္မာအာ ဇီဝ မဟုတ်သည့် မူးယစ်ဆေးဝါးများကို လုပ် ကိုင်လာကြလေသည်။ ကုမ္ပဏီ၊ အဖွဲ့အစည်းစီး ပွားရေး လုပ်ငန်း စသည့် သမ္မာအာဇီဝကျသည့် အလုပ်များကို ဟန်ပြဖွင့်လှစ်ကာ (စုကြေး၊ ကုန် ကြွေး)စသည်တို့ကို လူများ၏ ယုံကြည်မှုကိုအ လွဲ သုံးစား ပြုလုပ်ကာ တိမ်းရှောင်ထွက်ပြေးမှု များ မကြာခဏ ဖြစ်ပေါ်သည်ဟု ကြားသိရ သည်။ လူတို့သည် (လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန)များကို ရှေ့တန်းတင်လာပြီး သနား ညှာတာမှု ကင်းမဲ့စွာ မိမိ၏ ကိုယ်ကျိုးစီးပွားချမ်း သာမှုတို့ကိုသာ ရှေးရှုလျက် သမ္မာအာဇီဝကင်းမဲ့ စာ ပြုမူလုပ်ကိုင်လာကြလေတော့သည်။
.
ကျွန်တော်တို့ နိုင်ငံတွင် တွင်းထွက်ပစ္စည်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ပျဉ်းကတိုး၊ ကျောက်စိမ်းစသည့် သဘာဝသယံဇာတများ ပေါကြွယ်ဝသော်လည်း သမ္မာအာဇီဝနည်းလမ်း မဟုတ်သည့် (မှောင်ခို)နည်းဖြင့် နိုင်ငံခြားတိုင်း ပြည်များသို့ ဈေးနှုန်းချိုချိုဖြင့် ရောက်ရှိသွားသော ကြောင့် ''ဖောင်စီးရင်းရေငတ်'' ဆိုသကဲ့သို့ဖြစ် နေလေသည်။ ထို့ကြောင့် တိုင်းပြည်ဘဏ္ဍာငွေ ကို များစွာဆုံးရှုံးလေတော့သည်။
.
ကျွန်တော်တို့ နိုင်ငံသည် လယ်ယာစိုက်ပျိုး သီးနှံများ၊ ကျွန်းသစ်၊ ပျဉ်းကတိုး သစ်မာများ၊ ကျောက်စိမ်း၊ ပတ္တမြား စသည့်သယံဇာတထွက် ကုန်များ ပြေါ<ွကယ်ဝသည့်အတွက် သမ္မာအာဇီ ဝကျကျ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများရှိ သည်။ လယ်ယာဦးကြီးများသည် တောင်ယာမြေ ပေါ်တွင် နဖူးမှချွေးမြေသို့ ချွေးဒီးဒီးကျအောင် သမ္မာအာဇီဝကျအောင် ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကိုင်ကြသော်လည်း ရာသီထွက်ကုန်သီးနှံ၊ ဆန်စပါးများ ဈေးကောင်း မရရှိသောကြောင့် မိမိတို့၏ လယ်ယာမြေများကို ရောင်းချပြီးနိုင်ငံ ခြားသို့ ထွက်ပြီး အလုပ်သွားကြလေသည်။ တ ချို့သောသူများမှာ စိုက်ပျိုးသီးနှံများထဲသို့ သမ္မာ အာဇီဝ နည်းလမ်းမဟုတ်သည့် ဓာတ်မြေသြဇာ အများအပြား ထည့်ခြင်း၊ ပိုးသတ်ဆေးအများ အပြား ထည့်ကာစိုက်ပျိုးသီးနှံများ မြန်မြန်ကြီး ထွားလာအောင် ပြုလုပ်ကာ ဈေးကွက်ထဲသို့အ မြန် ပို့ဆောင်ခြင်းဖြင့် စားသုံးသူ လူထုများမှာ ရောဂါဘယများ ထူပြောလာပြီး ကင်ဆာရောဂါ များပင် အဖြစ်များလာခဲ့ကြလေသည်။
.
ပြည်သူ့ဝန်ထမ်း အရာရှိ၊ အရာထမ်း၊ အမှု ထမ်းများသည် သမ္မာအာဇီဝကျသည့် အလုပ် များဖြစ်သည်။ ရှေးယခင်ကာလက ဝတ်လုံတော် ရတရားရှေ့နေ၊ ပြန်တမ်းဝင်အရာရှိများ ရှိသည့် မိသားစုများသည် အများအလယ်တွင် ဂုဏ်ယူ ဝံ့ကြွားနိုင်ကြလေသည်။ ထိုအချိန်ကာလကပြည် သူ့ ဝန်ထမ်းများ၏ လုပ်ခလစာမှာ များများရ ကြပြီး သမ္မာအာဇီဝကျကျ လုပ်ကိုင်သည့်သူ များမှာ ပေါများလှပေသည်။ ယခုအချိန်တွင်လုပ် ခလစာများမှာ နည်းပါးလာကြသဖြင့် အဂတိ များ လိုက်စားလာကြကာ သမ္မာအာဇီဝမဟုတ် သည့် လုပ်ပိုင်ခွင့်များကို ဖန်တီးပေးခြင်းဖြင့် ''လာဘ်ပေးလာဘ်ယူ တို့ရန်သူ''ဟူသော ဆောင်ပုဒ်ကို မေ့လျော့လာကြလေသည်။
.
အများပြည်သူ သယ်ယူပို့ဆောင်ရေး (ခရီး သွား) လုပ်ငန်းသည်လည်း သမ္မာအာဇီဝကျ သည့် အလုပ်ပင် ဖြစ်လေသည်။ သို့သော်လည်း ထိုလုပ်ငန်းများကို ဟန်ပြလုပ်ကိုင်ကာ ကားများ ကို အမြန်နှုန်းဖြင့် မောင်းနှင်ခြင်း၊ ဝန်ဆောင်မှု ညံ့ဖျင်းခြင်း၊ ကားဆရာများသည် ထွက်ကုန် များကို ဟန်ပြတင်ဆောင်ကာ အောက်တွင် မူးယစ်ဆေးဝါးများ ခိုးဝှက် တင်ဆောင်ခြင်း၊ ကျောက်စိမ်း၊ကျွန်းသစ်၊ပျဉ်းကတိုးသစ်မာများ၊ ဆင်စွယ်၊ တောကောင်များကို ခိုးဝှက်သယ် ဆောင်ပြီး တခြားနိုင်ငံသို့ မှောင်ခိုကူးသန်းခြင်း စသည့် သမ္မာအာဇီဝ မဟုတ်သည့် အလုပ်များ ကို ရွေးချယ်လုပ်ကိုင်လာကြလေသည်။ ထိုလုပ် ငန်းများကြောင့် နိုင်ငံများ၏ ပြေါ<ွကယ်ဝသော တိုင်းပြည်၏ သယံဇာတများသည် တရားမဝင် နည်းဖြင့် နိုင်ငံခြားသို့ အဖိုးနှုန်းချိုသာစွာဖြင့် ရောက်ရှိကုန်သောကြောင့် တိုင်းပြည်၏အခွန် များစွာ ဆုံးရှုံးလေတော့သည်။ လူတို့သည် သမ္မာအာဇီဝ မဟုတ်သည့် အလုပ်များကို ရွေး ချယ်လုပ်ကိုင်လာသောကြောင့် ''ဥစ္စာဟူသည် မျက်လှည့်မျိုးဆိုသကဲ့သို့'' တိုင်းပြည်၏ ထွက် ကုန်များ ပျောက်ကုန်ကြလေတော့သည်။ လူတို့ ၏ လောဘများဖြင့် သမ္မာအာဇီဝ မဟုတ်သည့် နည်းလမ်းဖြင့် စီးပွားရှာသူများသည် ''လူမိုက် နှင့်ငွေ အတူမနေ''ဆိုသကဲ့သို့ သူတို့၏ စည်း စိမ်များသည် ခဏတွင်းချင်း ချမ်းသာလာကြပြီး အကန့်အသတ် မရှိ သုံးဖြုန်းဖြစ်ကြကာ ပြန်ပြီး ဆင်းရဲသွားကြလေတော့သည်။
.
ကိုရီးယားခေါင်းဆောင် ပတ်(ခ်) ချောင်ဟီး၊ မလေးရှားခေါင်းဆောင် မဟာသီ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဂျပန်ခေါင်းဆောင်များသည် အခြေခံ လူတန်းစားများကို သမ္မာအာဇီဝကျကျ လုပ်ကိုင် တတ်စေရန် အမြော်အမြင်ကြီးစွာဖြင့်နိုင်ငံခြား သို့ အင်ဂျင်နီယာ၊ စက်မှုနည်းပညာများကို စေ လွှတ်သင်ကြားစေပြီး မိမိတို့ တိုင်းပြည်တွင်စက် မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာအောင်စက် ရုံ၊ အလုပ်ရုံများစွာ တည်ဆောက်စေပြီး အလုပ် အကိုင် အခွင့်အရေးများစွာ ပေးလျက် အခြေခံ လူမှုအကျင့်စရိုက် မြင့်မားစွာတွေးခေါ် လေ့ ကျင့်ပေးပြီး စက်မှုထွန်းကားပြီး နိုင်ငံခြားသို့ပို့ ကုန်များ တင်ပို့စေခြင်းဖြင့် ''တစ်နေ့တစ်လံ ပ ဂံ ဘယ်ရွေ့မလဲ'' စကားပုံကဲ့သို့ စက်မှုဖွံ့ဖြိုး သော နိုင်ငံကို တည်ဆောက်လိုက်လေသည်။
.
စင်္ကာပူခေါင်းဆောင်ကြီး လီကွမ်ယု၊ တရုတ်ခေါင်းဆောင်ကြီး တိန့်ချောင်ဖိန့်၊ ဗီယက် နမ်ခေါင်းဆောင် ဟိုရှီးမင်းတို့သည် ပြည်သူများ ကို ပညာရေးတိုးတက်ကောင်းမွန်လာအောင် အဖက်ဖက်မှ ဖြည့်ဆည်းပေးလျက် တိုးတက် ကောင်းမွန်လာသော လူ့စွမ်းအား အရင်းအမြစ် များကို ထူထောင်ပေးပြီး စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေလျက်၏။ သမ္မာအာဇီဝကျ သော လုပ်ငန်းများကို လုပ်ကိုင်စေခြင်း ပညာ တတ်သော လူငယ်လူရွယ်များကို ဦးနှောက်ယို စီးမှု မဖြစ်စေရန် ကာကွယ်လိုက်နိုင်သည်။
.
ကျွန်တော်တို့ နိုင်ငံသည် သယံဇာတပေါ များ ကြွယ်ဝလာသော်လည်း လယ်သမားများ သည် လယ်ယာကိုင်းကျွန်းများကို စွန့်ခွာလာကာ မြို့တက်ပြီး သမ္မာအာဇီဝ ကျကျလုပ်ကိုင်ကျ သော်လည်း ကုန်ဈေးနှုန်းတက်လာခြင်း၊ အိမ် လခများ တက်လာခြင်းတို့ကြောင့် ကြုံရာကျ ပန်း လုပ်ကိုင်ကြသဖြင့် ကုန်ထုတ်လုပ်နိုင်စွမ်း အား ကျဆင်းလာပြီး ပြည်ပသို့ ပို့ကုန်လျော့ နည်းလာပြီး ပြည်တွင်း သွင်းကုန်များလာခြင်း ကြောင့် သမ္မာအာဇီဝ မဟုတ်သည့် အလုပ်(ခိုး ဆိုး လုနှိုက်)များ အရဲတင်းစွာ ရွေးချယ်လုပ် ကိုင်ရကြလေသည်။ သမ္မာအာဇီဝကျသည့် အ လုပ်ကို လုပ်ကိုင်ရာတွင် စိတ်ရှည်သည်းခံ တတ် ဖို့လိုသည်။ မိမိ၏ ဝါသနာနှင့် ကိုက်ညီပြီးစိတ် ပါဝင်စားပြီး အောက်သက်ကျေအောင် လုပ် ကိုင်တတ်ဖို့ လိုအပ်လေသည်။
.
ကျွန်တော်တို့ နိုင်ငံသည် အခုချိန်တွင်ပွင့် လင်းလာပြီး ဈေးကွက်စီးပွားရေး စနစ် သမ္မာ အာဇီဝကျသည့် စတင်လုပ်ကိုင်ရန် အချိန်အခါ ကောင်း ဖြစ်သော်လည်း ''မိုးလွန်မှ ထွန်ချ'' ဆိုသလိုပင် နိုင်ငံခြားတိုင်းပြည်၏ နောက်တွင် များစွာ နောက်ကောက်ကျကျန်ရစ် နေပေသည်။ နိုင်ငံခြားသို့ ပညာသင်ပြီး ပြန်လည်၍ မပြန်လာ ဘဲ တိုင်းတစ်ပါးတွင် အလုပ်လုပ်ကိုင်နေကျ သော ခေတ်ပညာတတ် လူငယ်များ မပျောက် (ဦးနှောက်ယိုစီးမှု)မဖြစ်စေရန် ဆောင်ရွက်သင့် ပြီး စီမံခန့်ခွဲအားကောင်းပြီး အမြော်အမြင် ကြီး သော လူစွမ်းအား အရင်းအမြစ် လိုအပ်လေ သည်။ အခြေခံ လူတန်းစားများအတွက် စက် ရုံအလုပ်ရုံများစွာ တည်ထောင်ပေးခြင်းဖြင့် လူ နေမှု အဆင့်အတန်း မြင့်မားလာပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမည်။ ဘွဲ့ရပညာတတ်များကို အလုပ်အကိုင် ဖန်တီးပေးခြင်းဖြင့် သမ္မာအာဇီဝ ကျသည့် လုပ်ငန်းများ ပေါ်ပေါက်လာမည်။ ''ရိုး ရိုးကျင့် မြင့်မြင့်ကြံ'' ဆိုသကဲ့သို့လူတိုင်းရိုးရိုး သားသား ကြိုးကြိုးစားစား လုပ်ကိုင်စေနိုင် သည်။ ထို့ကြောင့် မည်သည့် လုပ်ငန်းကိုလုပ် ကိုင်ရာတွင် ''သမ္မာအာဇီဝ ဖြစ်ပါစေ''ဟု ဆုမွန်ကောင်းအပ်လိုက်ပါသည်။
.

No comments:

Post a Comment