ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏သားဖြစ်သူ အင်းလေးကန်၌ ဟိုတယ် ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်မှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, December 21, 2018

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏သားဖြစ်သူ အင်းလေးကန်၌ ဟိုတယ် ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်မှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေဟု ဆို



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် Myanmar Naing Group ကုမ္ပဏီမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသ၊ မိုင်းသောက် ကျေးရွာအုပ်စုအတွင်းရှိ မြေဧက ၉ဝ ပေါ်တွင် ဟိုတယ်တည်ဆောက်ရန် စီစဉ်နေမှုကို ဒေသခံအများစုကထောက် ခံနေကြောင်း သမ္မတရုံးညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေး၏ ပြောကြားချက် မှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေ သည် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
.
 
.
''အဲဒီပြောကြားချက်က တော် တော်လေးကို ကွဲလွဲနေတာပါ။ အင်းလေးကန် တစ်ခုလုံးက ဒေသခံတွေ ကလည်း ကန့်ကွက်လက်မှတ် ထိုး တယ်။ ရှမ်းတောင်၊ ရှမ်းရှေ့၊ ရှမ်း၊ မြောက်က အဖွဲ့အစည်းတွေ၊ တိုင်း ရင်းသား အဖွဲ့အစည်းတွေ၊ CSO အဖွဲ့အစည်းတွေ အားလုံးကပါ ကန့် ကွက်ကြတာပါ။ ဦးဇော်ဌေးက မြေ ပြင်အခြေအနေကို မသိဘဲနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ဝ ယောက်လောက် က လက်မှတ်ထိုးတားတဲ့ဟာကိုကြည့် ပြီး ထောက်ခံသူများတယ် ဆိုတာကို ပြောတာ ဖြစ်မှာပါ။ ဒေသခံတွေက တော့ ကန့်ကွက်တဲ့ သူတွေက အ ကုန်လုံးလိုလိုပါ။ ကန့်ကွက်မယ်လို့ သာ လက်မှတ်ထိုးခိုင်းကြည့်ပါ။ အ ချိန်မရွေး ထိုးမယ့် ဒေသခံတွေချည်း ပါပဲ''ဟု ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ဟိုတယ်တည်ဆောက် ရန် ပြီးခဲ့သည့် အောက်တိုဘာလက မြေအသုံးပြုခွင့် စတင်လျှောက်ထားစဉ် ဒေသခံ ၄ဝဝဝ ကျော်၏ ကန့် ကွက်မှုကို ကြုံခဲ့ရသဖြင့် ညောင်ရွှေ မြို့နယ်၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၂ ဦး၊ ညောင်ရွှေမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နှင့် အစိုးရဌာနဆိုင်ရာများက သမ္မတရုံး၏ ညွှန်ကြားချက်အရကွင်း ဆင်းကြည့်ရှုခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်း၌ ထောက်ခံသူများရှိနေ သည် ဆိုသည့်အချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေ ပြည်တော်တွင် မီဒီယာများအား ပြော ကြားခဲ့ခြင်း ဖြစ်သည်။
.
''ကွင်းဆင်းပြီး စစ်ဆေးတဲ့အခါ မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဌာန ဆိုင်ရာတွေ ပါဝင်ပါတယ်။ တချို့က အပြုသဘော လက်ခံတဲ့သူတွေလည်း ရှိတယ်။ အများစုကတော့ လက်ခံတယ်။ အနည်းစုက ကန့်ကွက် နေတဲ့သဘောလို့ သိရတယ်။''ဟု ဦး ဇော်ဌေးက မီဒီယာများသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ပြောကြားချက်သည်မြေ ပြင်အခြေအနေကို ကြည့်၍ ပြောကြား ခြင်းမဟုတ်ဘဲ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၂ စုမှ ကျေးရွာအုပ် ချုပ်ရေးမှူးများ၏ လက်မှတ်များနှင့် ထောက်ခံကြောင်း စာရင်းကိုကြည့်၍ ပြောကြားခြင်းသာဖြစ်ပြီး စီမံကိန်းကို ကန့်ကွက်လိုပါက ကန့်ကွက်နိုင် ကြောင်းသာ ကြေညာခဲ့ရာ ထောက်ခံ ကြောင်း လက်မှတ်ရေးထိုးထားသူ များသည် တရားမဝင်ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
''ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ဆိုတာကို ပြောရမယ်ဆိုရင် သူတို့ဌာနဆိုင်ရာရဲ့ လုပ်ရပ်က ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ကြောင်းလို့ပဲ ပြောထားတာလေ။ ထောက်ခံနိုင်တယ် ဆိုတဲ့ဟာ မပြောထားဘူး။ ကြေညာချက် ထုတ်ပြန်တုန်းက ရက်ပေါင်း ၉ဝ အတွင်းပဲ ကန့်ကွက်ရမယ် ဆိုတာ ပါပြီးသား။ အဲဒီစာထွက်ပြီးနောက် ပြည်သူတွေ ကန့်ကွက်လက်မှတ်ကို အားချင်းကောက်တယ်။ အဲဒီရက်ပိုင်း အတွင်းမှာ ကောက်ရတဲ့ လက်မှတ် က ၄ဝဝဝ ကျော်ပဲ ရှိတယ်။ သတ် မှတ်အချိန်ကာလကြောင့်ပေါ့။ သူတို့ ရဲ့ ထောက်ခံကြောင်း လက်မှတ်က တော့ သတ်မှတ်ကာလ မရှိဘူး။ အဲ ဒါကြောင့် ထောက်ခံကြောင်းဆိုတာ က များကောင်းများနေလိမ့်မယ်။ ဒေ သခံတွေ အားလုံးရဲ့ ဆန္ဒက တစ် သက်လုံး ထိန်းသိမ်းလာတဲ့ သဘာဝ ကို ဘယ်သူ့ကိုမှ ပေးချင်မှာ မဟုတ် ဘူး။ အဲဒါကြောင့် ကန့်ကွက်ကြောင်း လက်မှတ်ကို အချိန်မရွေး သွား ကောက်ကြည့်ပါ။ လက်မှတ်မထိုးပေး ဘူး၊ မထိုးရဲဘူး ဆိုတာ မရှိဘူး''ဟု ECC Network အင်းလေးမှ မခင်စိုး က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့ သည်။
.
ယင်းကဲ့သို့ ထောက်ခံလက်မှတ် ရေးထိုးထားသူများသည် အင်းလေးကန် ယိုယွင်းပျက်စီးမှု ထိခိုက်မှုများ မရှိပါက စီမံကိန်းကို ထောက်ခံ ကြောင်းနှင့် ဟိုတယ်စတင်တည်ဆောက်ခြင်း မရှိသေးသည့်အတွက် အင်းလေးကန် ထိခိုက်ပျက်စီးမှု ရှိ/မရှိ ကို မသိသေးသည့်အတွက်ကြောင့် သာ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး ဟိုတယ် တည်ဆောက်ချိန်တွင် ထိ ခိုက်ပျက်စီးမှုများ ရှိလာပါက ကန့် ကွက်သွားမည်ဖြစ်ကြောင်း Save The Inle Lake အဖွဲ့ထံမှ သိရသည်။
.
ယခုအခါ အင်းလေးကန်နှင့်ပတ် ဝန်းကျင်တွင် ဟိုတယ် ၁၄ လုံး ရှိနေ ပြီး ယခင်ခေတ် အဆက်ဆက်က ကန့်ကွက်ခွင့် မရခဲ့၍ မကန့်ကွက်နိုင်ခဲ့ ကြောင်း၊ ယခုအခါ အဆိုပါ နေရာ များသည် မြေသိမ်းဆိုင်ရာ ကိစ္စများ နှင့် အချင်းများနေဆဲဖြစ်ကြောင်း ဟို တယ်ဇုန်သည် ဧက ၆ဝဝ ကျော်ရှိ နေ ပြီဖြစ်ကြောင်း ဒေသခံများကပြော ဆိုလျက်ရှိသည်။
.
.
.
#KBZTai #Shan