လူ့ စွမ်းအား အရင်းအမြစ်များကို တည်ဆောက်ဖို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, December 29, 2018

လူ့ စွမ်းအား အရင်းအမြစ်များကို တည်ဆောက်ဖို့



တိုက်မောင်း
.
.
''အာရောဂျံ ပရမံလာဘံ'' ကျန်းမာခြင်း သည် လာဘ်ကြီးတစ်ပါးပင် မဟုတ်ပါလား။ လူ့ ဘဝတွင် ကျန်းမာခြင်းထက်ကောင်းတာဘာမှမ ရှိ။ ငွေကြေးဥစ္စာ ပြည့်စုံကြွယ်ဝတာ ကောင်းပါ တယ်။ ဒါပေမဲ့ ကျန်းမာခြင်းဟာ ငွေရှိခြင်းထက် ပိုပြီး ကောင်းတယ်လို့ ဆိုချင်ပါတယ်။ မကျန်း မာတဲ့အခါ ငွေနဲ့ အလွယ်တကူ ဆေးကုသနိုင် ပေမယ့် ကျန်းမာခြင်း၏ တန်ဖိုးကိုတော့ ငွေနဲ့ တန်ဖိုးဖြတ်ပြီး မဝယ်နိုင်ပါဘူး။ ဒါကြောင့်ကျန်း မာနေခြင်းကို ဆုလာဘ်သဖွယ် တန်ဖိုးထားပြီး ထိန်းသိမ်းကြဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိ ပါတယ်။
.
ကြိုတင်ကာကွယ်ခြင်း
.
ကျွန်တော်တို့ဟာ များသောအားဖြင့် နေမကောင်းထိုင်မသာ ဖြစ်မှသာ ဆေးရုံ၊ ဆေးခန်းများကို သွားဖြစ်ကြသည်။ ဆရာဝန်များရဲ့ညွှန် ကြားချက်အတိုင်း ဆေးထိုးဆေးသောက် ပြုလုပ်တတ်ကြတာပါ။ ကျန်းမာရေးကောင်းနေတုန်း မှာ ခန္ဓာကိုယ်ကို ဂရုမစိုက်မိကြဘဲ မေ့မေ့လျော့လျော့ နေတတ်ကြတာများပါတယ်။ ငယ်ရွယ်စဉ် အချိန်မှာ ခန္ဓာကိုယ်ဟာ အင်ဂျင်အသစ်တွေလိုပဲ မောင်းနှင်အားကောင်း ကြတယ်။ ပြုပြင်စရာ သိပ်မလိုသေးဘူး။ စက်ပစ္စည်းတစ်ခုကို ရေရှည် အသုံးပြုနိုင်ဖို့ရာ နားလည်တဲ့ စက်ပြင်ဆရာနဲ့ မကြာခဏ ပြသပြီး လိုအပ်သော စက်ဆီ၊ချော ဆီများကို အချိန်မီ လဲလှယ်နေရသလို မိမိတို့ လူသားခန္ဓာကိုယ်ကိုလည်း သက်တမ်းစေ့နေ ထိုင်နိုင်ဖို့အတွက် ကျန်းမာနေတုန်းမှာပင် ၆ လ လျှင်တစ်ကြိမ် သို့မဟုတ် (၁)နှစ်လျှင် တစ်ကြိမ်လောက်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်း များမှာ ကျန်းမာရေး စစ်ဆေးမှု (Medical Check-up) ပြုလုပ်ဖို့ လိုပါတယ်။
.
သင့်တင့်မျှတအောင် စားသောက်ခြင်း
.
လူတစ်ဦး အသက်ရှင်ရပ်တည်နေထိုင်နိုင် ရန်အတွက် ကံ၊ စိတ်၊ ဥတုနှင့် အာဟာရတို့အပေါ်မှာ တည်မှီနေတယ် လို့ ဗုဒ္ဓဒေသနာမှာဟော ကြားထားပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ် တဲ့အာဟာရ ပြည့်ဝစွာ စားသုံးဖို့ လိုသလို ရာသီဥတုအလိုက် မျှတတဲ့ ဝတ်စားဆင်ယင်မှုကို လည်း ဂရုစိုက်ကြရပါမယ်။ နောက်ပြီး မိမိခန္ဓာ ကိုယ်အတွက် သင့်လျော်တဲ့ အစားအစာကိုလည်း ရွေးချယ်စားသောက် တတ်ရပါမယ်။ လိုအပ်သော ပမာဏကိုသာ သင့်တင့် မျှတစွာစား သောက်ဖို့လည်း လိုပါတယ်။ ကိုယ်ကြိုက်နှစ် =သက်တဲ့ အစားအစာဆို အချို့က ပုံမှန်ထက်ပို မိုပြီး စားသောက်တတ်ကြတယ်။ ဘေးဖြစ်မယ့် အရေးကို ခဏမေ့လျော့နေတတ်ကြတယ်။ သွေးတိုး၊ ဆီးချိုရောဂါ ရှိသူများအဖို့ မိမိရောဂါနဲ့ မတည့်တဲ့ အစားအစာတွေကို မစားမိအောင် ဂရုတစိုက် ရှောင်ကြဉ်ကြရပါမယ်။ ဒါမှသာ နေမ ကောင်း ထိုင်မသာဖြစ်ပြီး ဆေးရုံဆေးခန်းသွား ရတဲ့ ဒုက္ခ၊ ငွေကြေးကုန်ကျများတဲ့ ဒုက္ခတွေ ကင်းဝေလာမယ့်အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်လာအောင် ရုတ်တရက် ဖြစ်ပေါ်လာမယ့် ဒုက္ခများကနေ ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။
.
ရာသီဥတုနှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်း
.
လူတို့ မဆိုထားနဲ့။ တိရစ္ဆာန်များမှာတောင် ရာသီဥတုရဲ့ အခြေအနေကို နားလည်ကြပြီး ရာသီအလိုက် လုံခြုံ နွေးထွေးစွာ နေထိုင်ကြဖို့အသိုက်အမြုံများ ဆောက်လုပ်ကြ နေထိုင်ကြတာ ပဲမဟုတ်ပါလား။ နွေရာသီမှာ နေပူပြင်းပြင်းထဲက ပြန်လာလို့ အိမ်ရောက်တဲ့အခါ ချက်ချင်း ရေမချိုးဖို့ ငယ်ငယ်တုန်းက မိဘတွေ ပြောခဲ့တာ မှတ်မိသေးတယ်။ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့ ဆောင်းရာသီညတွေမှာ ပါးလျတဲ့ အဝတ်အစားများ၊ စောင်များနဲ့ မဆင်မခြင် အိပ်စက်နေထိုင်ခြင်းမျိုးကိုလည်း ရှောင်ကြဉ်ကြရန် လိုပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းနေချိန်ဆို ကွင်းပြင်ထဲမှာ ကလေးသူငယ်များ ဘောလုံးကစားကြခြင်းဟာ ကျန်းမာရေးနှင့် ညီညွတ် တယ်လို့ တစ်ထစ်ချ မဆိုနိုင်ပါဘူး။ ပင်လယ်ကမ်းစပ်၊ မြစ်ချောင်းနံဘေးများမှာ ကစားနေလို့ အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ ထိခိုက် လာနိုင်ကြောင်းကို မိဘများနဲ့ ဆရာဆရာမများ က ကြိုတင်ပြီး ဆုံးမသွန်သင် ပြောဆိုထားဖို့ လိုအပ်ပါတယ်။ ရာသီအလိုက် အားကစားလှုပ် ရှားမှုတွေကို တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက် ဖြစ်စေ၊ အသင်းအဖွဲ့အလိုက် ဖြစ်စေ လုပ်ဆောင် ကြခြင်းအားဖြင့် ကျန်းမာရေးကို အထောက် အကူဖြစ်စေပါတယ်။ မိသားစုအတွင်း၊ အသင်း အဖွဲ့များအကြားမှာ စည်းလုံးညီညွတ်မှု ပိုမိုရရှိ လာနိုင်သလို ပူးပေါင်းဆောင်ရွက် လိုစိတ်များ၊ ဖြစ်ပေါ်လာခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိ တိုးပွားလာစေမှာ မုချဧကန်ပါပဲ။
.
လမ်းလျှောက်ချင်စိတ် ဖြစ်ပေါ်အောင်လုပ်နည်း
.
ကလေးငယ်များ မှောက်ပြီးတွားသွားတတ် တဲ့အရွယ်မှစလို့ လမ်းလျှောက်တတ်စေဖို့ မိဘ၊ ညီအစ်ကိုမောင်နှမ များရဲ့ အကူအညီများစွာ လို အပ်ပါတယ်။ ထိုနည်းတူ သာမန်အားဖြင့် နေ့ စဉ်လမ်းမလျှောက်ဖြစ်သူများကို လမ်းလျှောက် ချင်စိတ် ဖြစ်ပေါ်လာအောင် ပတ်ဝန်းကျင်ရဲ့ စေ့ ဆော်မှုဟာ မဖြစ်မနေ လိုအပ်လှပါတယ်။မိသား စု အတွင်းမှာ ဖခင်ဖြစ်သူက နေ့စဉ်ပုံမှန်လမ်း လျှောက်နေပါက ဇနီးဖြစ်သူနှင့် အရွယ်ရောက် ပြီး သူ့သားသမီးများကိုပါ လမ်းလျှောက်ချင်စိတ် ဖြစ်ပေါ်အောင် တဖြည်းဖြည်းချင်း စည်းရုံးနိုင် ပါတယ်။ လမ်းလျှောက်ခြင်းဖြင့် ရရှိသော အ ကျိုးကျေးဇူးများ၊ မကျန်းမာသောအခါ စိတ်သွား တိုင်းကိုယ်မပါရုံ သာမက ငွေကုန်ကြေးကျများ ကာ မိမိဘဝရဲ့ အရေးကြီးတဲ့ အချိန်တွေကို အ လဟဿ ဖြစ်ရပုံ၊ ပျော်ရွှင်မှု ကင်းဝေးပြီးလော ကကြီးကို စိတ်ကုန်လာတတ်ပုံတွေကို မကြာခဏ ပြောဆိုပေးကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသား အားလုံးအတွက်တော့ သတင်းစာ၊ ဂျာနယ်တွေ မှာ သိသာထင်ရှားအောင် ရေးသားဖော်ပြခြင်း၊ ကြော်ငြာဆိုင်းပုဒ်များ၊ LED ဘုတ်တွေမှာ စိတ် ဝင်စားမှုရှိအောင် ချိတ်ဆွဲဖော်ပြခြင်း၊လူကြည့် များတဲ့ TV အစီအစဉ်ကောင်းတွေကနေ ပညာ ပေးဇာတ်လမ်း၊ ကာတွန်းကားများ ထုတ်လွှင့် ခြင်း၊ MRTV-4 ကနေ လက်ရှိထုတ်လွှင့်နေ တဲ့ Health Fix အစီအစဉ်တွေကို လူအများပို မိုကြည့်ရှုလာစေဖို့ ဆန်းသစ်တီထွင်မှုတွေနဲ့ မ ကြာခဏ အစားထိုး ထုတ်လွှင့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။
.
လူအများစုဟာ သာမန်အားဖြင့် စားဝတ် နေရေးအတွက် နေ့စဉ်လုံးပမ်းနေရတာကြောင့် အားကစား လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ် ဖို့ သီးသန့် အချိန်မပေးနိုင်ကြပါဘူး။ ပြည်သူ အားလုံး မဖြစ်မနေ လမ်းလျှောက်နိုင်ဖို့ နိုင်ငံ တော်အစိုးရက ပတ်ဝန်းကျင်ကောင်းတစ်ခု ဖော် ဆောင်ပေးနိုင်ပါတယ်။ ဥပမာ- ဂျပန်နိုင်ငံမှာ ရထားဘူတာရုံများ၊ ဘတ်စကားမှတ်တိုင်များ၊ ကျောင်းများ၊ ဘဏ်များကို လမ်းလျှောက်သွား ဖြစ်အောင် စီစဉ်ထားတယ်လို့ ကြားဖူးပါတယ်။ အဲဒီနည်းလမ်းမျိုးကို ပုံတူအသုံးပြုရလိုက်လို့ နိုင်ငံအတွက် အကျိုးရှိလာမယ် ဆိုရင်လည်း ဆောင်ရွက်သင့်တယ်လို့ ထင်မြင်မိပါတယ်။
.
လမ်းလျှောက်နိုင်မည့် နေရာများ ဖန်တီးပေးခြင်း
.
လူတွေ လမ်းလျှောက်ချင်စိတ် ဖြစ်ပေါ်လာရင် လမ်းလျှောက်လို့ရမယ့် နေရာများလည်း အဆင်သင့်ရှိဖို့ လိုအပ်ပါတယ်။ ကျေးလက်တော ရွာများမှာနေတဲ့ ပြည်သူတွေဟာ မြို့ပြမှာနေ တဲ့ လူတွေလို ထွေထွေထူးထူး လမ်းလျှောက် ရန် မလိုပါဘူး။ နေ့တစ်ဓူဝ ဆိုသလို လယ်ယာ လုပ်ငန်းခွင်ထဲကို ခြေကျင်သွားနေရလို့ မြို့ပြ နေ ပြည်သူများထက်ပိုပြီး ကျန်းမာကြတာတွေ့ ရပါတယ်။ လူနေ သိပ်သည်းပြီး ကားတြွေ>ွပတ် ကြပ်နေတဲ့ ရန်ကုန်မြို့ကြီးကို ကြည့်ပါ။ လမ်း လျှောက်ဖို့နေရာ များများစားစား မရှိတော့ပါ ဘူး။ လမ်းလျှောက်ချင်ရင် အင်းယားကန်ဘောင် ထိ တကူးတက ကားနဲ့ လာကြရပါတယ်။ အင်း ယားလို နေရာမျိုးတွေကို ရန်ကုန်မြို့မှာ များစွာ ဖန်တီးပေးထားဖို့ လိုအပ်မယ် ထင်ပါတယ်။ ဒါ့ အပြင် လမ်းဘေးပလက်ဖောင်း စင်္ကြံတွေကို လည်း လမ်းလျှောက်သွားကြသူများအတွက် လုံ လောက်စွာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးထား ဖို့ တာဝန်ရှိသူများမှ မူဝါဒများ ထုတ်ပြန်ပြီး အ မြဲတစေ ကြပ်မတ်ပေးဖို့လည်း လိုပါတယ်။ အထင်ကရ လမ်းမကျယ်ကြီးများ ဘေးက မြေနေရာလွတ်တွေမှာ ကိုယ်လက်ကြံ့ခိုင်ရေး သွေးပူ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ဖို့အတွက် အားကစား ပစ္စည်းများကို ပြည့်ပြည့်စုံစုံ တပ် ဆင် ပေးထားဖို့လည်း လိုအပ်ပါတယ်။ အ သက်ကြီးတဲ့ အဖိုး အဖွားတွေ၊ွပာ လို နေရာမျိုးသွားဖို့ အချိန် မပေးနိုင်သူ၊ ငွေကြေး မတတ်နိုင်သူများအတွက် လမ်းဘေးက အားကစားရုံလေးလို့ တင်စားချင် ပါတယ်။ အချိန်ကုန်လည်းသက်သာ၊ ထိရောက် မှုလည်း ရှိတာမို့ နေရာရှိရင် ရှိသလောက် စီစဉ် ပေးနိုင်ရင် အကောင်းဆုံးပါ။ အစိုးရရုံးများစိုက် ရာ နေပြည်တော်မှာတော့ ကျယ်ပြောလှတဲ့ ပ လက်ဖောင်းနှင့် လမ်းမကျယ်ကြီးတွေက နေရာ တိုင်းလိုလို ပေါများလှပါတယ်။ နေပြည်တော် နေ ပြည်သူ၊ ဝန်ထမ်းများအတွက် ကျန်းမာရေး ကို လိုက်စားဖို့ရာ ဘုရားပေးထားတဲ့ ဆုလို့ တောင် တင်စားပြောရင် လွန်မှာမဟုတ်ပါဘူး။ ယာဉ်နဲ့ လူတွေ နည်းပါးသလို လမ်းဘေးရေကန် များဆီက တိုးဝှေ့လာတဲ့ လေအေးအေးလေး တွေကို ရှူရှိုက်ရင်း လမ်းလျှောက်ရတဲ့ အရ သာဟာ လူကို လန်းဆန်းတက်ြ<ွကစေပြီး ရုံးတက်ဖို့အတွက် ခွန်အားလည်း ဖြစ်စေပါ တယ်။ နိုင်ငံ တစ်နံတစ်လျားမှာ ရှိတဲ့ မြို့ များမှာ ဒေသခံပြည်သူများရဲ့ ကျန်းမာရေး အတွက် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အ စိုးရများရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ပေးနိုင် မယ်ဆိုရင် နိုင်ငံသားများ အားလုံး ကျန်းမာ ကြံ့ခိုင်လာမှာအမှန်ပဲ ဖြစ်ပါတယ်။
.
လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ
.
နံနက်စောစောထ၍ လမ်းလျှောက်ခြင်းဟာ လမ်းမတွေပေါ်မှာ မော်တော်ယာဉ်များနဲ့ လူ သွား လူလာ နည်းပါးနေသေးတာကြောင့် လတ် ဆတ်တဲ့လေများကို ရှူရှိုက်ရပြီး အဆုတ် အား ကောင်းလာနိုင်ခြင်း၊ သွေးလည်ပတ်မှုကို အ ထောက်အကူပြုလို့ ခန္ဓာကိုယ် တစ်ခုလုံးလန်း ဆန်းနေတဲ့အပြင် ဦးနှောက်များ ကြည်လင်မှုရှိ လာခြင်းတို့ကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ တစ်နေ့လုံး ပျော်ရွှင်တက်ကြွတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ လမ်းလျှောက်ခြင်းဟာ အားကစားပစ္စည်း ဝယ်ယူစရာ မလိုတဲ့အတွက် ငွေကုန်ကြေးကျ မရှိပါဘူး။ နေ့စဉ် ပုံမှန်လမ်း လျှောက်လို့ ကျန်းမာနေတဲ့အတွက် ဆေးကုသ စရိတ်လည်း သက်သာပါတယ်။ အရေးကြီးတာ က စောစောအိပ်ရာထပြီး ပုံမှန်လမ်းလျှောက် ထွက်ဖြစ်ဖို့ပဲ လိုပါတယ်။
.
တစ်ဦးချင်း နေ့စဉ်လမ်းလျှောက်နေရာမှ ကာလတစ်ခုအကြာမှာ မိသားစုများပါ ပါဝင်လာ ကြခြင်းအားဖြင့် မိသားစုအတွင်း စည်းလုံးညီ ညွတ်မှု ပိုမိုရရှိလာနိုင်တဲ့အပြင် အခြားလုပ်ငန်း တွေပါ အလွယ်တကူ ညှိနှိုင်းလုပ်ဆောင်လာနိုင် မှာ ဖြစ်ပါတယ်။ မိသားစုများမှသည် ရပ်ကွက် အဆင့်၊ ရပ်ကွက်များမှသည် ကျေးရွာ၊ မြို့ပြ များ၊ မြို့ပြများမှ နိုင်ငံတော်အဆင့်အထိ စု ပေါင်းလမ်းလျှောက်ခြင်းများကို ဆောင်ရွက်လာ ခြင်းအားဖြင့် တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့် တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။ နိုင်ငံသားများအားလုံး ကျန်းမာကြံ့ခိုင်လာပါက လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်လာမှာ ဖြစ်သလို၊ ကုန်ထုတ် စွမ်းအားစုများလည်း ကျွဲကူးရေပါ ဆိုသလို မြင့်တက်လာမှာ ဖြစ် ပါတယ်။ တိုင်းပြည်၏ တစ်ဦးချင်းဝင်ငွေ၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP)များ တိုးတက် လာပါက တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးလာမည်။ တိုင်းပြည်ရဲ့ စီးပွားရေး ကောင်းလာခြင်းဟာ တစ်နည်းအားဖြင့် နိုင် ငံသားများ ချမ်းသြာ<ွကယ်ဝလာခြင်းပင် မ ဟုတ်ပါလား။
.
မိုင်းပေါင်းများစွာသော ခရီးကို ပထမဆုံး ခြေလှမ်းက အစပြုရတယ်လို့ ဆိုရိုးစကားရှိပါ တယ်။ မိတ်ဆွေအနေနဲ့ နေ့စဉ်ပုံမှန် လမ်းမ လျှောက်ဖြစ်သေးဘူးဆိုရင် ဒီကနေ့ပဲစပြီးလမ်း လျှောက်ဖို့ တိုက်တွန်းလိုက်ပါရစေ။
.

No comments:

Post a Comment