သီပေါမြို့၊ နမ့်မအုပ်စုအတွင်း၌ ကျောက်မီးသွေး ဆက်လက်တူးဖော်ရေး တစ်နှစ်အချိန် ထပ်တိုးပေးရန် ကုမ္ပဏီမှ လူထုနှင့် ညှိနှိုင်းတောင်းဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, December 28, 2018

သီပေါမြို့၊ နမ့်မအုပ်စုအတွင်း၌ ကျောက်မီးသွေး ဆက်လက်တူးဖော်ရေး တစ်နှစ်အချိန် ထပ်တိုးပေးရန် ကုမ္ပဏီမှ လူထုနှင့် ညှိနှိုင်းတောင်းဆို



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုရှိကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းအား  ၁ နှစ် ထပ်မံတိုးမြှင့် တူးဖော်ခွင့်ရရန်အတွက် ငွေရည်ပုလဲ ကုမ္ပဏီမှ ဒီ ဇင်ဘာ ၁၃ ရက်တွင် ဒေသတွင်းရှိ သံဃာတော် များနှင့် ပြည်သူများအား တွေ့ဆုံညှိနှိုင်းခဲ့ပြီး ၂ဝ၁၉ ခုနှစ်၊ ဒီ ဇင်ဘာလ အထိသာ တူးဖော်ရန် ဒေသခံများက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
.
.
'' ကုမ္ပဏီက နမ့်မအုပ်စုမှာ ၂ဝဝ၄ ခုနှစ်ကတည်းကစပြီး ၂ဝ၁၈ ခုနှစ်အထိ တူးဖော်ခွင့်ရထားတယ်။အခုက ကျောက်မီးသွေးတွေ မကုန်သေးလို့ တစ်နှစ်ထပ်တူး ခွင့်ပြုဖို့ဆိုပြီး လာရောက်ညှိနှိုင်းတောင်းဆိုတာပါ''ဟု သီပေါမြို့နေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

.
၂ဝ၁၉ ခုနှစ်အတွင်း အဆိုပါ ကုမ္ပဏီမှ ကျောက်မီးသွေး ဆက် လက် တူးဖော်မည်ဆိုပါက နမ့်မဒေသခံများအတွက် မီးစက် ၁ လုံးနှင့် ရန်ပုံငွေ ကျပ်သိန်း ၁ဝဝ ပေးဆောင်ရန် တောင်းဆိုထားကြောင်းနှင့် နမ့်မအုပ်စုအတွင်းရှိ ရွာကြီး ၇ ရွာမှလည်း လမ်း၊ ကျေးလက်ခန်းမ အစရှိသည် တို့ကို ကုမ္ပဏီမှ လုပ်ဆောင်ပေးရန် အသီးသီး တောင်းဆိုထား ကြောင်း သိရသည်။
.
ငွေရည်ပုလဲ ကုမ္ပဏီသည် ဝမ့်လုံ-နမ့်မကျေးရွာ အတွင်းသို့ ၂ဝဝဝ ပြည့်နှစ် ကတည်းက စတင်ဝင်ရောက်လာပြီး ခန့်မှန်းဧရိယာ ၃ဝ ဧကရှိ သည့် ပိန်းဆိုင်းရွာတွင် ၂ဝဝ၄ ခုနှစ် မှစ၍ ကျောက်မီးသွေး တူးဖော်ခဲ့ပြီး ဧရိယာ ၅ဝ ဧကခန့်ရှိ နားကွန်ရွာ တွင် ၂ဝ၁၄ က စတင်တူးဖော်ခဲ့ခြင်း တို့ကြောင့် ဒေသခံများ၏ လယ်ယာ ခြံမြေများ၊ တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်၊ ချောင်းရေများ ပျက်စီးဆုံးရှုံးနေရကြောင်း ဒေသခံ များထံမှ သိရသည်။
.

No comments:

Post a Comment