တောင်ကြီးမြို့အဝင် မြေပုံအနီးတွင် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်းရခြင်းမှာ ပြည်သူများ သိရှိနားလည်စေရန် မေးမြန်းခြင်း ဖြစ်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, December 23, 2018

တောင်ကြီးမြို့အဝင် မြေပုံအနီးတွင် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်းရခြင်းမှာ ပြည်သူများ သိရှိနားလည်စေရန် မေးမြန်းခြင်း ဖြစ်ဟု ဆို



စိုင်းရာဇာ
.
တောင်ကြီးမြို့အဝင် မြေပုံအနီး တွင် ငွေကြေးကောက်ခံမှုနှင့် ပတ် သက်၍ ပြည်သူများ သိရှိနားလည်နိုင် စေရန်အတွက် လွှတ်တော်တွင် ကြယ် ပွင့်ပြ မေးခွန်းအဖြစ် တင်သွင်းမေး မြန်းခဲ့ခြင်း ဖြစ်ကြောင်း ကလောမြို့ နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦး သန်းထိုက်က ပြောသည်။
.
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့တွင်တောင်ကြီးမြို့ အဝင် မြေပုံဂိတ်အနီးနှင့် အ နောက်မြို့ပတ်လမ်းဆုံတွင် ငွေကြေး ကောက်ခံနေခြင်းကို မည်သည့်ဌာနမှ ဆောင်ရွက်သည်ကို သိရှိလိုပါကြောင်း ၎င်းမှ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ မေးခွန်းနှင့် ပတ်သက် ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးလှဦးက ''မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး တာဝန် ဆောင်ရွက်ရန် စီစီတီဗီ လုံ ခြုံရေးကင်မရာများ စောင့်ကြည့် ရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်း ကမ်း ချိုးဖောက်သည့် ယာဉ်များကို အရေးယူရန်အတွက်သာ မြန်မာနိုင် ငံရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၂ ဦးကို နေ့စဉ် အလှည့်ကျ တာ ဝန်ပေး ဆောင်ရွက်ထားခြင်း ဖြစ် ကြောင်း၊ ငွေကြေးကောက်ခံရန် မည် သည့် ဌာနကိုမှ တာဝန်ပေးထားခြင်း မရှိကြောင်း၊ တောင်ကြီးမြို့အဝင်အ ထွက် ဂိတ်များတွင် ငွေကြေးတောင်းခံ ကောက်ခံမှု တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း''ပြန် လည်ဖြေကြားခဲ့သည်။
.
''ဖြေလိုက်တဲ့အထဲမှာ ကောက် ခံနေရင် အရေးယူမယ်ပြောတယ်။ အ ရင်ကတည်းက ဒီလိုပဲ ဖြေမယ်ဆိုတာ မျှော်လင့်ထားပါတယ်။ အဓိက က တော့ အခုလို မေးလိုက်တဲ့အတွက် ပြည်သူတွေ သိသွားတယ်။ ပြီးတော့ ဝန်ကြီး ဖြေကြားလိုက်တဲ့ဟာတွေက မှတ်တမ်းနဲ့ သမ္မတရုံးကို သွားတယ်။ ပြီးမှ ပြန်တမ်းနဲ့ ပြန်ထွက်တယ်။ ဒါ တွေက ကတိကဝတ်တွေ ဖြစ်တယ်။ ဒါ့အပြင် ပြည်သူတွေ ပူးပေါင်းပါဝင် လာဖို့လည်း လိုပါတယ်။ ကားသမား တွေ၊ လုပ်ငန်းရှင်တွေက ပူးပေါင်းမှ ရမယ်ဆိုတဲ့ သဘောဆောင်ပါတယ်။ စည်းကမ်းချိုးဖောက်လို့ ပေးရတာက တော့ ဒဏ်ကြေးအနေနဲ့ ပေးရတာ ရှိတယ်။ စည်းကမ်းလိုက်နာရင်တော့ ဘယ်သူ့ကိုမှ ပိုက်ဆံပေးစရာ မလို ပါဘူး။ စည်းကမ်းလည်း ချိုးဖောက် သေးတယ်။ ဒဏ်ကြေးဆောင်တော့ လည်း ပြောတယ်။ ကြားထဲမှာ နာ တာက နိုင်ငံတော်ပဲ။ အခွန်အခလည်း နာပါတယ်''ဟု ကလောမြို့နယ် မဲ ဆန္ဒနယ်အမှတ် (၂)မှ ဦးသန်းထိုက် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့တွင် အဆိုပါ မြေ ပုံဂိတ်အပြင် တောင်ကြီးမြို့၊ တောင်ဘက်အထွက်၊ ရှမ်းတောင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များရုံး အနီးတွင်လည်း ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်များမှ ဖြတ်သန်းသွားလာနေ သော မော်တော်ယာဉ်များအား ငွေ ကြေးကောက်ခံမှုများ ရှိနေပြီး ပြည်သူ လူထုများမှ ဝေဖန်ပြောဆိုလျက်ရှိ ကြောင်း သိရသည်။
.
'' သူတို့က အရပ်သား တစ်ယောက်ကို ထားပြီးတော့မှ ကားတွေ ကိုတားတယ်။ နောက်ဆုံးတော့ ပိုက်ဆံ ကောက်တာပါပဲ။ ဂွင်ရှာတာပေါ့။ တချို့မှန်လုံတွေဆိုရင် လစဉ်ကြေး အနေနဲ့ ကောက်တယ်။ အဓိကက တော့ ကုန်ကားကြီးတွေကို ကောက် တယ်။ နောက်ပြီးတချို့ လိုင်စင်မရှိတဲ့ ကားလေးတွေ ကောက်တယ်။ ဖမ်းတာ မဟုတ်ဘူး။ ဖန်တာပေါ့။ ဖမ်းမယ်ဆိုရင်လည်း ဖမ်းပစ်လိုက်။ ဥပဒေအရ အရေးယူမယ်လို့ လုပ်လိုက် ပါ''ဟု ဟိုပုံးမြို့နေသူ ကိုစည်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တောင်ကြီး-ဟိုပုံးသွား ၄ မိုင်အနီးတွင် ယာဉ်ထိန်းရဲများအပြင် အရပ်ဝတ်များမှလည်း ယာဉ် ထိန်းရဲများကိုယ်စား ငွေကြေးကောက် ခံမှုများ ရှိနေကြောင်း သိရသည်။