တာချီလိတ်ရှိ သိမ်းဆည်းခံရသည့် မြေယာနှင့် ပတ်သက်၍ စိစစ်တင်ပြရန် ရှမ်းပြည်နယ်အစိုးရမှ စစစ အား ညွှန်ကြားထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, December 28, 2018

တာချီလိတ်ရှိ သိမ်းဆည်းခံရသည့် မြေယာနှင့် ပတ်သက်၍ စိစစ်တင်ပြရန် ရှမ်းပြည်နယ်အစိုးရမှ စစစ အား ညွှန်ကြားထား



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်မြို့နယ်၊ လွယ်စီတုံကျေးရွာအနီး ဆန်ဆိုင်း (ခ)ရပ်ကွက်၊ နယ်မြေကွင်း ပြင်ဒေသ (LU 881778)၏ ဧရိယာ ၉၃ ဒသမ ၁၃ ဧကအား မတရား သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ပြန် လည်စိစစ်ပေးရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ၂ဝ၁၈ ခုနှစ်၊ သြ ဂုတ်လ ၂ဝ ရက်တွင် ဦးဇော်ဇော် ထွန်းဆိုသူမှ တင်ပြခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၁၇ ရက်တွင် ရှမ်းပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသို့ ရှင်း လင်းတင်ပြရန် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့၊ ဝိန်းကျောက် (ခ) ရပ်ကွက်၊အမှတ် (၁၆၃)နေ ဦးဇော်ဇော်ထွန်းနှင့် ဇနီး ဒေါ်မီဂေး တို့မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လိပ်မူ၍ ရေးသားပေးပို့ခဲ့သောစာတွင် ယခင် လွယ်စီတုံကျေးရွာအနီး လက်ရှိဆန်ဆိုင်း (ခ) ရပ်ကွက်၊ နယ်မြေကွင်းပြင် ဒေသ ဧရိယာ ၉၃ ဒသမ ၁၃ ဧကနှင့် ပတ်သက်၍ မတရား သိမ်းဆည်းခြင်း ခံရပြီးနောက် တရားဥပဒေ နည်းလမ်းတကျ ဖြေရှင်းနေဆဲအချိန်တွင် တာချီလိတ်မြို့နယ်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးထွန်းလှိုင်နှင့်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ယင်းမြေနေရာသို့ ရောက်ရှိလာခဲ့ပြီး တိုင်ကြားထားသူ ဦးဇော်ဇော်ထွန်း၏ ခြံစောင့်ဖြစ်သူ ဦးစိုးမောင်နှင့် ဦးကျော်လွင်တို့ ၂ ဦအား ဆဲရေးတိုင်းထွာကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး၌ ခေါ်ယူစစ်ဆေးခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။
.
ထို့အပြင် ဦးဇော်ဇော်ထွန်းနှင့် မိဘအုပ်ထိန်းသူများ နေအိမ်တွင် မရှိခိုက် ၂ဝ၁၆ ခုနှစ်၊ မတ်လ ၂ဝ ရက်တွင် အထူးစုံစမ်း စစ်ဆေးရေးဦး စီးဌာနမှ ဦးထွန်းလှိုင်နှင့် အဖွဲ့သည် နေအိမ်အတွင်းရှိ ၁၂ နှစ်အရွယ် သမီးဖြစ်သူနှင့် ဒုတိယနှစ်ကျောင်းသူဖြစ်သည့် ဦးဇော်ဇော်ထွန်း၏ သမီး ၂ ယောက်အား အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံးသို့ ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခြင်းနှင့် ၄င်းနေထိုင်စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး မြေယာပိုင်ဆိုင်မှု တရားဝင် လျှောက်ထားဆဲ မြေယာကို အခြားသူ တစ်ဦးသို့ ရောင်းစားခြင်းများ ရှိခဲ့သည်ဟု ဖော်ပြပါရှိသည်။
.
အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနရုံးမှ ဦးထွန်းလှိုင်ဆိုသူက ဦး ဇော်ဇော်ထွန်းအား တာချီလိတ်မြို့မရဲ စခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် တိုင်ကြားထားပြီး ဝိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့ရှိ ကြော်ငြာသင်ပုန်းတွင် ဝရမ်း ပြေးအဖြစ် ကြေညာစာကပ်ခံရခြင်း များအတွက် အမြန်ဆုံးဖော်ထုတ်အ ရေးယူပေးနိုင်ပါရန် တင်ပြတိုင်ကြား ထားကြောင်း ဦးဇော်ဇော်ထွန်း၏ တိုင်ကြားစာအရ သိရသည်။
.
ယင်းတိုင်ကြားစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ သုတေသန၊ ပြန်ကြားရေးနှင့် တိုင်ကြားစာများ ဌာနကြီးမှ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာ လ ၇ ရက်ပါစာဖြင့် စိစစ်ဆောင်ရွက် မှုအား ပြန်လည်ပေးပို့ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ အကြောင်းကြားစာ ပေးပို့ခဲ့သဖြင့် ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား အတွင်းရေးမှူး ဦးစိုးစိုးဇော်မှ ဒီဇင်ဘာလ ၁၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ရှမ်းပြည်နယ်အ ထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့ စိစစ်တင်ပြရန် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
''သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ မြေပြင်စစ်ဆေးချက် နဲ့ လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာကို အောက်ခြေအဆင့် ဌာနဆိုင်ရာတွေက လုပ်ပိုင်ခွင့် အ လွဲသုံးစား လုပ်ပြီး မတရား လုပ်ဆောင်မှုတွေ ရှိနေတာ ကြောင့် အခုလို တိုင်တန်းရခြင်းဖြစ်ပါတယ်။အမှန်တရားအတွက် ဆောင်ရွက် သင့် တဲ့နည်းလမ်းတွေကို နည်းမှန် လမ်းမှနနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးဇော်ဇော် ထွန်းမှ ပြောကြားခဲ့သည်။
.
အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ''စစ်ဆေးတင်ပြမှုနဲ့ လုပ်ဆောင်ချက်ကို အရင်ဆုံး စောင့်ကြည့်သင့်ပါတယ်'' ဟု ¤င်း၏ သဘောထား အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဦးဇော်ဇော်ထွန်းနှင့် ဇနီး ဒေါ်မီဂေး တို့ လက်မှတ်ရေးထိုး တိုင်ကြားထားသည့် မြေ ၉၃ ဒသမ ၁၃ ဧကတွင် မြို့ကွက်သစ် ဖော်ထုတ်ရေးအပိုင်း (ဈ)ဖြင့် ဦးမြထွန်းပါ ၄၆ ဦးတို့မှ ဝယ် ယူပိုင်ဆိုင်ထားသည်ဟု ဆိုသော မြေ ကွက်ပေါင်း ၅၃၂ ကွက်နှင့်တပ်မ တော်သား ၁၆၉ ဦးအတွက် မြေ ကွက်များ ချထားပေးမှု ရှိနေကြောင်း မြေနေရာ ဝယ်ယူထားသူ များထံမှ သိရသည်။
.

No comments:

Post a Comment