ကျိုင်းတုံနှင့် တာချီလိတ်တွင် ကိုယ်လက်အင်္ဂါ ကောင်းမွန်သည့် လူငယ်များ တောင်းရမ်းစားသောက်နေမှုကို ပြုပြင်ရန် လိုအပ်နေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 24, 2018

ကျိုင်းတုံနှင့် တာချီလိတ်တွင် ကိုယ်လက်အင်္ဂါ ကောင်းမွန်သည့် လူငယ်များ တောင်းရမ်းစားသောက်နေမှုကို ပြုပြင်ရန် လိုအပ်နေဟု ဆို



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ရှိ လူစည်ကားရာ နေရာများတွင် တောင်းရမ်း စားသောက်သူများအနက် ကိုယ်လက်အင်္ဂါ ပြည့်စုံကောင်းမွန်သည့် လူငယ်များပါရှိနေခြင်းသည် မြို့ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး အ လွယ်တကူ ငွေရလမ်းအဖြစ် အကျင့် ပါသွားနိုင်သဖြင့် ပြုပြင်ပေးရန် လို အပ်နေသည်ဟု ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
.
တောင်းရမ်း စားသောက်နေသည့် လူငယ်များတွင် ဆယ်ကျော်သက်ဝန်းကျင်သာ ရှိသေးသည့် ယောက်ျားလေးနှင့် မိန်းကလေးများ ပါဝင်နေပြီး လူလတ်ပိုင်းများလည်း ကိုယ်လက်အင်္ဂါ ပြည့်စုံကောင်းမွန်လျက် တောင်းရမ်း စားသောက်မှုများ ကို တွေ့မြင်နေရကြောင်း သိရသည်။
.
''ကလေးတွေက ပညာသင်၊ ကျောင်းနေရမယ့် အရွယ်တွေပါသလို ခြေကောင်း၊ လက်ကောင်းနဲ့ သမ္မာအာဇီဝ အလုပ်လုပ်ကိုင် စားသောက်နိုင်တဲ့ အရွယ်တွေကလည်း အလွယ်တကူ တောင်းရမ်းစား သောက်နေတာ မဖြစ်သင့်ပါဘူး။ နိုင်ငံ တော်အစိုးရနဲ့ လူမှုရေးအသင်းအဖွဲ့ တွေက နည်းလမ်းရှာပြီး ပြုပြင်စေ ချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဒါကို အလွယ်တကူ ငွေရလမ်းအဖြစ် အကျင့်ပါသွား နိုင်ပါတယ်''ဟု တာချီလိတ်မြို့နေ ဦးလှမြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့ရှိ တောင်းရမ်းစား သောက်နေသူများသည် ¤င်းတို့ နေထိုင်သည့်ရွာမှ ကျိုင်းတုံသို့ ၇ မိုင်ခန့် ကွာဝေးပြီး အသွားအပြန် ခရီးအတွက် ဆမ်လော့ (သုံးဘီး) စုပေါင်း ငှားရမ်းလာကြခြင်းဖြစ်ကာ ကျိုင်းတုံ မြို့မဈေးကြီးနှင့် မြို့ပေါ်ရှိ နေရာအနှံ့အပြားသို့  လမ်းလျှောက် တောင်းရမ်းကြပြီးနောက် အပြန်ခရီးအတွက် စုရပ်နှင့် အချိန်သတ်မှတ် ထားလေ့ရှိကြောင်း သိရသည်။
.
ကျိုင်းတုံမြို့တွင် တောင်းရမ်းစား သောက်နေသူများနှင့် ပတ်သက်၍ မြို့ခံလူငယ်တစ်ဦးက ''ညကြီးမိုးချုပ်ချိန်မှာ နောင်တုံကန်ဝန်းကျင်နဲ့ တောင်ကြီးလမ်းမှာ တောင်းစားသူ တွေ သိပ်မပြတ်ပါဘူး။ ကျွန်တော် က အရွယ်ကောင်းတဲ့ ကလေးတစ် ယောက်ကို ဆိုင်နားမှာရှိတဲ့ အမှိုက် ကောက်ပေးပါ။ လုပ်အားခကျသင့်ငွေ ပေးမယ်ဆိုတော့ မလုပ်ဘူးဆိုပြီး ထွက်သွားတယ်''ဟု ၄င်း၏ အတွေ့ အကြုံကို ပြောသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်း မြို့ကြီးများ ရှိ လူစည်ကားလေ့ရှိသော နေရာများ တွင် အသက်ငယ်ရွယ်ပြီး ကိုယ်လက် အင်္ဂါ ပြည့်စုံ ကောင်းမွန်စွာဖြင့် တောင်းရမ်းနေသူများအား အသက် အရွယ်အလိုက် ကျောင်းပညာ သင် ကြားခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်များပေး၍ အ လုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေ ပေးခြင်းကို  လုပ်ဆောင်ပေးရန် လို အပ်လျက်ရှိကြောင်း ကျိုင်းတုံဒေသ ခံများမှ ပြောဆိုလျက်ရှိသည်။

No comments:

Post a Comment