ဟိုပုံးကိုရင်လေး စစ်တပ်ဆိုသည်မှာ အမှန်တကယ် မရှိဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 31, 2018

ဟိုပုံးကိုရင်လေး စစ်တပ်ဆိုသည်မှာ အမှန်တကယ် မရှိဟု ဆို



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နယ်၊ ထမ်စမ်းဂူ အနီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသော လက် နက်ကိုင် တပ်ဖွဲ့များမှာ လူမှုကွန်ရက် တွင် ပြောကြားနေသကဲ့သို့ ဟိုပုံးကိုရင်လေး စစ်တပ်ဆိုသည်မှာ မှန်ကန် ခြင်းမရှိဘဲ လုံခုတ်ပေါင်လင်း ပြည်သူ့ စစ်ဌာနေ အဖွဲ့သာ ဖြစ်ကြောင်း လုံခုတ် ပြည်သူ့စစ် ခေါင်းဆောင် ဦးကောင်းထွဋ်ခေါင်က မီဒီယာများသို့ ပြောကြားခဲ့သည်။
.
.
''ဟိုပုံးကိုရင်လေး စစ်သားတွေ ဆိုပြီး လေလှိုင်းပေါ်မှာ အတင်းအ ဖျင်း ပြောနေကြတာ တော်တော်လေး ဆိုးလာ ပါတယ်။ ဟိုပုံးကိုရင်လေး စစ်သားဆိုတာ မရှိပါဘူး။ ပြည်သူ့စစ် ဆိုတာကလည်း ကိုရင်လေးအတွက် ဖွဲ့ထားတာ မဟုတ်ဘူး။ နယ်မြေလုံ ခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဘာသာသာသနာကို ကာကွယ်ရေး စတဲ့ လမ်းစဉ် တွေနဲ့အညီ ဖွဲ့စည်း ထားတာပါ။ အဲဒီလမ်းစဉ် အတိုင်းလည်း ကျွန်တော်တို့အဖွဲ့က ဆောင် ရွက်နေတာပါ။ လုံခုတ်၊ ပေါင်လင်း ပြည်သူ့စစ် ဌာနေအဖွဲ့ဆိုပြီး နိုင်ငံ တော်က တရားဝင်ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းပါ''ဟု လုံခုတ်ပေါင်လင်း ပြည်သူ့စစ်ဌာနေ အဖွဲ့ခေါင်းဆောင် ဦးကောင်းထွဋ်ခေါင်က မီဒီယာများသို့ ပြောကြားခဲ့သည်။
.
နယ်မြေအေးချမ်းသာယာရေးအ တွက် အဖျက်အမှောက် အန္တရာယ် ကာကွယ်နိုင်ရန် လုံခြုံမှု လိုအပ်ချက် အရ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် (နယ်မြေ)၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ပေါင် လင်းပြည်သူ့စစ်ဌာနေ အဖွဲ့ကိုနယ် မြေခံ တပ်မတော် တပ်ရင်း၏ ကွပ် ကဲမှုအောက်၌ ၂ဝ၁၂ ခုနှစ် အောက် တိုဘာလအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ် ပြီး နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဘာသာသာသနာကို ကာကွယ်ရေး စသည့် လမ်းစဉ်များနှင့် အညီ ဖွဲ့စည်းထားခြင်းသာဖြစ်ကာ ဟိုပုံးကိုရင်လေးအတွက် ဖွဲ့စည်းထား ခြင်း မဟုတ်ကြောင်း ¤င်းက ဆက် လက်ပြောကြားခဲ့သည်။
.
တောင်ကြီးမြို့၊ အရှေ့မြို့ပတ် လမ်းရှိ တော်ဝင်ပုလဲနှင်းဆီ စား သောက်ဆိုင်တွင် ဒီဇင်ဘာလ ၂၈ ရက်က လုံခုတ်၊ ပေါင်လင်း ဌာနေ ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူများမှ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်ပြီး ဟိုပုံးကိုရင်လေး ရှင်ပေါရိဿ၏ ဗုဒ္ဓသာသနာထွန်းကားရေး သာသ နာပြု ကြိုးပမ်းအားထုတ်မှု ဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို မီဒီယာများ သို့ ပြသခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက် က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင် လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ တောင် နောက်ကျေးရွာအုပ်စု၊ နမ့်ဟူးရွာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဝင်များနှင့် ဒေ သခံ ပအိုဝ်းတိုင်းရင်းသားများအကြား ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်၍ RCSS/SSA မှ အဆိုပါ ပအိုဝ်းတိုင်း ရင်းသားများမှာ ကျေးရွာသားများ မ ဟုတ်ဘဲ ဟိုပုံးကိုရင်လေးအဖွဲ့မှ ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး လုံ ခုတ်ပေါင်လင်းပြည်သူ့စစ်မှ တာဝန်ရှိ သူ ဦးကောင်းထွဋ်ခေါင်ကမူ ယင်းတို့ မှာ ကိုရင်လေး ပြည်သူ့စစ်တပ်ဖွဲ့ဝင် များ မဟုတ်ဘဲ ဒေသခံရွာသားများ သာဖြစ်ကြောင်း ကမ္ဘောဇတိုင်းသို့ ပြောကြားထားခဲ့သည်။
.