၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားသား ၇ သိန်းကျော် ဝင်ရောက်လည်ပတ်ခဲ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, December 27, 2018

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံခြားသား ၇ သိန်းကျော် ဝင်ရောက်လည်ပတ်ခဲ့


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အ တွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်နှင့် ပြည်တွင်းပိုင်း ခရီးစဉ် (ဗီဇာကင်းလွတ်ခွင့်ရ)နိုင်ငံ သားများအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ် လျက်ရှိရာ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာ ၂ဝ ရက်နေ့အထိ စုစုပေါင်းနိုင်ငံ ခြားသား ၇၄၃၂၈၈ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်နယ်စပ်ဝင်ပေါက် တွင် ဒီဇင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၂ဝ ရက်နေ့အထိ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များဝင်ရောက်လျက်ရှိရာ တာချီလိတ်နေ့ချင်းပြန်နှင့် ညအိပ် ခရီးစဉ်တွင် ထိုင်းနိုင်ငံသား ၂၁၇၈၄ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၃၁၄ ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ်သို့ ထိုင်းနိုင်ငံသားအများစု ပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၇၄ ဦး၊ပြည်တွင်း ခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ် ခွင့်ရ) နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၁၁၈၂ ဦး တို့သည် နေ့ချင်းပြန်ခရီးစဉ်တွင် တာချီလိတ် မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရား ကြီးကျောင်းတိုက်၊ ဝမ်ကောင်း ရပ် ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီ တော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင် ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ ကွမ်ရင် မယ်တော်နှင့် တရုတ်ဘုံ ကျောင်းတို့ကို သွားရောက်လည်ပတ် ကြပြီး၊ ညအိပ်ခရီးစဉ်တွင် မိုင်း ဖြတ်မြို့ရှိမြတ်စွာဘုရား ခြေတော် ရာ စေတီ၊ ဈေးတန်းကြီး ဘုန်းကြီး ကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စွန်တောင်းစေတီ၊ ကျိုင်း တုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်း တုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ကျိုင်းရင်း ဘုန်းကြီးကျောင်း၊ စွန်တောင်းစေ တီ၊ ဝပ်အင်းကျောင်း၊ ရမ်းကုန်းဘုန်း ကြီးကျောင်း၊ ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင် ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်စ သည့် အထင်ကရနေရာများသို့ လည် ပတ်ကြပြီး ပြည်တွင်းပိုင်းခရီးစဉ်အား တာချီလိတ်မြို့မှလေယာဉ် ခရီးစဉ် တိုက်ရိုက်ပျံသန်းသည့် မြို့များဖြစ် သောဟဲဟိုး-ရန်ကုန်-မန္တလေး-မြစ်ကြီးနား-လားရှိုးမြို့များမှတစ် ဆင့် ပြည်တွင်းပိုင်းသို့ သွားရောက် လည်ပတ်ကာ ၄င်းတို့သည် မြန်မာ နိုင်ငံ၏ တောတောင်ရေမြေ သဘာဝ ရှုမျှော်ခင်းများကို ပကတိလေ့လာနိုင် စေရန်၊ နယ်မြေဒေသအသီးသီးရှိ အ ထင်ကရ ခရီးစဉ်နေရာများ၊ဒေသ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသော ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်မျာနှင့် လူနေမှုဘဝပုံစံများကို ကိုယ်တိုင် လေ့လာ သိရှိခံစားနိုင်စေရန်အတွက် ဝင်ထွက်လည်ပတ်ကြကြောင်း သိရ သည်။
.
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် နေ့မှ ဒီဇင်ဘာ ၂ဝ ရက်နေ့အထိ ထိုင်း နိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၇၂ဝ၆၈၉ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံ ခရီးစဉ်အဖြစ် ခရီးသည် ၈၄၅၅ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်း ပိုင်းခရီးစဉ်သို့ ၁၄၁၄၄ ဦး၊ စုစုပေါင်း ၇၄၃၂၈၈ ဦး ဝင်ရောက်လည်ပတ် ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန် ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
.

No comments:

Post a Comment